၄ ရာ 23:27 - မြန်မာ့စံမီသမ္မာကျမ်း27 ထို့ကြောင့် ထာဝရဘုရားက “အစ္စရေးလူမျိုးကို ငါဖယ်ရှားပစ်သကဲ့သို့ ယုဒလူမျိုးကိုလည်း ငါ့ရှေ့မှဖယ်ရှားပစ်မည်။ ငါရွေးချယ်ခဲ့သောဂျေရုဆလင်မြို့နှင့် ‘ထိုနေရာ၌ငါ့နာမကိုတည်စေမည်’ဟု ငါဆိုခဲ့သောအိမ်တော်ကို ငါစွန့်ပစ်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible27 ထာဝရဘုရားက``ငါသည်ဣသရေလပြည်ကို ပြုသကဲ့သို့ ယုဒပြည်ကိုလည်းပြုမည်။ ယုဒ ပြည်သူတို့ကို ငါ၏မျက်မှောက်တော်မှနှင်ထုတ် မည်။ ငါရွေးချယ်ထားသည့်ယေရုရှလင်မြို့နှင့် ငါ့အားဝတ်ပြုကိုးကွယ်ရမည့်ဌာနအဖြစ် ငါသတ်မှတ်ပေးသောဗိမာန်တော်ကိုပင်ငါ စွန့်ခွာမည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible27 ငါ သည် ဣ သ ရေ လ အ မျိုး ကို မျက် မှောက် မှ ပယ် ရှား သည့် နည်း တူ ယု ဒ အ မျိုး ကို လည်း ပယ် ရှား ၍ ငါ ရွေး ချယ် သော ယေ ရု ရှ လင် မြို့ နှင့် ဤ ဗိ မာန် တွင် ငါ့ နာ မ တည် စေ မည် ဟူ သော ဗိ မာန် တော် ကို ပင် ငါ စွန့် ခွာ မည် ဟု မိန့် တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible27 ဣသရေလအမျိုးကို ငါ့မျက်မှောက်မှ ပယ်ရှားသကဲ့သို့ ယုဒအမျိုးကိုလည်း ငါပယ်ရှားမည်။ ငါရွေးချယ်သော ယေရုရှလင်မြို့ကိုလည်းကောင်း၊ အကြင်ဗိမာန်၌ ငါ့နာမကိုငါတည်စေမည်ဟု ငါဆိုသော ဗိမာန်ကိုလည်းကောင်း၊ ငါစွန့်ပစ်မည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
မိမိကိုယ်တိုင်ထွင်းထုထားသော အာရှရနတ်ဘုရားမရုပ်တုကိုလည်း အိမ်တော်တွင် ထားရှိ၏။ ထာဝရဘုရားက ဤအိမ်တော်နှင့်ပတ်သက်၍ ဒါဝိဒ်မင်းကြီးနှင့် သူ၏သားတော်ရှောလမုန်မင်းကြီးတို့အား “အစ္စရေးအမျိုးအနွယ်တို့ပိုင်သောမြို့ထဲမှ ငါရွေးချယ်သောဂျေရုဆလင်မြို့၊ ဤအိမ်တော်တွင် ငါ့နာမကို အစဉ်တည်စေမည်။