အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၂ သက် 1:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဤသည်ကား ဘုရားသခင်​၏​နိုင်ငံ​တော်​အတွက် ဒုက္ခ​ဝေဒနာ​ခံစား​ရ​သော​သင်​တို့​ကို ထို​နိုင်ငံ​တော်​နှင့်​ထိုက်တန်​သော​သူ​ဖြစ်​စေရန် စီရင်​တော်မူ​သော ဘုရားသခင်​၏​ဖြောင့်မတ်​သည့်​တရား​စီရင်​ခြင်း​ကို ထင်ရှား​စေ​သော​အထောက်အထား​ဖြစ်​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ဤ​တွင်​ဘု​ရား​သ​ခင်​၏​စီ​ရင်​တော်​မူ​ချက် သည်​တ​ရား​မျှ​တ​ကြောင်း​ထင်​ရှား​၏။ သို့ ဖြစ်​၍​သင်​တို့​သည်​ကိုယ်​တော်​၏​နိုင်​ငံ​တော် နှင့်​ထိုက်​တန်​သူ​များ​ဖြစ်​လာ​ကြ​လိမ့်​မည်။ သင်​တို့​သည်​နိုင်​ငံ​တော်​အ​တွက်​ကြောင့် ယ​ခု​ဆင်း​ရဲ​ဒုက္ခ​ခံ​နေ​ရ​ကြ​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထို သို့ နေ ကြ သည် မှာ ဘု ရား သ ခင့် နိုင် ငံ တော့် အ တွက် ဒု က္ခ ခံ ရ သော သင် တို့ ကို ထို နိုင် ငံ တော် နှင့် ထိုက် တန် သူ များ အ ဖြစ် မှတ် တော် မူ ပြီ ဟု တ ရား သ ဖြင့် ဘု ရား သ ခင် စီ ရင် တော် မူ သော သက် သေ လ က္ခ ဏာ တည်း။

အခန်းကိုကြည့်ပါ။

Judson Bible

သင်​တို့​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​အ​တွက် ဆင်း​ရဲ​ခံ​ရ၍၊ ထို​နိုင်​ငံ​တော်​ကို ဝင်​စား​ထိုက်​သည်​ဟု မှတ်​တော်​မူ​ခြင်း​ကို ခံ​ရ​စေ ခြင်း​ငှာ၊ တ​ရား​သ​ဖြင့် ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​ခြင်း​အ​မှု​သည် ထို​သို့​သော​အား​ဖြင့် ထင်​ရှား​လျက်​ရှိ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ဤ​အရာ​သည် ဘုရားသခင်​၏ တရားစီရင်တော်မူခြင်း​က တရားမျှတကြောင်း ပေါ်လွင်သည့် အထောက်အထား​ဖြစ်ပြီး ထိုသို့ ဘုရားသခင်​၏ နိုင်ငံတော်​အတွက် ဆင်းရဲ​ဒုက္ခ​ခံရ​သောကြောင့် ထို​နိုင်ငံတော်​နှင့် ထိုက်တန်သည်​ဟု သတ်မှတ်ခံရ​ရန် ရည်ရွယ်၏။

အခန်းကိုကြည့်ပါ။



၂ သက် 1:5
28 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်​သည် တရားမျှတမှု​ကို မတရားမှု​ဖြစ်​စေ​မည်လော​။ အနန္တတန်ခိုးရှင်​သည် ဖြောင့်မတ်​ခြင်း​ကို ကောက်ကွေ့​စေ​မည်လော​။


ကိုယ်တော်​၏​လက်​တော်​ဖြင့် ပြုလုပ်​သော​အရာ​တို့​သည် သစ္စာ​နှင့်​လည်းကောင်း​၊ တရားမျှတ​ခြင်း​နှင့်​လည်းကောင်း ညီညွတ်​ကြ​၏​။ ကိုယ်တော်​၏​ဥပဒေသ​အားလုံး​တို့​သည် ယုံကြည်​စိတ်ချ​ရ​၏​။


ကိုယ်တော်​သည် ဖြောင့်မတ်​ခြင်း​နှင့် တရားမျှတ​ခြင်း​တို့​ကို နှစ်သက်​တော်မူ​၏​။ ကမ္ဘာမြေကြီး​သည် ထာဝရဘုရား​၏ မေတ္တာကရုဏာ​တော်​နှင့်​ပြည့်ဝ​လျက်​ရှိ​၏​။


