ထာဝရဘုရားအဖို့ ရှောလမုန်မင်းကြီးတည်ဆောက်သောအိမ်တော်မှာ အလျားအတောင်ခြောက်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိ၏။
၃ ရာ 6:1 - မြန်မာ့စံမီသမ္မာကျမ်း ရှောလမုန်မင်းကြီးသည် အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာပြီး နှစ်ပေါင်းလေးရာရှစ်ဆယ်အကြာ၊ အစ္စရေးလူမျိုးတို့ကိုအုပ်ချုပ်သည့် လေးနှစ်မြောက်၊ ဇိဖဟုခေါ်သော ဒုတိယလတွင် ထာဝရဘုရားအဖို့ အိမ်တော်ကို စတင်တည်ဆောက်၏။ Common Language Bible အီဂျစ်ပြည်မှဣသရေလအမျိုးသားတို့ ထွက်ခွာသွားပြီးနောက် အနှစ်လေးရာ့ရှစ်ဆယ် ကြာသောအခါဣသရေလဘုရင်ရှောလမုန် မင်းသည် မိမိနန်းစံလေးနှစ်မြောက်၊ ဇိဖဟု အမည်တွင်သောဒုတိယလ၌ဗိမာန်တော် ကိုစတင်တည်ဆောက်တော်မူ၏။- Garrad Bible ရှော လ မုန် မင်း သည် အိ ဂျစ် ပြည် မှ ဣ သ ရေ လ အ မျိုး သား တို့ ထွက် သော သ က္က ရာဇ် လေး ရာ့ ရှစ် ဆယ် နန်း စံ လေး နှစ်၊ ဇိ ဖ ခေါ် ဒု တိ ယ လ တွင် ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် ကို စ တည် ၏။ Judson Bible ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သော သက္ကရာဇ်လေးရာရှစ်ဆယ်ပြည့်၊ ရှောလမုန်မင်း နန်းစံလေးနှစ်၊ ဇိဖအမည်ရှိသော ဒုတိယလတွင်၊ ထာဝရဘုရား၏အိမ်တော်ကို တည်စပြုတော်မူ၏။ |
ထာဝရဘုရားအဖို့ ရှောလမုန်မင်းကြီးတည်ဆောက်သောအိမ်တော်မှာ အလျားအတောင်ခြောက်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိ၏။
ဤသို့ဖြင့် ရှောလမုန်မင်းကြီးနန်းစံလေးနှစ်မြောက်၊ ဇိဖလတွင် ထာဝရဘုရား၏အိမ်တော်ကို အုတ်မြစ်ချပြီး
အကျွန်ုပ်၏သားတော်ရှောလမုန်အားလည်း ကိုယ်တော်၏ပညတ်တော်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းနိုင်ရန်နှင့် ဗိမာန်တော်ဆောက်လုပ်ဖို့ အကျွန်ုပ်ပြင်ဆင်ထားခဲ့သည့်အရာအားလုံးကို လုပ်ဆောင်နိုင်ရန်အတွက် စုံလင်သောစိတ်နှလုံးကို ပေးတော်မူပါ”ဟု ဆုတောင်းလေ၏။
ယောဟနန်သည် သားအာဇရိကိုရ၏။ အာဇရိသည် ဂျေရုဆလင်မြို့တွင် ရှောလမုန်မင်းကြီးတည်ထားခဲ့သောအိမ်တော်၌ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်ရသူဖြစ်၏။
ရှောလမုန်မင်းကြီးတည်ဆောက်သော ဘုရားသခင်၏အိမ်တော်အုတ်မြစ်မှာ ရှေးခေတ်တိုင်းထွာနည်းအရ အလျား အတောင်ခြောက်ဆယ်၊ အနံ အတောင်နှစ်ဆယ်ရှိ၏။
သူတို့ကလည်း ‘အကျွန်ုပ်တို့သည် ကောင်းကင်နှင့်မြေကြီးအရှင် ဘုရားသခင်၏အစေအပါးများ ဖြစ်၏။ ရှေးနှစ်ပေါင်းများစွာက အစ္စရေးလူမျိုးတို့၏ဘုရင်မင်းမြတ် တည်ဆောက်ပြီးစီးခဲ့သောအိမ်တော်ကို အကျွန်ုပ်တို့ ပြန်လည်တည်ဆောက်ခြင်း ဖြစ်၏။
မိမိ၏သန့်ရှင်းရာဌာနတော်ကို အထွတ်အထိပ်ကဲ့သို့လည်းကောင်း၊ အစဉ်အမြဲတည်စေတော်မူသော ကမ္ဘာမြေကြီးကဲ့သို့လည်းကောင်း တည်ဆောက်တော်မူ၏။
နှစ်ပေါင်းလေးရာ့သုံးဆယ်ပြည့်သောနေ့၌ပင် ထာဝရဘုရား၏လူစုအပေါင်းတို့သည် အီဂျစ်ပြည်မှထွက်လာခဲ့ကြ၏။
