အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၃ ရာ 15:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သို့သော် သူ​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဒါဝိဒ်​မင်းကြီး​ကို​ထောက်​ထား​၍ ဂျေရုဆလင်​မြို့​တွင် ဒါဝိဒ်​မင်းကြီး​၏​မီးခွက်​ဆက်လက်​လင်း​နေ​စေရန် သူ​၏​သား​တော်​အား သူ​၏​အရိုက်အရာ​ကို​ဆက်ခံ​စေ​သည့်​အပြင် ဂျေရုဆလင်​မြို့​ကို​လည်း တည်မြဲ​စေ​ခဲ့​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

သို့​ရာ​တွင်​သူ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် ဒါ​ဝိဒ်​၏​မျက်​နှာ​ကို​ထောက်​၍​အ​ဘိ​ယ​မ​ရှိ သည့်​နောက်​၌ ယေ​ရု​ရှ​လင်​မြို့​ကို​အုပ်​စိုး​ရန်​နှင့် ယေ​ရု​ရှ​လင်​မြို့​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​စောင့်​ထိန်း ရန်​သား​တော်​တစ်​ပါး​ကို​ပေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

သို့ ရာ တွင် ဟိ တ္တိ လူ မျိုး ဥရိ ယ အ မှု မှ တစ် ပါး၊ ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ချက် များ ကို တစ် သက် ပတ် လုံး မ လွှဲ မ ရှောင် ဘဲ မျက် မှောက် တော် တွင် ဖြောင့် မှန် စွာ ပြု ကျင့် ခဲ့ သော ဒါ ဝိဒ် ကို ထောက် ထား ၍ ကိုယ့် ဘု ရား သခင် ထာ ဝ ရ ဘု ရား သည် အ လင်း မ ကွယ် စေ ရန် မြစ် အား ဆက် ခံ စေ လျက် ယေ ရု ရှ လင် မြို့ ကို တည် မြဲ စေ တော် မူ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

သို့​သော်​လည်း ဒါ​ဝိဒ်၏​မျက်​နှာ​ကို​ထောက်၍၊ သူ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဆွေ​တော်​မျိုး​တော်​ကို ချီး​မြှောက်၍၊ ယေ​ရု​ရှ​လင်​မြို့​ကို တည်​စေ​သ​ဖြင့်၊ ထို​မြို့၌ ဒါ​ဝိဒ်၏​မီး​ခွက်​ကို ထွန်း​လင်း​စေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။



၃ ရာ 15:4
26 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင့်​ကို ကြီးမြတ်​သော​လူမျိုး​ဖြစ်​စေ​မည်​။ သင့်​ကို ငါ​ကောင်းချီးပေး​၍ သင်​၏​အမည်နာမ​ကို ကြီးမြတ်​စေ​သဖြင့် သင်​သည် ကောင်းချီးမင်္ဂလာ​ဖြစ်​လိမ့်မည်​။


ထိုသို့ မြစ်ဝှမ်း​ရှိ​မြို့​များ​ကို ဘုရားသခင်​ဖျက်ဆီး​သောအခါ ဘုရားသခင်​သည် အာဗြဟံ​ကို​အောက်မေ့​တော်မူ​၏​။ သို့ဖြစ်၍ လောတ​နေ​သော​မြို့​များ​ကို ဖြိုလှဲ​သောအခါ လောတ​ကို​ထို​ဖြိုလှဲ​ခြင်း​ထဲ​မှ လွှတ်ပေး​တော်မူ​၏​။


အကြောင်းမူကား အာဗြဟံ​သည် ငါ့​စကား​ကို​နားထောင်​ပြီး ငါ​၏​ညွှန်ကြားချက်​မှစ၍ ငါ​၏​ပညတ်ချက်​များ​၊ ငါ​၏​ပြဋ္ဌာန်းချက်​များ​နှင့် ငါ​၏​တရား​များ​ကို စောင့်ထိန်း​သောကြောင့်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


