အာရှရနတ်ဘုရားမရုပ်တုကို ပြုလုပ်ကိုးကွယ်သော အဘွားတော်မာခါကိုလည်း မယ်တော်မိဖုရားအရာမှနုတ်ပယ်ပစ်ပြီး ထိုရုပ်တုကိုခုတ်လှဲကာ ကေဒြုန်ချိုင့်ဝှမ်းတွင် မီးရှို့ပစ်လေ၏။
၃ ရာ 18:19 - မြန်မာ့စံမီသမ္မာကျမ်း ယခုမှာ အစ္စရေးလူမျိုးအပေါင်းတို့နှင့်တကွ ယေဇဗေလစားပွဲ၌စားသော ဗာလဘုရား၏ပရောဖက်လေးရာ့ငါးဆယ်နှင့် အာရှရနတ်ဘုရားမတံခွန်တိုင်၏ပရောဖက်လေးရာတို့ကို ဆင့်ခေါ်၍ ငါရှိရာကရမေလတောင်ပေါ်တွင် စုဝေးစေလော့”ဟု ဆို၏။ Common Language Bible ဣသရေလပြည်သူအပေါင်းတို့အားကရ မေလတောင်ထိပ်တွင်ငါနှင့်တွေ့ဆုံကြရန် အမိန့်ပေးပါလော့။ ယေဇဗေလမိဖုရား ထောက်ပံ့ကျွေးမွေးထားသည့်ဗာလပရောဖက် လေးရာ့ငါးဆယ်နှင့်အာရှရဘုရားမ၏ ပရောဖက်လေးရာတို့ကိုလည်းခေါ်ဖိတ်ပါ လော့'' ဟုပြန်ပြော၏။ Garrad Bible သို့ ဖြစ်၍ ဣ သ ရေ လ တစ် မျိုး လုံး ကိုလည်း ကောင်း၊ ဗာ လ၏ ပ ရော ဖက် လေး ရာ့ ငါး ဆယ် ကို လည်း ကောင်း၊ ယေ ဇ ဗေ လ စား ပွဲ၌ စား သော အ ရှဲ ရာ၏ ပ ရော ဖက် လေး ရာ ကိုလည်း ကောင်း၊ ငါ ရှိ ရာ က ရ မေ လ တောင် သို့ စု ဝေး စေ လော့ ဟု ဆို သည့် အ တိုင်း Judson Bible သို့ရာတွင် လူကိုယခုစေလွှတ်၍ ဣသရေလအမျိုးသားအပေါင်းတို့ကိုလည်းကောင်း၊ ဗာလပရောဖက် လေးရာငါးဆယ်ကိုလည်းကောင်း၊ ယေဇဗေလစားပွဲ၌စားသော အာရှရပရောဖက်လေးရာကိုလည်းကောင်း၊ ကရမေလတောင်၊ ငါ့ထံသို့ စုဝေးစေလော့ဟု ဆိုသည်အတိုင်း၊ |
အာရှရနတ်ဘုရားမရုပ်တုကို ပြုလုပ်ကိုးကွယ်သော အဘွားတော်မာခါကိုလည်း မယ်တော်မိဖုရားအရာမှနုတ်ပယ်ပစ်ပြီး ထိုရုပ်တုကိုခုတ်လှဲကာ ကေဒြုန်ချိုင့်ဝှမ်းတွင် မီးရှို့ပစ်လေ၏။
အာဟပ်မင်းကြီးသည် အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း စိုက်ထူ၏။ ထိုထက်မက သူ့အလျင်ရှိခဲ့သောအစ္စရေးဘုရင်အပေါင်းတို့ထက် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို သာ၍အမျက်ထွက်စေ၏။
အာဟပ်မင်းကြီးသည် အစ္စရေးအမျိုးသားအပေါင်းတို့ကို လူလွှတ်ခေါ်စေပြီး ပရောဖက်တို့ကို ကရမေလတောင်ပေါ်တွင် စုဝေးစေ၏။
ဧလိယက ဆက်၍လူတို့အား “ငါတစ်ဦးတည်းသာ ထာဝရဘုရား၏ပရောဖက်အဖြစ် ကျန်ခဲ့၏။ ဗာလဘုရား၏ပရောဖက်များမူကား အယောက်လေးရာ့ငါးဆယ်ရှိ၏။
