Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 5:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ဂျူး​လူမျိုး​များ​နှင့် ကြီးကြပ်​သူ​တစ်ရာ့​ငါးဆယ်​အပါအဝင် ဝန်းကျင်​မှ​ရောက်လာ​သော​လူမျိုးခြား​များ​ကို​လည်း ငါ့​စားပွဲ​တွင် ငါ​ကျွေးမွေး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ပတ်​ဝန်း​ကျင်​တိုင်း​ပြည်​များ​မှ​ငါ့​ထံ​သို့ လာ​ရောက်​ကြ​သည့်​လူ​များ​အ​ပြင် ယု​ဒ အ​မျိုး​သား​များ​နှင့် သူ​တို့​၏​ခေါင်း​ဆောင် တစ်​ရာ့​ငါး​ဆယ်​ကို ငါ​သည်​ငါ့​စား​ပွဲ​တွင် ပုံ​မှန်​ကျွေး​မွေး​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ၎င်း ပြင်၊ ပတ် ဝန်း ကျင် ရှိ လူ မျိုး ခြား တို့ အ ရပ် မှ ရောက် လာ သူ တို့ ကို မ ဆို ဘဲ၊ အ ခြား ယု ဒ လူ မျိုး တို့ နှင့် အ ရာ ရှိ တစ် ရာ့ ငါး ဆယ် တို့ သည် ငါ့ စား ပွဲ၌ အ မြဲ စား သောက် ကြ သည် နှင့် အ ညီ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ထို​မှ​တစ်​ပါး၊ ပတ်​ဝန်း​ကျင်၌​နေ၍ ငါ​တို့​ထံ​သို့​လာ​သော တစ်​ပါး​အ​မျိုး​သား​ကို မ​ဆို​ဘဲ၊ ယု​ဒ​အ​မျိုး​သား​တို့​နှင့် မင်း​အ​ရာ​ရှိ တစ်​ရာ​ငါး​ကျိပ်​တို့​သည် ငါ့​စား​ပွဲ၌ စား​သောက်​မြဲ​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 5:17
8 ပူးပေါင်းရင်းမြစ်များ  

ခြေ​နှစ်ဖက်စလုံး​မသန်စွမ်း​သော မေဖိဗောရှက်​သည် ဂျေရုဆလင်​မြို့​တွင်​နေထိုင်​ပြီး ဘုရင်​၏​စားပွဲ​၌ အမြဲအတူ​စားသောက်​ခွင့်​ရ​လေ​၏​။


ဒါဝိဒ်​မင်းကြီး​က သူ့​အား “​မ​ကြောက်​နှင့်​။ သင့်​ဖခင်​ယောနသန်​ကို​ထောက်ပြီး သင့်​အား မေတ္တာကရုဏာ​ကို​ပြ​မည်​။ သင့်​အဘိုး​ရှောလု​မင်းကြီး​ပိုင်​ခဲ့​သော​လယ်ယာမြေ​အားလုံး​ကို သင့်​အား ပြန်ပေးအပ်​မည်​။ သင်​သည် ငါ့​စားပွဲ​တွင် အမြဲ​စားသောက်​ရ​မည်”​ဟု ဆို​လျှင်


ယခုမှာ အစ္စရေး​လူမျိုး​အပေါင်း​တို့​နှင့်တကွ ယေဇဗေလ​စားပွဲ​၌​စား​သော ဗာလ​ဘုရား​၏​ပရောဖက်​လေး​ရာ့​ငါးဆယ်​နှင့် အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​၏​ပရောဖက်​လေး​ရာ​တို့​ကို ဆင့်ခေါ်​၍ ငါ​ရှိ​ရာ​ကရမေလ​တောင်​ပေါ်တွင် စုဝေး​စေ​လော့​”​ဟု ဆို​၏​။


“အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​သည် သူ​၏​ရန်သူ​တို့​ကို သူ့​ခြေဖဝါး​အောက်​သို့ ထာဝရဘုရား​မ​ချထား​မီ​အချိန်​ထိ သူ့​အား တိုက်ပွဲ​များ​ဝိုင်းရံ​လျက်​ရှိ​သောကြောင့် သူ​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​တည်​ရာ ဗိမာန်တော်​ကို တည်ဆောက်​ခွင့်​မ​ရ​ခဲ့​ကြောင်း မင်းကြီး​သိ​ပါ​၏​။


ငါ​သည် မြို့ရိုး​ကို​သာ ကြိုးစား​ပြီး ပြန်လည်​ပြုပြင်​တည်ဆောက်​၏​။ ငါ​တို့​သည် မြေ​ကို​မ​ဝယ်​။ ငါ့​လက်အောက်ငယ်သား​တို့​သည်​လည်း မြို့ရိုး​တည်ဆောက်​ခြင်း​အမှု​၌ ဝိုင်းဝန်းကူညီ​ကြ​၏​။


မြင့်မြတ်​သော​သူ​ကား မြင့်မြတ်​သော​အကြံ​ကို ကြံစည်​တတ်​၏​။ မြင့်မြတ်​သော​အမှု​၌ တည်​၏​။


သန့်ရှင်း​သူ​တို့​၏​လိုအပ်​ချက်​များ​ကို ပါဝင်​ဖြည့်ဆည်း​လျက် ဧည့်ဝတ်​ကို ကြိုးစား​ပြု​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