ဧသောသည် မျှော်ကြည့်၍ မိန်းမများ၊ ကလေးများကိုမြင်သောအခါ “သင်နှင့်အတူပါလာသော ဤသူတို့ကား မည်သူတို့နည်း”ဟု မေးသော် ယာကုပ်က “သခင်၏အစေအပါးအား ဘုရားသခင်ပေးသနားတော်မူသောကလေးများ ဖြစ်ကြပါ၏”ဟု ပြန်ဖြေလေ၏။
၃ ရာ 5:7 - မြန်မာ့စံမီသမ္မာကျမ်း ဟိရံမင်းကြီးသည် ရှောလမုန်မင်းကြီး၏စကားကိုကြားလျှင် “ယနေ့ ဤလူမျိုးကြီးအပေါ် အုပ်ချုပ်ရန် ဒါဝိဒ်မင်းကြီးအား ပညာရှိသောသားကိုပေးတော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော”ဟု ဝမ်းသာအားရမြွက်ဆိုလေ၏။ Common Language Bible ရှောလမုန်မင်းမှာကြားသောစကားကို ကြားရသောအခါ ဟိရံမင်းသည်လွန်စွာ အားရနှစ်သက်သဖြင့်``ဤသို့ကြီးမားသည့် နိုင်ငံတော်ကိုအုပ်စိုးရန်အတွက် ဒါဝိဒ် အားဤမျှပညာရှိသောသားကိုပေးတော် မူသောထာဝရဘုရားအား ယနေ့ထော မနာပြုကြလော့'' ဟုမြွက်ဆိုတော်မူ၏။- Garrad Bible ရှော လ မုန် မင်း၏ အ မှာ တော် စ ကား ကို ဟိ ရံ မင်း ကြား လျှင် ဤ နိုင် ငံ ကြီး ပေါ် တွင် ဒါ ဝိဒ် မင်း အ စား ပ ညာ ရှိ သော သား ကို ပေး သ နား တော် မူ သော ထာ ဝရ ဘု ရား သည် ယ နေ့ မင်္ဂ လာ ရှိ ပါ စေ သော ဟု အား ရ ဝမ်း မြောက် လျက် Judson Bible ရှောလမုန်မင်း၏စကားကို ဟိရံမင်းသည်ကြားလျှင် အလွန်ဝမ်းမြောက်၍၊ ထိုလူမျိုးကြီးကို အစိုးရသောသားကို ဒါဝိဒ်အားပေးတော်မူသော ထာဝရဘုရားသည် ယနေ့ မင်္ဂလာရှိတော်မူစေသတည်းဟု ဆိုလျက်၊ |
ဧသောသည် မျှော်ကြည့်၍ မိန်းမများ၊ ကလေးများကိုမြင်သောအခါ “သင်နှင့်အတူပါလာသော ဤသူတို့ကား မည်သူတို့နည်း”ဟု မေးသော် ယာကုပ်က “သခင်၏အစေအပါးအား ဘုရားသခင်ပေးသနားတော်မူသောကလေးများ ဖြစ်ကြပါ၏”ဟု ပြန်ဖြေလေ၏။
‘အစ္စရေးလူမျိုး၏ဘုရားသခင်ကို ချီးမွမ်းထောမနာပြုပါ၏။ ယနေ့ အကျွန်ုပ်၏ရာဇပလ္လင်တွင် စံမြန်းရမည့်သူကို ပေးသနားတော်မူ၍ အကျွန်ုပ်ကိုယ်တိုင်မြင်တွေ့ရလေပြီ’ဟူ၍ မြွက်ဆိုခဲ့ပါ၏”ဟု ပြန်ပြောလေ၏။
မင်းကြီးကိုနှစ်သက်မြတ်နိုး၍ အစ္စရေးရာဇပလ္လင်တွင် စံမြန်းစေတော်မူသော မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရားသည် အစ္စရေးလူမျိုးကို ထာဝရချစ်တော်မူသည်ဖြစ်၍ သူတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာစီရင်အုပ်ချုပ်ရန် မင်းကြီးကို ရှင်ဘုရင်အဖြစ် ခန့်ထားတော်မူပြီ”ဟု ဆိုလေ၏။