ဤနေ့၌ပင် ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်ထဲမှ အဖွဲ့လိုက် ထုတ်ဆောင်တော်မူ၏။
ထို့နောက် ငါ့ကို ဗိမာန်တော်သို့ ခေါ်ဆောင်သွား၍ ကိန်းဝပ်တော်မူရာဌာနအဝင်ဝ တစ်ဖက်တစ်ချက်ရှိ တံခါးတိုင်များကိုတိုင်းရာ ထုခြောက်တောင်ရှိ၏။
‘တောင်ပေါ်သို့တက်သွား၍ သစ်ကိုယူဆောင်လာပြီးလျှင် အိမ်တော်ကို ဆောက်ကြလော့။ ထိုအိမ်တော်ကိုငါနှစ်သက်၍ ငါ့ဘုန်းတော်ကိုလည်း ထင်ရှားစေမည်’ဟု ထာဝရဘုရားမိန့်ဆိုပြီ။
ရပ်ဝေးမှလူတို့သည် ထာဝရဘုရား၏ဗိမာန်တော်ကို လာရောက်တည်ဆောက်ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မူကြောင်းကိုလည်း သင်တို့သိရကြလိမ့်မည်။ သင်တို့သည် သင်တို့ဘုရားသခင်ထာဝရဘုရား၏စကားကို နာခံလိုက်လျှောက်လျှင် ထိုသို့ဖြစ်လာလိမ့်မည်”ဟု မိန့်ဆို၏။
အစ္စရေးအမျိုးသားတို့သည် အီဂျစ်ပြည်မှထွက်လာပြီးနောက် ဒုတိယနှစ်၊ ဒုတိယလ၊ ပထမနေ့၌ သိနာတောကန္တာရ၊ တွေ့ဆုံစည်းဝေးရာတဲတော်တွင် ထာဝရဘုရားက မောရှေအား
ထို့နောက် ခါနာန်ပြည်ရှိလူမျိုးခုနစ်မျိုးတို့ကို ဖျက်ဆီး၍ သူတို့၏တိုင်းပြည်ကို လူမျိုးတော်အား အမွေအဖြစ်ခွဲဝေပေးတော်မူ၏။
သင်တို့၏ကိုယ်ခန္ဓာသည် ဘုရားသခင်ထံမှ သင်တို့ရရှိထားသော သင်တို့အထဲ၌တည်နေသည့် သန့်ရှင်းသောဝိညာဉ်တော်၏ဗိမာန်တော်ဖြစ်ကြောင်းကိုလည်းကောင်း၊ သင်တို့ကိုယ်သင်တို့မပိုင်ကြောင်းကိုလည်းကောင်း သင်တို့မသိကြသလော။
ဘုရားသခင်၏ဗိမာန်တော်နှင့်ရုပ်တုတို့အကြား၌ မည်သို့သောသဘောတူညီမှုရှိသနည်း။ ဘုရားသခင်က “ငါသည် သူတို့အထဲတွင်ကိန်းဝပ်လျက် သူတို့အလယ်၌သွားလာကာ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူခဲ့သည့်အတိုင်း ငါတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။
ကိုယ်တော်၌အမြစ်တွယ်၍ တည်ဆောက်ခြင်းခံရကာ သင်တို့သင်ယူခဲ့သည့်အတိုင်း ယုံကြည်ခြင်း၌တည်မြဲလျက် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်ပြည့်စုံကြလော့။
အကြောင်းမူကား သူသည် ဘုရားသခင်ရေးဆွဲစီမံ၍ တည်ဆောက်တော်မူသော ခိုင်ခံ့သည့်အုတ်မြစ်ရှိသောမြို့ကို မျှော်လင့်နေ၏။
သို့သော် ခရစ်တော်သည် ရောက်ရှိလာပြီးဖြစ်သည့် ကောင်းသောအရာများနှင့်ဆိုင်သော ယဇ်ပုရောဟိတ်မင်းအဖြစ်ကြွလာတော်မူ၍ လူ့လက်ဖြင့်တည်ဆောက်သည်မဟုတ်၊ တစ်နည်းဆိုသော် ဤဖန်ဆင်းခံလောကမှမဟုတ်သော ပို၍ကြီးမြတ်ပြီး ပို၍စုံလင်သည့်တဲတော်မှတစ်ဆင့်
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။
အစ္စရေးလူမျိုးတို့ ဟေရှဘုန်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အာရော်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အာနုန်ချောင်းဘေးတစ်လျှောက်ရှိမြို့ရွာရှိသမျှတို့၌ နှစ်ပေါင်းသုံးရာနေထိုင်ကြစဉ်အခါက အဘယ်ကြောင့် သင်တို့ ပြန်မသိမ်းယူခဲ့သနည်း။