ထိုကာလတွင် ထာဝရဘုရားသည် အစ္စရေးပြည်ကို စတင်ကျဉ်းမြောင်းစေတော်မူ၏။ ဟာဇေလမင်းကြီးသည် အစ္စရေးပြည်၏နယ်နိမိတ်တစ်လျှောက်လုံးဖြစ်သော
၃ ရာ 19:17 - မြန်မာ့စံမီသမ္မာကျမ်း ဟာဇေလ၏ဓားဘေးမှ လွတ်မြောက်သွားသောသူကို ယေဟုသတ်လိမ့်မည်။ ယေဟု၏ဓားဘေးမှ လွတ်မြောက်သွားသောသူကို ဧလိရှဲသတ်လိမ့်မည်။ Common Language Bible ဟာဇေလ၏ဋ္ဌားဘေးမှလွတ်မြောက်သူကို ယေဟုသတ်လိမ့်မည်။ ယေဟုလက်မှလွတ် မြောက်သူကိုဧလိရှဲသတ်လိမ့်မည်။- Garrad Bible သို့ ပြု လျှင် ဟာ ဇေ လ ဓား နှင့် လွတ် သူ တို့ ကို ယေ ဟု ကွပ် မျက် လိမ့် မည်။ ယေ ဟု ဓား နှင့် လွတ် သူ တို့ ကို လည်း ဧ လိ ရှဲ ကွပ် မျက် လိမ့် မည်။ Judson Bible သို့ဖြစ်၍ ဟာဇေလဓားနှင့် လွတ်သောသူကို ယေဟုသတ်လိမ့်မည်။ ယေဟုဓားနှင့် လွတ်သောသူကို ဧလိရှဲသတ်လိမ့်မည်။ |
ထိုကာလတွင် ထာဝရဘုရားသည် အစ္စရေးပြည်ကို စတင်ကျဉ်းမြောင်းစေတော်မူ၏။ ဟာဇေလမင်းကြီးသည် အစ္စရေးပြည်၏နယ်နိမိတ်တစ်လျှောက်လုံးဖြစ်သော
ထိုကာလတွင် ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးသည် ဂါသမြို့ကို ချီတက်တိုက်ခိုက်သိမ်းပိုက်၏။ ထို့နောက်မှ ဟာဇေလမင်းကြီးသည် ဂျေရုဆလင်မြို့သို့ ဆက်လက်ချီတက်ရန် ဦးတည်လေ၏။
ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးသည် ယောခတ်မင်းကြီးလက်ထက်ကာလပတ်လုံး အစ္စရေးလူမျိုးတို့ကို ညှဉ်းဆဲခဲ့၏။
ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးကို အမျက်ထွက်၍ ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးလက်ထက်မှစ၍ ဟာဇေလမင်းကြီး၏သားတော် ဗင်္ဟာဒဒ်၏လက်ထက်တစ်လျှောက်လုံး သူတို့၏လက်အောက်ခံ ဖြစ်စေတော်မူ၏။
ထိုအခါ ဟာဇေလက “အကျွန်ုပ်သခင်၊ အဘယ်ကြောင့် မျက်ရည်ကျရပါသနည်း”ဟုမေးလျှင် ဧလိရှဲက “သင်သည် အစ္စရေးအမျိုးသားတို့အား ဘေးအန္တရာယ်ပြုမည်ကို ငါသိလေပြီ။ သင်သည် သူတို့၏ခံတပ်မြို့များကို မီးရှို့ပစ်လိမ့်မည်။ လူငယ်တို့ကို ဓားဖြင့် သတ်လိမ့်မည်။ ကလေးငယ်များကို ကိုင်ယူပေါက်သတ်လိမ့်မည်။ ကိုယ်ဝန်ဆောင်မိန်းမတို့၏ဝမ်းကိုလည်း ခွဲဖောက်လိမ့်မည်”ဟု ဆို၏။
ရှင်ဘုရင်က ဟာဇေလအား “လက်ဆောင်ကိုယူပြီး ဘုရားသခင်၏လူနှင့် သွားတွေ့လော့။ ‘ငါသည် ဤဝေဒနာမှ ပြန်ကောင်းလာမည်လော’ဟု ထာဝရဘုရားထံ မေးလျှောက်စေလော့”ဟု မိန့်ဆို၏။
ဤသို့ဖြင့် နိမ်ရှိ၏မြေး၊ ယောရှဖတ်၏သားယေဟုသည် ယောရံမင်းကြီးကို လုပ်ကြံရန်လျှို့ဝှက်ကြံစည်လေ၏။ ထိုအချိန်တွင် ယောရံမင်းကြီးနှင့် အစ္စရေးစစ်သည်အပေါင်းတို့သည် ဆီးရီးယားဘုရင်ဟာဇေလမင်းကြီး၏ရန်ကြောင့် ရာမုတ်ဂိလဒ်မြို့ကို စောင့်ကြပ်လျက်နေ၏။