ဤများပြားလှသောကိုယ်တော်၏လူမျိုးတော်ကို မည်သူအုပ်ချုပ်နိုင်ပါမည်နည်း။ ထို့ကြောင့် ကိုယ်တော့်အစေအပါးအား ကိုယ်တော်၏လူမျိုးတော်ကို စီရင်အုပ်ချုပ်နိုင်ရန်နှင့် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ရန်အတွက် သိနားလည်နိုင်သောနှလုံးသားကို ပေးတော်မူပါ”ဟု တောင်းလျှောက်၏။
ရှောလမုန်မင်းကြီး၌ အစ္စရေးနိုင်ငံတစ်နိုင်ငံလုံးတွင် နယ်စားမင်းတစ်ဆယ့်နှစ်ပါးရှိ၏။ သူတို့သည် ဘုရင်နှင့်နန်းတွင်းသူနန်းတွင်းသားတို့အဖို့ နှစ်တစ်နှစ်တွင် တစ်လတစ်ပါးစီ ရိက္ခာဆက်သရ၏။
ထို့ကြောင့် အကျွန်ုပ်အဖို့ လက်ဘနွန်တောင်မှ သစ်ကတိုးပင်များကို ခုတ်ပေးကြရန် အမိန့်ထုတ်ပြန်ပါ။ အကျွန်ုပ်၏အမှုထမ်းတို့သည် မင်းကြီး၏အမှုထမ်းတို့နှင့်အတူ အလုပ်လုပ်ကြပါလိမ့်မည်။ မင်းကြီး၏အမှုထမ်းတို့အတွက် လုပ်အားခကိုလည်း မင်းကြီးဆိုသည့်အတိုင်း ပေးပါမည်။ မင်းကြီးသိတော်မူသည့်အတိုင်း အကျွန်ုပ်တွင် ဆီဒုန်လူမျိုးတို့ကဲ့သို့ သစ်ခုတ်ကျွမ်းကျင်သူ မရှိပါ”ဟု မှာကြားလိုက်လေ၏။
ထို့နောက် ဟိရံမင်းကြီးသည် ရှောလမုန်မင်းကြီးထံ လူလွှတ်၍ “သင်မှာကြားလိုက်သောစကားကို အကျွန်ုပ်ကြားသိရပါပြီ။ သင်လိုသမျှ သစ်ကတိုးသား၊ ထင်းရှူးသားတို့ကို ပေးပါမည်။
သင့်ကို ငါသတိမရခဲ့လျှင်လည်းကောင်း၊ ဂျေရုဆလင်မြို့ကို ငါ့ဝမ်းမြောက်ခြင်း၏ထိပ်ဆုံး၌ မထားခဲ့လျှင်လည်းကောင်း ငါ၏လျှာသည် အာခေါင်၌ကပ်နေပါစေ။
ရှောလမုန်၏သုတ္တံစကားများ။ ပညာရှိသောသားသည် ဖခင်ကိုဝမ်းမြောက်စေ၏။ မိုက်မဲသောသားမူကား သူ၏မိခင်အတွက် ပူဆွေးစရာဖြစ်၏။
ပညာရှိသောသားသည် ဖခင်၏ဆုံးမပဲ့ပြင်ခြင်းကို နားထောင်တတ်၏။ ပြက်ရယ်ပြုသောသားမူကား ဆုံးမစကားကို နားမထောင်တတ်။
ပညာရှိသောသားသည် ဖခင်ကိုဝမ်းမြောက်စေတတ်၏။ မိုက်မဲသောသားမူကား မိမိ၏မိခင်ကိုမထီမဲ့မြင်ပြုတတ်၏။
ဖြောင့်မတ်သောသူ၏ဖခင်သည် အလွန်ရွှင်လန်းလိမ့်မည်။ ပညာရှိသောသားကိုရသောသူသည်လည်း ထိုသားအတွက် ဝမ်းမြောက်လိမ့်မည်။
ဇိအုန်တောင်၌ကိန်းဝပ်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက အစ္စရေးလူမျိုးတို့အား ပေးတော်မူသော အမှတ်လက္ခဏာ၊ အံ့ဩဖွယ်အမှုတို့မှာ ငါနှင့် ထာဝရဘုရားငါ့အားပေးတော်မူသော သားသမီးတို့ပင်ဖြစ်၏။
အကြောင်းမူကား သူငယ်သည် ငါတို့အဖို့ ဖွားမြင်တော်မူပြီ။ ငါတို့အား သားကိုပေးတော်မူပြီ။ သူ၏ပခုံးပေါ်၌ အာဏာစက်ရှိလိမ့်မည်။ နာမတော်ကို အံ့ဩဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဖ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်ကြလိမ့်မည်။