Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၃ ရာ 18:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 အာဟပ်​မင်းကြီး​သည် အစ္စရေး​အမျိုးသား​အပေါင်း​တို့​ကို လူ​လွှတ်​ခေါ်​စေ​ပြီး ပရောဖက်​တို့​ကို ကရမေလ​တောင်​ပေါ်တွင် စုဝေး​စေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 သို့​ဖြစ်​၍​အာ​ဟပ်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​နှင့် ဗာ​လ​ပ​ရော​ဖက်​တို့​ကို က​ရ​မေ​လ​တောင်​ထိပ်​သို့​စု​ရုံး​စေ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 အာ ဟပ် မင်း သည် ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ ကို ခေါ် စေ၍ ပ ရော ဖက် တို့ ပါ က ရ မေ လ တောင်၌ စု ဝေး စေ သည့် ကာ လ

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 အာ​ဟပ်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ရှိ​ရာ​သို့ စေ​လွှတ်၍၊ ပ​ရော​ဖက်​တို့​ကို က​ရ​မေ​လ​တောင်​ပေါ်​မှ စု​ဝေး​စေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ရာ 18:20
7 ပူးပေါင်းရင်းမြစ်များ  

ယခုမှာ အစ္စရေး​လူမျိုး​အပေါင်း​တို့​နှင့်တကွ ယေဇဗေလ​စားပွဲ​၌​စား​သော ဗာလ​ဘုရား​၏​ပရောဖက်​လေး​ရာ့​ငါးဆယ်​နှင့် အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​၏​ပရောဖက်​လေး​ရာ​တို့​ကို ဆင့်ခေါ်​၍ ငါ​ရှိ​ရာ​ကရမေလ​တောင်​ပေါ်တွင် စုဝေး​စေ​လော့​”​ဟု ဆို​၏​။


ဧလိယ​သည် လူ​အပေါင်း​တို့​ထံသို့​သွား​ပြီး “​သင်​တို့​သည် ခံယူချက်​နှစ်​ခု​ကြား မည်မျှ​ကြာ​အောင် ဇဝေဇဝါ​ဖြစ်​နေ​မည်နည်း​။ ထာဝရဘုရား​သည် ဘုရားသခင်​မှန်​လျှင် ထာဝရဘုရား​နောက်သို့​လိုက်​လော့​။ ဗာလ​သည် ဘုရားသခင်​မှန်​လျှင် သူ့​နောက်​လိုက်​လော့​”​ဟု ဆို​၏။ လူ​တို့​သည် တစ်ခွန်းမျှ မ​တုံ့ပြန်​ကြ​။


အာဟပ်​မင်းကြီး​လည်း တက်သွား​၍​စား​သောက်​လေ​၏​။ ဧလိယ​မူကား ကရမေလ​တောင်ထိပ်​သို့ တက်သွား​ပြီး မြေ​ပေါ်၌​ဒူးထောက်​လျက် ဒူး​နှစ်​လုံး​ကြား​၌ မျက်နှာ​ကို​အပ်ထား​လေ​၏​။


ထိုအခါ အစ္စရေး​ဘုရင်​သည် ပရောဖက်​လေး​ရာ​ခန့်​ကို​စုရုံး​စေ​ပြီးလျှင် သူ​တို့​အား “​ရာမုတ်ဂိလဒ်​မြို့​ကို စစ်ချီ​၍​တိုက်ခိုက်​ရ​မည်လော​။ မတိုက်​ဘဲ​နေ​ရ​မည်လော​”​ဟု မေး​လျှင် သူ​တို့​က “​စစ်ချီ​တော်မူ​ပါ​။ ဘုရားရှင်​သည် ထို​မြို့​ကို မင်းကြီး​လက်​သို့ အပ်​တော်မူ​မည်​”​ဟု ဆင့်ဆို​ကြ​၏​။


ထိုအခါ အစ္စရေး​ဘုရင်​သည် မှူးမတ်​တစ်​ဦး​ကို​ခေါ်​ပြီး “​ဣမလ​၏​သား​မိက္ခာယ​ကို အမြန်​ခေါ်​ခဲ့​ပါ​”​ဟု မိန့်ဆို​၏​။


ဧလိရှဲ​သည် ထို​မြို့​မှ ကရမေလ​တောင်​ပေါ်သို့ တက်သွား​ပြီး ထိုနေရာ​မှ ရှမာရိ​မြို့​သို့ ပြန်လာ​၏​။


ရှမာရိ​ပရောဖက်​တို့​တွင် ရွံရှာဖွယ်အမှု​ကို ငါ​တွေ့​၏​။ သူ​တို့​သည် ဗာလ​ဘုရား​ကို​အမှီပြု​၍ ပရောဖက်ပြု​ဟောပြော​ခြင်း​ဖြင့် ငါ့​လူမျိုး​တော်​ကို လမ်းလွဲ​စေ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