ထိုအခါ အစ္စရေးဘုရင်သည် ပရောဖက်လေးရာခန့်ကိုစုရုံးစေပြီးလျှင် သူတို့အား “ရာမုတ်ဂိလဒ်မြို့ကို စစ်ချီ၍တိုက်ခိုက်ရမည်လော။ မတိုက်ဘဲနေရမည်လော”ဟု မေးလျှင် သူတို့က “စစ်ချီတော်မူပါ။ ဘုရားရှင်သည် ထိုမြို့ကို မင်းကြီးလက်သို့ အပ်တော်မူမည်”ဟု ဆင့်ဆိုကြ၏။
သို့ဖြစ်၍ ဗာလဘုရား၏ပရောဖက်အားလုံး၊ ဗာလဘုရားကို ဝတ်ပြုသူအားလုံး၊ ဗာလဘုရား၏ယဇ်ပုရောဟိတ်အားလုံး တစ်ယောက်မျှမကျန် ခေါ်ခဲ့လော့။ အကြောင်းမှာ ငါသည် ဗာလဘုရားအဖို့ ယဇ်ပူဇော်ပွဲကြီးကို ကျင်းပမည်။ မလာရောက်သူများ အသက်ချမ်းသာရာရမည်မဟုတ်”ဟု ဆို၏။ စင်စစ် ယေဟုသည် ဗာလဘုရားအား ဝတ်ပြုသူများကိုသုတ်သင်ပစ်ရန် ပရိယာယ်ဆင်ခြင်းဖြစ်၏။
သို့သော် သူတို့သည် အစ္စရေးလူမျိုးကို လမ်းမှားစေသည့် ယေရောဗောင်မင်းမျိုးမင်းနွယ်ပြုသောအပြစ်မျိုးကို မလွှဲမရှောင်ဘဲ လိုက်၍ပြုကျင့်ကြ၏။ အာရှရနတ်ဘုရားမတံခွန်တိုင်သည်လည်း ရှမာရိမြို့တွင် စိုက်ထူလျက်ပင်ရှိနေသေး၏။
ဧလိရှဲသည် ထိုမြို့မှ ကရမေလတောင်ပေါ်သို့ တက်သွားပြီး ထိုနေရာမှ ရှမာရိမြို့သို့ ပြန်လာ၏။
ဧလိရှဲက အစ္စရေးဘုရင်အား “ငါသည် မင်းကြီးနှင့်မည်သို့ဆိုင်သနည်း။ အရှင့်ခမည်းတော်၏ပရောဖက်များ၊ မယ်တော်၏ပရောဖက်များထံသို့ သွားမေးပါလော့”ဟု ဆို၏။ ထိုအခါ အစ္စရေးဘုရင်က “ထိုသို့မဆိုပါနှင့်။ အကျွန်ုပ်တို့ဤဘုရင်သုံးပါးကို မောဘလူမျိုးလက်သို့ အပ်ဖို့ ထာဝရဘုရား ခေါ်ထုတ်တော်မူပြီ”ဟု ပြန်ပြော၏။
ယဟောရံမင်းကြီးသည် ယေဟုနှင့်တွေ့လျှင် “ယေဟု၊ ငြိမ်းချမ်းပါ၏လော”ဟုမေးသော် ယေဟုက “မင်းကြီး၏မယ်တော်ယေဇဗေလက ပြည့်တန်ဆာလုပ်သောအမှုနှင့် မှော်အတတ်များစွာကို လိုက်စားနေသရွေ့ မည်သို့ငြိမ်းချမ်းနိုင်မည်နည်း”ဟု ပြန်ပြော၏။
ဂျူးလူမျိုးများနှင့် ကြီးကြပ်သူတစ်ရာ့ငါးဆယ်အပါအဝင် ဝန်းကျင်မှရောက်လာသောလူမျိုးခြားများကိုလည်း ငါ့စားပွဲတွင် ငါကျွေးမွေး၏။
အို အချစ်လေး၊ သင်သည် အလွန်အဆင်းလှပါ၏။ အလွန်နှစ်သက်ဖွယ်ကောင်းပါ၏။ အလွန်စွဲမက်စရာကောင်းလှပါ၏။
