စားသောက်ပွဲတည်ခင်းပုံ၊ မင်းမှုထမ်းတို့၏နေရာထိုင်ခင်း၊ အမှုထမ်းတို့တာဝန်ထမ်းဆောင်ပုံနှင့် ဝတ်စားဆင်ယင်ပုံ၊ ဖလားတော်ဝန်များ၊ ထာဝရဘုရား၏အိမ်တော်တွင် ပူဇော်သောမီးရှို့ရာယဇ်များ စသည်တို့ကို မြင်သောအခါ ရင်သပ်ရှုမောမဆုံး ဖြစ်ရလေ၏။
၂ ရာချုပ် 9:4 - မြန်မာ့စံမီသမ္မာကျမ်း စားသောက်ပွဲတည်ခင်းပုံ၊ မင်းမှုထမ်းတို့၏နေရာထိုင်ခင်း၊ အမှုထမ်းတို့တာဝန်ထမ်းဆောင်ပုံနှင့် ဝတ်စားဆင်ယင်ပုံ၊ ဖလားတော်ဝန်များနှင့်သူတို့၏ဝတ်စားဆင်ယင်ပုံ၊ ထာဝရဘုရား၏အိမ်တော်သို့တက်သွားရာလမ်းတွင် စောင်းတန်းများပါရှိပုံ စသည်တို့ကို မြင်သောအခါ ရင်သပ်ရှုမောမဆုံး ဖြစ်ရလေ၏။ Common Language Bible ဘုရင်မသည်မင်းကြီးပွဲတော်တည်သော အစားအစာများ၊ မှူးမတ်တို့၏နေအိမ် များ၊ နန်းတော်အမှုထမ်းအရာထမ်းများ အားဖွဲ့စည်းပုံနှင့်သူတို့ဝတ်ဆင်ကြသည့် ဆင်တူဝတ်စုံများ၊ ပွဲလမ်းသဘင်အခါတွင် မင်းကြီးအားခစားရသူအစေခံများနှင့် သူတို့၏ဝတ်စုံများ၊ ဗိမာန်တော်တွင်မင်း ကြီးပူဇော်သည့်ယဇ်များကိုတွေ့မြင်သော အခါလွန်စွာအံ့သြလေသည်။ Garrad Bible ပွဲ တော် စာ ကျေး ကျွန် သင်း ပင်း တို့ နေ ထိုင် ပုံ၊ နန်း တော် သား တို့ ဆင် ယင် ခ စား ပုံ၊ ရေ ကြည် တော် အ ရာ ရှိ တို့ ဆင် ယင် ပုံ နှင့် ထာ ဝ ရ ဘု ရား ဗိ မာန် တော် ၌ မီး ရှို့ ပူ ဇော် နည်း များ ကို သိ မြင် သော အ ခါ စိတ် အား လျော့ ၍ Judson Bible စားပွဲတော် တန်ဆာကိုလည်းကောင်း၊ အမှုတော်စောင့်တို့ နေရာထိုင်ရာကိုလည်းကောင်း၊ လုလင်တို့ခစားသည် အခြင်းအရာကိုလည်းကောင်း၊ သူတို့ဝတ်သော အဝတ်တန်ဆာကိုလည်းကောင်း၊ ဝန်စာရေးများနှင့် သူတို့ဝတ်သော အဝတ်တန်ဆာကိုလည်းကောင်း၊ ထာဝရဘုရား၏အိမ်တော်၌ မီးရှို့ရာယဇ်ပူဇော်ခြင်းကိုလည်းကောင်း မြင်သောအခါ မိန်းမောတွေဝေလျက်ရှိ၍၊ |
စားသောက်ပွဲတည်ခင်းပုံ၊ မင်းမှုထမ်းတို့၏နေရာထိုင်ခင်း၊ အမှုထမ်းတို့တာဝန်ထမ်းဆောင်ပုံနှင့် ဝတ်စားဆင်ယင်ပုံ၊ ဖလားတော်ဝန်များ၊ ထာဝရဘုရား၏အိမ်တော်တွင် ပူဇော်သောမီးရှို့ရာယဇ်များ စသည်တို့ကို မြင်သောအခါ ရင်သပ်ရှုမောမဆုံး ဖြစ်ရလေ၏။
“အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးသည် သူ၏ရန်သူတို့ကို သူ့ခြေဖဝါးအောက်သို့ ထာဝရဘုရားမချထားမီအချိန်ထိ သူ့အား တိုက်ပွဲများဝိုင်းရံလျက်ရှိသောကြောင့် သူ၏ဘုရားသခင်ထာဝရဘုရား၏နာမတော်တည်ရာ ဗိမာန်တော်ကို တည်ဆောက်ခွင့်မရခဲ့ကြောင်း မင်းကြီးသိပါ၏။
ထာဝရဘုရား၏အိမ်တော်၌ ဆောက်လုပ်ထားသော ဥပုသ်ဇရပ်နှင့် ထာဝရဘုရား၏အိမ်တော်သို့ ရှင်ဘုရင်ဝင်ရာ အပြင်လမ်းတို့ကိုလည်း အဆီးရီးယားဘုရင်ကြောင့် ပိတ်ပစ်လိုက်၏။
