ဧဇရ 5:11 - မြန်မာ့စံမီသမ္မာကျမ်း11 သူတို့ကလည်း ‘အကျွန်ုပ်တို့သည် ကောင်းကင်နှင့်မြေကြီးအရှင် ဘုရားသခင်၏အစေအပါးများ ဖြစ်၏။ ရှေးနှစ်ပေါင်းများစွာက အစ္စရေးလူမျိုးတို့၏ဘုရင်မင်းမြတ် တည်ဆောက်ပြီးစီးခဲ့သောအိမ်တော်ကို အကျွန်ုပ်တို့ ပြန်လည်တည်ဆောက်ခြင်း ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible11 သူတို့က`ငါတို့သည်မိုးမြေရှင်ဘုရားသခင်အစေခံများဖြစ်၍ ရှေးနှစ်ပေါင်းများစွာကပင်တန်ခိုးကြီးမားသည့် ဣသရေလဘုရင်တစ်ပါးတည်ဆောက်မွမ်းမံထားခဲ့သည့်ဗိမာန်တော်ကို ပြန်လည်တည်ဆောက်မွမ်းမံကြခြင်းဖြစ်ပါသည်။- အခန်းကိုကြည့်ပါ။Garrad Bible11 သူ တို့ က၊ ကျွန် တော် တို့ သည်၊ မိုး မြေ့ ရှင် ဘု ရား သ ခင်၏ ကျွန် များ ဖြစ် လျက်၊ ရှေး ကာ လ ဘုန်း ကြီး သူ ဣ သ ရေ လ ဘု ရင် တည် ဆောက် ခဲ့ သော ဗိ မာန် တော် ကို ပြု ပြင် ကြ ပါ၏။ အခန်းကိုကြည့်ပါ။Judson Bible11 သူတို့က၊ ငါတို့သည် ကောင်းကင်နှင့်မြေကြီးအရှင် ဘုရားသခင်၏ကျွန်တော် ဖြစ်ကြ၏။ ရှေးကာလ၌ ကြီးမြတ်သော ဣသရေလရှင်ဘုရင် တည်ထောင်တော်မူသော အိမ်တော်ကို ယခုပြုပြင်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကို ဝတ်မပြုသင့်ဟု သင်တို့ထင်မှတ်လျှင် ယနေ့ သင်တို့ဝတ်ပြုလိုသည့်ဘုရားကို သင်တို့ရွေးချယ်လော့။ ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌ သင်တို့ဘိုးဘေးဝတ်ပြုခဲ့သောအခြားဘုရားများကို ဝတ်ပြုမည်လော၊ သင်တို့နေထိုင်ရာပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားကို ဝတ်ပြုမည်လော။ ငါနှင့်ငါ့အိမ်သူအိမ်သားတို့မူကား ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ဆို၏။