ရှမာရိပရောဖက်တို့တွင် ရွံရှာဖွယ်အမှုကို ငါတွေ့၏။ သူတို့သည် ဗာလဘုရားကိုအမှီပြု၍ ပရောဖက်ပြုဟောပြောခြင်းဖြင့် ငါ့လူမျိုးတော်ကို လမ်းလွဲစေပြီ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟူသည့် နာမတော်ရှိသောရှင်ဘုရင်က “အကယ်စင်စစ် ငါအသက်ရှင်သည်နှင့်အညီ တောင်များတွင် တာဗော်တောင်ကဲ့သို့၊ ပင်လယ်ကမ်းနားတွင် ကရမေလတောင်ကဲ့သို့ ထင်ပေါ်သောသူတစ်ဦး ရောက်လာမည်”ဟု မိန့်တော်မူ၏။
အာမုတ်က “ထာဝရဘုရား၏အသံတော်သည် ဇိအုန်တောင်ပေါ်မှဟိန်းထွက်လာ၍ အသံတော်ကို ဂျေရုဆလင်မြို့မှ လွှင့်တော်မူသောအခါ သိုးကျောင်းရာစားကျက်မြေများ ခြောက်သွေ့၍ ကရမေလတောင်ထိပ်သည် ညှိုးနွမ်းသွားပြီ”ဟု ဆို၏။
ကရမေလတောင်ထိပ်တွင် ပုန်းရှောင်နေလျှင် သူတို့ကို ရှာပြီး ထိုအရပ်မှ ငါဖမ်းခေါ်လာမည်။ ငါမမြင်အောင် ပင်လယ်ကြမ်းပြင်တွင် ပုန်းနေလျှင် ထိုနေရာ၌ပင် မြွေနဂါးကို အမိန့်ပေး၍ သူတို့အား ကိုက်စေမည်။
အာလမ္မေလက်မြို့၊ အာမဒ်မြို့၊ မိရှာလမြို့ တို့ပါဝင်၏။ ထိုနယ်နိမိတ်သည် အနောက်ဘက် ကရမေလတောင်မှ ရှိဟောရလိဗနချောင်းအထိ ဖြစ်၏။
သို့သော် ပရောဖက်အတုအယောင်များသည် လူမျိုးတော်ထဲ၌ပေါ်လာကြသကဲ့သို့ သင်တို့ထဲ၌လည်း ဆရာအတုအယောင်များပေါ်လာကြလိမ့်မည်။ ထိုသူတို့သည် ပျက်စီးခြင်းသို့ရောက်စေသည့် မှားယွင်းသောအယူဝါဒများကို လျှို့ဝှက်စွာယူဆောင်လာ၍ မိမိတို့ကို ရွေးနုတ်ဝယ်ယူသောသခင်ကိုပင် ငြင်းပယ်ကာ မိမိတို့အပေါ် လျင်မြန်သောပျက်စီးခြင်းကို ကျရောက်စေကြလိမ့်မည်။
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။
သို့သော် သင့်အား ငါအပြစ်ဆိုစရာရှိ၏။ အကြောင်းမှာ သင်သည် မိမိကိုယ်ကိုပရောဖက်မဟုခေါ်သော ထိုမိန်းမယေဇဗေလကို ပြုလိုရာပြုခွင့်ပေးထားသဖြင့် သူသည် ငါ၏အစေအပါးတို့အား တရားနှင့်မညီမေထုန်ပြုကြရန်နှင့် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန် သွန်သင်လျက် သူတို့ကိုလှည့်ဖြားနေ၏။
ရှမွေလသည် နံနက်စောစောထ၍ ရှောလုမင်းကြီးကို သွားတွေ့၏။ သို့သော် တစ်စုံတစ်ယောက်က ရှမွေလအား “ရှောလုမင်းကြီးသည် ကရမေလမြို့သို့သွား၍ မိမိအဖို့ ဂုဏ်ပြုကျောက်တိုင်ကိုစိုက်ထူပြီး လှည့်လည်သွားလာကာ ဂိလဂါလမြို့ဘက်သို့ ဆင်းသွားပြီ”ဟု ကြားပြောလေ၏။