၃ ရာ 5:18 - မြန်မာ့စံမီသမ္မာကျမ်း18 ထို့နောက် ရှောလမုန်မင်းကြီး၏ဆောက်လုပ်ရေးသမားများ၊ ဟိရံမင်းကြီး၏ဆောက်လုပ်ရေးသမားများနှင့် ဂေဗလအမျိုးသားတို့သည် ကျောက်များကို ထုဆစ်ကြပြီး အိမ်တော်တည်ဆောက်ရန် သစ်သားများ၊ ကျောက်များကို ပြင်ဆင်ထားကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible18 ရှောလမုန်၏အလုပ်သမားများနှင့်ဟိရံ၏ အလုပ်သမားများသည်ဗိမာန်တော်ဆောက်လုပ် ရန်အတွက် ဂေဗာလမြို့သားများနှင့်အတူ ကျောက်များနှင့်သစ်များကိုပြင်ဆင်ကြ လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible18 ရှော လ မုန် မင်း၊ ဟိ ရံ မင်း တို့၏ ဗိ သု ကာ များ နှင့် ဂေ ဗ လ မြို့ သား ဗိ သု ကာ များ လည်း ကျောက် များ၊ သစ် သား များ ကို ဗိ မာန် တော် တည် ဆောက် ရန် ဆစ် ရွေ ပြင် ဆင် ကြ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible18 ထိုသို့ ရှောလမုန်မင်း၏လက်သမားတို့နှင့် ဟိရံမင်း၏လက်သမားတို့သည် ဂေဗာလအမျိုးသားတို့နှင့်တကွ၊ အိမ်တော်ကိုတည်ဆောက်စရာဖို့ သစ်သားများ၊ ကျောက်များတို့ကို ပြင်ဆင်ကြ၏။ အခန်းကိုကြည့်ပါ။ |