ထိုအခါ ဇေရုယာ​၏​သား အဘိရှဲ​သည် ဒါဝိဒ်​မင်းကြီး​ကို​လာကူ​ပြီး ထို​ဖိလိတ္တိ​သူရဲ​ကို တိုက်ခိုက်​သတ်ဖြတ်​လိုက်​လေ​၏​။ ထို့နောက် ဒါဝိဒ်​မင်းကြီး​၏​စစ်သည်​တို့​က သူ့​အား “​အစ္စရေး​လူမျိုး​၏​ဆီမီး ငြိမ်း​မ​သွား​စေရန် နောက်နောင် အကျွန်ုပ်​တို့​နှင့်အတူ စစ်ပွဲ​ရှိ​ရာ​သို့ မ​လိုက်​ပါ​နှင့်​တော့​”​ဟု ဆို​လျက် ဒါဝိဒ်​မင်းကြီး​အား ကျိန်ဆို​စေ​၏​။


သို့သော် သင့်​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​ကို​ထောက်​ထား​၍ သင့်​လက်ထက်​တွင် ငါ​မ​ပြု​သေး​။ သင့်​သား​လက်ထက်​မှ ငါ​ပြု​မည်​။


ငါ့​အစေအပါး​ဒါဝိဒ်​မင်းကြီး​နှင့် အစ္စရေး​မျိုးနွယ်​ပိုင်​မြို့​အားလုံး​ထဲမှ ငါ​ရွေးချယ်​သော​ဂျေရုဆလင်​မြို့​ကို ထောက်​ထား​ပြီး မျိုးနွယ်​တစ်​နွယ်​ကို သူ့​အဖို့ ချန်ထား​မည်​။


ငါ့​နာမ​တည်​ရန် ငါ့​အဖို့ ငါ​ရွေးချယ်​ရာ​နေရာ ဂျေရုဆလင်​မြို့​တွင် ငါ့​အစေအပါး ဒါဝိဒ်​မင်းကြီး​၏​မီးခွက်​သည် ငါ့​ရှေ့မှောက်​တွင် အစဉ်အမြဲ​လင်း​နေ​စေရန် ရှောလမုန်​မင်းကြီး​၏​သား​တော်​ကို မျိုးနွယ်​တစ်​နွယ် ငါ​ပေး​မည်​။


သို့သော် ထာဝရဘုရား​သည် ဒါဝိဒ်​မင်းကြီး​နှင့်​ပြု​ထား​သော​ပဋိညာဉ်​ကို​ထောက်​၍ သူ​နှင့်​သူ့​သားမြေး​တို့​၏​မီးခွက်​ကို အစဉ်​ထွန်းလင်း​စေ​မည်​ဟု ကတိထား​သည်​နှင့်အညီ ဒါဝိဒ်​မင်းမျိုးမင်းနွယ်​ကို​ဖျက်ဆီး​ရန် အလို​တော်​မ​ရှိ​ပေ​။


ထို​အရပ်​၌ ဒါဝိဒ်​အတွက် ဦးချို​ကို ငါ​ပေါက်​စေ​မည်​။ ငါ​ဘိသိက်ပေး​ထား​သော​သူ​အတွက် မီးခွက်​ကို ငါ​ပြင်ဆင်​ပြီ​။


ကိုယ်တော်​သည် အကျွန်ုပ်​၏​မီးခွက်​ကို ထွန်းလင်း​စေ​တော်မူ​၏​။ အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​သည် အကျွန်ုပ်​၏​မှောင်မိုက်​ကို လင်း​စေ​တော်မူ​၏​။


ဇိအုန်​မြို့​နှင့်​ပတ်သက်၍​မူကား “​ဤ​သူ​သည် ဇိအုန်​မြို့​၌ မွေးဖွား​၏​။ ထို​သူ​သည် ဇိအုန်​မြို့​၌ မွေးဖွား​၏​”​ဟု မြွက်ဆို​လိမ့်မည်​။ အမြင့်ဆုံး​သော​အရှင်​ကိုယ်တိုင်​သည်​လည်း ထို​မြို့​ကို တည်မြဲ​စေ​တော်မူ​လိမ့်မည်​။


တိုင်းနိုင်ငံ​၏​သံတမန်​တို့​ကို မည်သို့​ပြန်ပြော​ရ​မည်နည်း​။ ထာဝရဘုရား​သည် ဇိအုန်​မြို့​ကို​တည်​တော်မူ​ပြီ​။ ထို​မြို့​၌ အဖိနှိပ်​ခံရ​သော​လူမျိုး​တော်​တို့ ခိုလှုံ​ကြ​လိမ့်မည်​ဟု ပြန်ပြော​ရ​မည်​။


