သုတ္တံကျမ်း။ 13:1 - မြန်မာ့စံမီသမ္မာကျမ်း1 ပညာရှိသောသားသည် ဖခင်၏ဆုံးမပဲ့ပြင်ခြင်းကို နားထောင်တတ်၏။ ပြက်ရယ်ပြုသောသားမူကား ဆုံးမစကားကို နားမထောင်တတ်။ အခန်းကိုကြည့်ပါ။Common Language Bible1 ပညာရှိသောသားသည် အဘ၏သွန်သင်ခြင်း ကို နားထောင်တတ်၏။ မထီမဲ့မြင်ပြုသောသားမူကား၊ အပြစ်တင်ခြင်းကို နားမထောင်တတ်။ အခန်းကိုကြည့်ပါ။Garrad Bible1 ပ ညာ ရှိ သော သား သည်၊ အ ဘ၏ ဆုံး မ ခြင်း ကို လိုက် နာ တတ်၏။ မ ထီ မဲ့ မြင် ပြု သူ မူ ကား၊ ပဲ့ ပြင် ခြင်း ကို မ လိုက် မ နာ တတ်။ အခန်းကိုကြည့်ပါ။Judson Bible1 ပညာရှိသောသားသည် အဘ၏သွန်သင်ခြင်းကို နားထောင်တတ်၏။ မထီမဲ့မြင်ပြုသောသားမူကား၊ အပြစ်တင်ခြင်းကို နားမထောင်တတ်။ အခန်းကိုကြည့်ပါ။ |
လူလူချင်းပြစ်မှားမိလျှင် ဘုရားသခင်သည် ထိုသူအတွက် ကြားဝင်ဖြေရှင်းပေးနိုင်၏။ သို့သော် လူသည် ထာဝရဘုရားကိုပြစ်မှားမိလျှင် မည်သူသည် သူ့အတွက် ကြားဝင်ဖြေရှင်းပေးနိုင်မည်နည်း”ဟု ဆိုဆုံးမသော်လည်း ဖခင်၏စကားကို နားမထောင်ကြ။ အကြောင်းမူကား ထာဝရဘုရားသည် သူတို့ကိုကွပ်မျက်ရန်အလိုရှိတော်မူ၏။
ယောရှဖတ်သည် ခမည်းတော်အာသမင်းကြီးလျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်၏။ ထိုလမ်းမှမလွဲဘဲ ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာကျင့်ကြံနေထိုင်၏။ သို့သော် အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားပေ။ လူတို့သည် ထိုအထွတ်အမြတ်ထားရာနေရာများ၌ ယဇ်ပူဇော်လျက်၊ နံ့သာပေါင်းကိုမီးရှို့ပူဇော်လျက်ရှိ၏။