၃ ရာ 11:36 - မြန်မာ့စံမီသမ္မာကျမ်း36 ငါ့နာမတည်ရန် ငါ့အဖို့ ငါရွေးချယ်ရာနေရာ ဂျေရုဆလင်မြို့တွင် ငါ့အစေအပါး ဒါဝိဒ်မင်းကြီး၏မီးခွက်သည် ငါ့ရှေ့မှောက်တွင် အစဉ်အမြဲလင်းနေစေရန် ရှောလမုန်မင်းကြီး၏သားတော်ကို မျိုးနွယ်တစ်နွယ် ငါပေးမည်။ အခန်းကိုကြည့်ပါ။Common Language Bible36 ရှောလမုန်၏သားကိုမူကားဣသရေလတစ် နွယ်ကိုငါပေးမည်။ ဤသို့ပေးရခြင်းအကြောင်း မှာငါ့အားဝတ်ပြုကိုးကွယ်ရာဌာနအဖြစ်ဖြင့် ငါရွေးချယ်ထားသည့်မြို့တော်တည်းဟူသော ယေရုရှလင်မြို့၌ ငါ၏အစေခံဒါဝိဒ်၏ သားမြေးများအဆက်မပြတ်နန်းစံလျက် ရှိနေစေရန်ဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible36 နာ မ တော် တည် ရန် ငါ ရွေး ချယ် သော ယေ ရု ရှ လင် မြို့ တွင် ကျွန် တော် ရင်း ဒါ ဝိဒ် သည် ငါ့ မျက် မှောက်၌ ကာ လ အ စဉ် အလင်း ရ စေ ရန် ရှော လ မုန် သား သို့ တစ် နွယ် ကို ငါ ပေး ထား ၏။ အခန်းကိုကြည့်ပါ။Judson Bible36 ငါ့နာမတည်ရာဖို့ ငါရွေးကောက်သောယေရုရှလင်မြို့တွင်၊ ငါ့ရှေ့မှာ ငါ့ကျွန်ဒါဝိဒ်၏မီးခွက်သည် အစဉ်ထွန်းလင်းလျက် ရှိစေခြင်းငှာ၊ ရှောလမုန်သားအား တစ်ခရိုင်ကိုငါပေး၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ဇေရုယာ၏သား အဘိရှဲသည် ဒါဝိဒ်မင်းကြီးကိုလာကူပြီး ထိုဖိလိတ္တိသူရဲကို တိုက်ခိုက်သတ်ဖြတ်လိုက်လေ၏။ ထို့နောက် ဒါဝိဒ်မင်းကြီး၏စစ်သည်တို့က သူ့အား “အစ္စရေးလူမျိုး၏ဆီမီး ငြိမ်းမသွားစေရန် နောက်နောင် အကျွန်ုပ်တို့နှင့်အတူ စစ်ပွဲရှိရာသို့ မလိုက်ပါနှင့်တော့”ဟု ဆိုလျက် ဒါဝိဒ်မင်းကြီးအား ကျိန်ဆိုစေ၏။
ယခု ကိုယ်တော့်အစေအပါး၏အမျိုးအနွယ်သည် ရှေ့တော်တွင် အစဉ်အမြဲတည်နေစေရန် အလိုတော်အတိုင်း ကောင်းချီးပေးတော်မူပါ။ ဘုရားရှင်ထာဝရဘုရားကိုယ်တော်တိုင် မိန့်တော်မူပြီဖြစ်၍ ကိုယ်တော်ပေးတော်မူသောကောင်းချီးအားဖြင့် ကိုယ်တော့်အစေအပါး၏အမျိုးအနွယ်သည် အစဉ်အမြဲကောင်းချီးခံစားရပါစေသော”ဟု တောင်းလျှောက်လေ၏။
ယုဒပြည်တွင် ရှောလမုန်မင်းကြီး၏သားတော်ရောဗောင် နန်းတက်၏။ ရောဗောင်မင်းကြီးနန်းတက်သောအခါ သက်တော်လေးဆယ့်တစ်နှစ်ရှိ၏။ သူသည် ထာဝရဘုရားက မိမိ၏နာမကို တည်စေရန် အစ္စရေးမျိုးနွယ်အားလုံးထဲမှ ရွေးချယ်တော်မူသောဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခုနစ်နှစ် စိုးစံခဲ့၏။ မယ်တော်ကား အမ္မုန်အမျိုးသမီး နေမအမည်ရှိ၏။
ထို့ပြင် ‘သင်၏သားမြေးတို့သည် သူတို့သွားရာလမ်းတွင် စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ သစ္စာရှိလျက် ငါ့မျက်မှောက်၌အသက်ရှင်လျှောက်လှမ်းရန် စောင့်ထိန်းကြမည်ဆိုလျှင် အစ္စရေးလူမျိုး၏ရာဇပလ္လင်ပေါ်တွင် သင်၏မျိုးဆက်မပြတ်ရ’ဟု ငါ့အား ကတိထားခဲ့သည့်စကားတော်အတိုင်း ထာဝရဘုရားပြုတော်မူမည်။
ရောဗောင်မင်းကြီးသည် ဂျေရုဆလင်မြို့တွင် အာဏာကိုတည်မြဲစေပြီး ဆက်လက်အုပ်စိုး၏။ ရောဗောင်မင်းကြီးနန်းတက်သောအခါ သက်တော်လေးဆယ့်တစ်နှစ်ရှိ၏။ သူသည် ထာဝရဘုရားက မိမိ၏နာမကို တည်စေရန် အစ္စရေးမျိုးနွယ်အားလုံးထဲမှ ရွေးချယ်တော်မူသော ဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခုနစ်နှစ်စိုးစံခဲ့၏။ မယ်တော်ကား အမ္မုန်အမျိုးသမီး နေမအမည်ရှိ၏။