အကြောင်းမူကား ငါ​သည် ငါ့​အတွက်​၊ ငါ့​အစေအပါး​ဒါဝိဒ်​အတွက် ဤ​မြို့​ကို ကာကွယ်​မည်​။ ဤ​မြို့​ကို​ကယ်တင်​မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​စေ​၏​။


ဂျေရုဆလင်​မြို့​ကို​တည်တံ့​စေ​၍ မြေကြီး​ပေါ်တွင် ချီးမွမ်းစရာ​ဖြစ်စေ​တော်​မ​မူ​မ​ချင်း ကိုယ်တော်​ကို ငြိမ်ငြိမ်​မ​နေ​စေ​နှင့်​။


သူ​၏​အာဏာစက်​သည် အစဉ်​တိုးပွား​၍ ငြိမ်သက်​ခြင်း​သည် အဆုံး​မ​ရှိ​။ ဒါဝိဒ်​၏​ရာဇပလ္လင်​ပေါ်တွင်​ထိုင်​၍ နိုင်ငံ​တော်​ကို ယခု​မှစ၍ နောင်ကာလ​အစဉ် တရားမျှတ​ခြင်း၊ ဖြောင့်မတ်​ခြင်း​တို့​ဖြင့် တည်တံ့​ခိုင်မြဲ​စေ​မည်​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စိတ်အားထက်သန်​စွာ​ဖြင့် ဤ​အမှု​ကို ပြု​တော်မူ​လိမ့်မည်​။


“ကမ္ဘာမြေကြီး​ကို ဖန်ဆင်း​တော်မူ​သော​ထာဝရဘုရား​၊ ပုံဖော်​ဖြစ်တည်​စေ​တော်မူ​သော​ထာဝရဘုရား​၊ ယေဟောဝါ​အမည်​ရှိ​သော ထာဝရဘုရား​က


သင့်​အား ငါ​ဆို​သည်​ကား သင်​သည် ပေတရု​ဖြစ်​၏။ ဤ​ကျောက်​ပေါ်၌ ငါ​၏​အသင်းတော်​ကို ငါ​တည်ဆောက်​မည်။ မရဏာ​နိုင်ငံ​၏​တံခါး​တို့​သည်​လည်း ထို​အသင်းတော်​ကို အနိုင်ရ​ကြ​မည်​မ​ဟုတ်။


တစ်ဖန် ယေရှု​သည် လူ​တို့​အား​မြွက်ဆို​တော်မူ​၍“ငါ​သည် ဤ​လောက​၏​အလင်း​ဖြစ်​၏။ ငါ့​နောက်​သို့​လိုက်​သော​သူ​သည် မည်သည့်​အခါ​မျှ မှောင်မိုက်​၌​သွားလာ​ခြင်း​မ​ရှိ​ဘဲ အသက်​၏​အလင်း​ကို​ရရှိ​မည်”​ဟု မိန့်​တော်မူ​၏။


ကောင်းမြတ်​သော​သတင်း​အရ သူ​တို့​သည် သင်​တို့​အတွက်​ကြောင့် ရန်သူ​များ​ဖြစ်​ကြ​သော်လည်း ရွေးကောက်​တော်မူ​ခြင်း​အရ ရှေး​ဘိုးဘေး​များ​အတွက်​ကြောင့် ချစ်​တော်မူ​သော​သူ​များ​ဖြစ်​ကြ​၏။


ကိုယ်တော်​သည် သင်​တို့​၏​ဘိုးဘေး​တို့​ကို​ချစ်​တော်မူ​သောကြောင့် သူ​တို့​၏​သားစဉ်မြေးဆက်​ဖြစ်​သော​သင်​တို့​အား ရွေးချယ်​တော်မူ​၍ ကြီးမား​သော​တန်ခိုး​တော်​ဖြင့် အီဂျစ်​ပြည်​မှ သင်​တို့​ကို ထုတ်ဆောင်​တော်မူ​ခဲ့​၏​။


ငါ​ယေရှု​သည် အသင်းတော်​များ​အတွက် ဤ​အကြောင်းအရာ​များ​ကို သင်​တို့​အား​သက်သေခံ​ရန် ငါ​၏​ကောင်းကင်​တမန်​ကို​စေလွှတ်​လိုက်​၏။ ငါ​သည် ဒါဝိဒ်​၏​အမြစ်​နှင့်​အမျိုးအနွယ်​ဖြစ်​ပြီး တောက်ပ​သော​မိုးသောက်​ကြယ်​ဖြစ်​၏။”