ထိုအခါ ကောင်းကင်​သည် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို​ပြောကြား​၏​။ အကြောင်းမူကား ဘုရားသခင်​ကိုယ်တော်တိုင်​သည် တရားစီရင်​သော​အရှင်​ဖြစ်​တော်မူ​၏​။(​စေလာ)


ထို​မင်း​သည် ကိုယ်တော်​၏​လူမျိုး​တော်​ကို ဖြောင့်မတ်​ခြင်း​ဖြင့်​လည်းကောင်း​၊ အဖိနှိပ်​ခံရ​သော ကိုယ်တော်​၏​လူ​တို့​ကို တရားမျှတ​ခြင်း​ဖြင့်​လည်းကောင်း စစ်ကြောစီရင်​ပါစေသော​။


တန်ခိုးကြီး​သော​ရှင်ဘုရင်​သည် တရားမျှတ​ခြင်း​ကို နှစ်သက်​တော်မူ​၏​။ ကိုယ်တော်​သည် သမာသမတ်​ရှိ​ခြင်း​ကို တည်မြဲ​စေ​တော်မူ​၏​။ ယာကုပ်​အမျိုး​ထဲတွင် တရားမျှတ​ခြင်း​နှင့်​ဖြောင့်မတ်​ခြင်း​ကို စီရင်​တော်မူ​၏​။


ထာဝရဘုရား​က “ဝါကြွား​သော​သူ​မူကား ငါ​ထာဝရဘုရား​သည် ကမ္ဘာမြေ​ပေါ်တွင် မေတ္တာကရုဏာ​ပြ​သော​ဘုရား​၊ တရားမျှတ​သော​ဘုရား​၊ ဖြောင့်မတ်​သော​ဘုရား​ဖြစ်၍ ထိုသို့​ပြု​ခြင်း​ကို ငါ​နှစ်သက်​ကြောင်း သိ​နားလည်​ခြင်း​၌​သာ ဝါကြွား​စေ​”​ဟု မိန့်​တော်မူ​၏​။


ယခု​တွင် ငါ​နေဗုခဒ်နေဇာ​မင်းကြီး​သည် ကောင်းကင်ဘုံ​ရှင်ဘုရင်​ကို ချီးမွမ်း​ထောမနာပြု​ပါ​၏​၊ ချီးမြှောက်​ပါ​၏​။ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​သည် သစ္စာ​တော်​နှင့်​ပြည့်စုံ​တော်မူ​ပါ​၏​။ ကိုယ်တော်​၏​နည်းလမ်း​တော်​တို့​သည် တရားမျှတ​တော်မူ​၏​။ ကိုယ်တော်​သည် မာနထောင်လွှား​သော​သူ​တို့​ကို နှိမ့်ချ​နိုင်စွမ်း​ရှိ​တော်မူ​ပါ​၏​။


သို့သော် တမလွန်​ကာလ​သို့​ဝင်စား​ရန်​နှင့် သေ​သော​သူ​တို့​ထဲမှ​ရှင်ပြန်​ထမြောက်​ရန် ထိုက်တန်​သည်​ဟု​မှတ်ယူ​ခြင်း​ခံရ​သော​သူ​တို့​သည် ထိမ်းမြား​စုံဖက်​ခြင်း​ကို​မ​ပြု၊ ပေးစား​ဆောင်နှင်း​ခြင်း​လည်း​မ​ရှိ။


ထို့ကြောင့် သင်​တို့​သည် ဖြစ်ပျက်​တော့မည့် ဤ​အမှု​ခပ်သိမ်း​တို့​မှ လွတ်မြောက်​၍ လူ့သား​၏​ရှေ့​တော်​၌ မတ်တတ်ရပ်​နိုင်​ရန် အချိန်​ရှိသရွေ့ နိုးနိုးကြားကြား​ရှိ​လျက် ဆုတောင်း​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