ထိုမြို့သို့ရောက်လျှင် နိမ်ရှိ၏မြေး၊ ယောရှဖတ်၏သားယေဟုကို ရှာလော့။ သူ့ထံသွား၍ သူ့ကိုညီအစ်ကိုတို့ထဲမှခေါ်ထုတ်ပြီး အတွင်းခန်းထဲသို့ခေါ်သွားလော့။
ကင်းစောင့်ကလည်း “တမန်သည် သူတို့ထံရောက်သွားပြီး ပြန်မလာတော့ပါ။ စစ်ရထားမောင်းလာသူမှာလည်း နိမ်ရှိ၏သားယေဟုကဲ့သို့ တရကြမ်းမောင်းနှင်လာပါသည်”ဟု သတင်းပို့လာပြန်၏။
ထိုအခါ ယေဟုက လေးကိုအားကုန်တင်ပြီး ယဟောရံမင်းကြီး၏လက်ပြင်ကြားကို ပစ်လိုက်ရာ မြားသည် သူ၏နှလုံးကိုထုတ်ချင်းဖောက်သွားသဖြင့် သူသည် ရထားပေါ်၌ပင် လဲကျသွားလေ၏။
ယေဟုကလည်း မိမိတပ်မှူးဗိဒကအား “သူ့ကို မ၍ ယေဇရေလမြို့သားနာဗုတ်၏မြေကွက်တွင် ပစ်ချလော့။ သင်နှင့်အကျွန်ုပ် သူ့ခမည်းတော်အာဟပ်မင်းကြီးနောက်မှ ရထားလိုက်စီးစဉ်က သူနှင့်ပတ်သက်၍ ထာဝရဘုရားမိန့်တော်မူခဲ့သည့်ဤဗျာဒိတ်စကားကို မှတ်မိသလော။
ဆင်းရဲသောသူတို့ကို ဖြောင့်မတ်စွာတရားစီရင်မည်။ နိမ့်ကျသောမြေကြီးသားတို့အတွက် တရားမျှတစွာဆုံးဖြတ်မည်။ မြေကြီးကို သူ၏နှုတ်ကြိမ်လုံးဖြင့် ရိုက်နှက်၍ ဆိုးယုတ်သောသူတို့ကို နှုတ်ထွက်လေဖြင့် ကွပ်မျက်မည်။
လူမျိုးခြားများနှင့် တိုင်းနိုင်ငံများကို နုတ်ပယ်ဖြိုချရန်၊ ဖျက်ဆီးမှောက်လှန်ရန်၊ တည်ထောင်ပြုစုရန် ယနေ့ သင့်အား ငါခန့်ထားပြီ”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “မောဘပြည်ကို စစ်ကြောစီရင်ရာနှစ် ရောက်လာပြီဖြစ်၍ ကြောက်မက်ဖွယ်ဘေးကြောင့် ထွက်ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်မြောက်သောသူသည် ကျော့ကွင်းမိလိမ့်မည်”ဟု မိန့်တော်မူ၏။
ငါသည် သူတို့ထံမှ မျက်နှာလွှဲမည်။ သူတို့သည် မီးဘေးတစ်ခုမှလွတ်မြောက်လျှင်လည်း နောက်မီးဘေးတစ်ခုက သူတို့ကိုလောင်ကျွမ်းနေဦးမည်။ ထိုသို့ ငါမျက်နှာလွှဲထားသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ထို့ကြောင့် သူတို့ကို ပရောဖက်များအားဖြင့် ချိုင်ပစ်ပြီ။ ငါ့နှုတ်ထွက်စကားများအားဖြင့် ကွပ်မျက်ပစ်ပြီ။ ငါ၏စီရင်ချက်တို့သည် နေ့အလင်းကဲ့သို့ ထွန်းလင်းတောက်ပ၏။
အပြေးမြန်သူလည်း မပြေးနိုင်။ သန်မာသူလည်း ခွန်အားမထုတ်နိုင်။ စစ်သူရဲလည်း သူ့အသက် သူမကယ်နိုင်။
လူသည် ခြင်္သေ့ထံမှပြေးလွတ်သော်လည်း ဝက်ဝံနှင့် ပက်ပင်းတိုးသကဲ့သို့လည်းကောင်း၊ အိမ်ထဲသို့ဝင်၍ နံရံကို လက်နှင့်ထောက်လိုက်စဉ် မြွေကိုက်ခံရသကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
ကြွင်းကျန်သောသူတို့မူကား မြင်းစီးသောသူ၏ခံတွင်းမှထွက်သောသန်လျက်ဖြင့် သတ်ဖြတ်ခြင်းခံရပြီး ငှက်အပေါင်းတို့သည် သူတို့၏အသားကို ဝလင်စွာစားရကြ၏။