၃ ရာ 10:9 - မြန်မာ့စံမီသမ္မာကျမ်း9 မင်းကြီးကိုနှစ်သက်မြတ်နိုး၍ အစ္စရေးရာဇပလ္လင်တွင် စံမြန်းစေတော်မူသော မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရားသည် အစ္စရေးလူမျိုးကို ထာဝရချစ်တော်မူသည်ဖြစ်၍ သူတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာစီရင်အုပ်ချုပ်ရန် မင်းကြီးကို ရှင်ဘုရင်အဖြစ် ခန့်ထားတော်မူပြီ”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible9 အဆွေတော်၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသတည်း။ ကိုယ်တော်သည် အဆွေတော်ကိုလွန်စွာနှစ်သက်မြတ်နိုးတော်မူ သည်ဖြစ်၍ ဣသရေလဘုရင်အဖြစ်ချီးမြှောက် တော်မူလေပြီ။ ဣသရေလလူမျိုးကိုထာဝစဉ် ချစ်တော်မူသဖြင့် သူတို့အားတရားမျှတစွာ အုပ်စိုးစေရန်အဆွေတော်ကိုမင်းမြှောက်တော် မူလေပြီ'' ဟုပြော၏။ အခန်းကိုကြည့်ပါ။Garrad Bible9 အ ကြည် တော် ကို နှစ် သက် ၍ ဣ သ ရေ လ ရာ ဇ ပ လ္လင် ထက် တင် တော် မူ သော အ ကြည် တော်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။ ဣ သ ရေ လ လူ မျိုး အား အ စဉ် မြတ် နိုး တော် မူ သော ကြောင့်၊ တ ရား သ ဖြင့် စီ ရင် ဆုံး ဖြတ် စေ ရန် အ ကြည် တော် ကို ဘု ရင် အ ဖြစ် ထာ ဝ ရ ဘု ရား ခန့် ထား တော် မူ ပြီ ဟု သြ ဘာ ပြု ပြီး လျှင် အခန်းကိုကြည့်ပါ။Judson Bible9 ကိုယ်တော်ကိုနှစ်သက်၍၊ ဣသရေလနိုင်ငံ၏ရာဇပလ္လင်ပေါ်မှာ တင်တော်မူသော ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ထာဝရဘုရားသည် ဣသရေလအမျိုးကိုအစဉ်ချစ်သောကြောင့်၊ ဖြောင့်မတ်စွာ တရားစီရင်စေခြင်းငှာ ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီဟု ရှင်ဘုရင်အားပြောဆို၍၊ အခန်းကိုကြည့်ပါ။ |
သင့်ကို “စွန့်ပစ်ခံရသူ”ဟု ခေါ်တော့မည်မဟုတ်။ သင်၏မြေကိုလည်း “လူသူကင်းမဲ့ရာအရပ်”ဟု ခေါ်တော့မည်မဟုတ်။ သင့်ကို “ငါနှစ်သက်မြတ်နိုးသူ”ဟူ၍လည်းကောင်း၊ သင်၏မြေကို “လက်ထပ်ပြီးသူ”ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားသည် သင့်ကိုနှစ်သက်မြတ်နိုးတော်မူ၏။ သင်၏မြေသည်လည်း လက်ထပ်ခွင့်ရလိမ့်မည်။
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။
သို့ရာတွင် ထာဝရဘုရားသည် သင်တို့ကို ချစ်တော်မူသောကြောင့်လည်းကောင်း၊ သင်တို့၏ဘိုးဘေးတို့အားကျိန်ဆိုတော်မူခဲ့သည့်ကတိတော်ကို တည်စေသောကြောင့်လည်းကောင်း ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ထုတ်ဆောင်တော်မူ၏။ ကျွန်ခံရာအိမ်အီဂျစ်ဘုရင်ဖာရောမင်းကြီး၏လက်မှ ရွေးနုတ်တော်မူ၏။