ထိုအခါ ပေါလု​နှင့်​ဗာနဗ​တို့​သည် ရဲရင့်​စွာ​ဟောပြော​လျက် “ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို သင်​တို့​အား ဦးစွာ​ဟောပြော​ရန်​လိုအပ်​၏။ သို့သော် သင်​တို့​သည် ၎င်း​ကို​ငြင်းပယ်​၍ မိမိတို့ကိုယ်ကို ထာဝရ​အသက်​နှင့်​မ​ထိုက်တန်​ဟု စီရင်​ကြ​သောကြောင့် ငါ​တို့​သည် လူမျိုးခြား​တို့​ထံသို့ လှည့်​သွား​ကြ​၏။


တပည့်​တော်​တို့​၏​စိတ်နှလုံး​ကို ခိုင်ခံ့​မြဲမြံ​စေ​လျက် ယုံကြည်​ခြင်း​၌ ဆက်၍​တည်နေ​ကြ​ရန် တိုက်တွန်း​နှိုးဆော်​ကာ “ငါ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန် များစွာ​သော​ဆင်းရဲ​ဒုက္ခ​ကို ဖြတ်သန်း​ရ​မည်”​ဟု ဆို​ကြ​၏။


သို့သော် သင်​၏​မာကျော​ခက်ထန်​မှု​နှင့်​နောင်တ​မ​ရ​သော​စိတ်နှလုံး​တို့​ကြောင့် သင်​သည် အမျက်​တော်​နေ့​တည်းဟူသော ဘုရားသခင်​၏​ဖြောင့်မတ်​သည့် တရား​စီရင်​ခြင်း​ထင်ရှား​ရာ​နေ့​အတွက် အမျက်​တော်​ကို မိမိ​အဖို့​သိုမှီး​လျက်​ရှိ​၏။


ထိုသို့ သားသမီး​များ​ဖြစ်​ကြ​လျှင် အမွေခံ​များ​လည်း ဖြစ်​ကြ​၏။ ငါ​တို့​သည် ခရစ်တော်​နှင့်အတူ​ဘုန်း​တော်​ချီးမြှောက်​ခြင်း​ခံရ​ရန် ဒုက္ခ​ဆင်းရဲ​ခြင်း​ကို​လည်း ကိုယ်တော်​နှင့်အတူ​ခံရ​ကြ​လျှင် ဘုရားသခင်​၏​အမွေခံ​များ​ဖြစ်​ကြ​ပြီး ခရစ်တော်​နှင့်အတူ​အမွေ​ဆက်ခံ​သူ​များ​လည်း ဖြစ်​ကြ​၏။


ထို့ကြောင့် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သင်တို့​သည် ထို​ခေါ်ယူ​တော်မူ​ခြင်း​နှင့်​ထိုက်တန်​စွာ အသက်ရှင်​လျှောက်လှမ်း​ကြ​ရန် သခင်​ဘုရား​အတွက် အကျဉ်းသား​ဖြစ်​သော​ငါ​သည် သင်​တို့​ကို​တိုက်တွန်း​နှိုးဆော်​ပါ​၏။


ထိုသို့​ကြောက်ရွံ့​ခြင်း​မ​ရှိ​ခြင်း​သည် သူ​တို့​အတွက် ပျက်စီး​ခြင်း​၏​လက္ခဏာ​ဖြစ်​၏။ သင်​တို့​အတွက်​မူကား ကယ်တင်​ခြင်း​၏​လက္ခဏာ​ဖြစ်ပြီး ၎င်း​သည် ဘုရားသခင်​ထံမှ​လာ​၏။


သင်​တို့​ကို အလင်း​ထဲ၌​ရှိ​သော သန့်ရှင်း​သူ​များ​၏​ဝေစု​၌​ပါဝင်​ရန် ထိုက်တန်​သူ​ဖြစ်စေ​တော်မူ​သော​ခမည်းတော်​ကို ဝမ်းမြောက်​သော​စိတ်​နှင့် ကျေးဇူးတင်​ကြ​မည့်​အကြောင်း တောင်းလျှောက်​ကြ​၏။


ညီအစ်ကို​တို့၊ သင်​တို့​သည် ခရစ်တော်​ယေရှု​၌​တည်​သော ယုဒ​ပြည်​ရှိ ဘုရားသခင်​၏​အသင်းတော်​များ​ကို အတုယူ​သူ​များ​ဖြစ်​ကြ​ပြီ။ အကြောင်းမူကား သူ​တို့​သည် ဂျူး​လူမျိုး​တို့​လက်​တွင် ဒုက္ခ​ဝေဒနာ​ခံစား​ကြ​ရ​သကဲ့သို့ သင်​တို့​သည်​လည်း မိမိ​တို့​၏​အမျိုးသား​ချင်း​များ​လက်​တွင် အလားတူ​ခံစား​ကြ​ရ​၏။


ထို့ကြောင့် ငါ​တို့​၏​ဘုရားသခင်​သည် သင်​တို့​ကို ခေါ်ယူ​တော်မူ​ခြင်း​နှင့်​ထိုက်တန်​သော​သူ​များ​ဖြစ်စေ​၍ ကောင်းမြတ်​သော​အမှု​ကို​ပြုလို​သော​စေတနာ​စိတ်​ရှိသမျှ​နှင့် ယုံကြည်​ခြင်း​နှင့်ဆိုင်သော​လုပ်ဆောင်​မှု​တို့​ကို တန်ခိုး​တော်​အားဖြင့် သင်​တို့​၌​ပြည့်စုံ​စေ​တော်မူ​မည့်​အကြောင်း သင်​တို့​အတွက် ငါ​တို့​အစဉ်အမြဲ​ဆုတောင်း​ကြ​၏။


ငါ​တို့​သည် သည်းခံ​လျှင် ကိုယ်တော်​နှင့်အတူ​စိုးစံ​ရ​ကြ​လိမ့်မည်။ ကိုယ်တော်​ကို​ငြင်းပယ်​မည်​ဆိုလျှင် ကိုယ်တော်​သည်​လည်း ငါ​တို့​ကို​ငြင်းပယ်​တော်မူ​လိမ့်မည်။


အို ထာဝရ​ဘုရား၊ မည်သူ​သည် ကိုယ်တော်​ကို​မ​ကြောက်ရွံ့၊ နာမ​တော်​ကို​လည်း မ​ချီးမွမ်း​ဘဲ နေ​လိမ့်မည်​နည်း။ အကြောင်းမူကား ကိုယ်တော်​တစ်ပါးတည်း​သာလျှင် သန့်ရှင်း​တော်မူ​၏။ ကိုယ်တော်​၏​ဖြောင့်မတ်​သော​စီရင်​ချက်​တို့​သည် ထင်ရှား​သည်​ဖြစ်၍ လူမျိုး​တကာ​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​သို့​လာ​၍ ရှိခိုး​ကြ​ပါ​လိမ့်မည်”​ဟု ဆို​ကြ​၏။


ယဇ်ပလ္လင်​က​လည်း “မှန်​ပါ​၏။ အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်၊ ကိုယ်တော်​၏​စီရင်​တော်မူ​ချက်​တို့​သည် မှန်ကန်​၍ တရားမျှတ​ပါ​၏”​ဟု ပြောဆို​သည်​ကို ငါ​ကြား​ရ​၏။


အကြောင်းမူကား ကိုယ်တော်​၏​တရား​စီရင်​တော်မူ​ချက်​တို့​သည် မှန်ကန်​၍​ဖြောင့်မတ်​၏။ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အားဖြင့် ကမ္ဘာ​မြေကြီး​အား​ပျက်စီး​စေ​သည့် ပြည့်တန်ဆာမ​ကြီး​ကို ကိုယ်တော်​သည် စီရင်​တော်မူ​လျက် သူ​၏​လက်​၌​စွန်းထင်း​သော ကိုယ်တော့်​အစေအပါး​တို့​၏​သွေး​အတွက် လက်တုံ့ပြန်​တော်မူ​ပြီ”​ဟု ဆို​ကြ​၏။


သို့သော် သာဒိ​မြို့​၌ မိမိ​တို့​အဝတ်​ကို​မ​ညစ်ညူး​စေ​သော​သူ အနည်းငယ်​ရှိ​၏။ ထို​သူ​တို့​သည် ထိုက်တန်​သော​သူ​များ​ဖြစ်​သောကြောင့် ဖြူ​သော​အဝတ်​ကို​ဝတ်​လျက် ငါ​နှင့်အတူ​သွားလာ​ရ​ကြ​လိမ့်မည်။