ရှလ္လုံသည် ယခုချိန်ထိ ဘုရင်ထွက်ဝင်ရာအရှေ့ဘက်မြို့တံခါး၏တံခါးမှူး ဖြစ်၏။ ဤသူတို့သည် လေဝိသားမြေးတို့၏တပ်စခန်း၌ တံခါးစောင့်များ ဖြစ်ကြ၏။
ရှင်ဘုရင်သည် အဝင်ဝတိုင်နားတွင် ရပ်နေပြီး မှူးမတ်များ၊ တံပိုးခရာမှုတ်သူများလည်း ရှင်ဘုရင်အား ခြံရံလျက် ရှိနေသည်ကိုလည်းကောင်း၊ ပြည်သူပြည်သားအပေါင်းတို့က ဝမ်းမြောက်ပျော်ရွှင်စွာတံပိုးခရာတူရိယာမှုတ်လျက် သီချင်းများချီးမွမ်းသီဆိုနေကြသည်ကိုလည်းကောင်း အာသလိဘုရင်မ မြင်ရလျှင် သူ့အဝတ်ကိုဆုတ်ဖြဲလျက် “လျှို့ဝှက်ကြံစည်မှုပါတကား၊ လျှို့ဝှက်ကြံစည်မှုပါတကား”ဟု အော်ဟစ်လေ၏။
ရှေဘဘုရင်မသည် ဉာဏ်ပညာအလုံးစုံနှင့်ပြည့်စုံသောရှောလမုန်မင်းကြီးနှင့် သူတည်ဆောက်သောနန်းတော်၊
ထို့ကြောင့် ရှင်ဘုရင်အား “အကျွန်ုပ်တိုင်းပြည်၌ ကြားသိနေရသော မင်းကြီး၏အောင်မြင်မှုသတင်း၊ ဉာဏ်ပညာသတင်းများသည် အမှန်ပင်ဖြစ်ပေ၏။
အို ဘုရားရှင်၊ ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ကိုယ်တော်၏နာမတော်အား ကြောက်ရွံ့ရိုသေရသည်ကိုနှစ်သက်သော ကိုယ်တော့်အစေအပါးတို့၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ယနေ့ ကိုယ်တော့်အစေအပါးအား အောင်မြင်ခွင့်ပေးတော်မူပါ။ မင်းကြီးရှေ့မှာ ဤလူမျက်နှာသာရပါစေသော”ဟု ဆုတောင်း၏။ ထိုစဉ်က ငါသည် ရှင်ဘုရင်၏ဖလားတော်ဝန် ဖြစ်၏။
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်၏ကယ်တင်ခြင်းကိုတောင့်တလျက် အားအင်ကုန်ခန်းပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို မျှော်လင့်ကိုးစားပါ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်ကို အလျင်အမြန်ထူးတော်မူပါ။ အကျွန်ုပ်၏ဝိညာဉ်သည် အားအင်ကုန်ခန်းပါပြီ။ အကျွန်ုပ်သည် သေတွင်းထဲသို့ ဆင်းသွားသောသူတို့ကဲ့သို့ မဖြစ်ရပါမည့်အကြောင်း အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မမူပါနှင့်။
အို ဂျေရုဆလင်သမီးပျိုတို့၊ အကျွန်ုပ်ချစ်သူကိုတွေ့လျှင် အကျွန်ုပ်အချစ်နာကျနေသည်ကို သူ့အားပြောပြပေးပါမည်ဟု ကျိန်ဆိုကြပါလော့။”
မင်းသားတစ်ပါးသာလျှင် ထိုတံခါးနားတွင်ထိုင်၍ ထာဝရဘုရားရှေ့တော်၌စားသောက်ရမည်။ သူသည် ထိုတံခါး၏ဆင်ဝင်လမ်းဖြင့်ဝင်၍ ထိုလမ်းဖြင့်ပင် ပြန်ထွက်ရမည်”ဟု မိန့်တော်မူ၏။
မင်းသားသည် အပြင်မုခ်ဆောင်၏ဆင်ဝင်မှဝင်၍ တံခါးတိုင်နားတွင် ရပ်နေရမည်။ ယဇ်ပုရောဟိတ်တို့သည် မင်းသားပေးသော မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ရမည်။ မင်းသားသည် တံခါးခုံနားတွင် ပျပ်ဝပ်ရှိခိုးပြီးမှ ထွက်သွားရမည်။ တံခါးကို နေဝင်ချိန်ထိ ဖွင့်ထားရမည်။
သခင့်အစေအပါးအကျွန်ုပ်သည် သခင်နှင့်မည်သို့ ပြောဆိုနိုင်မည်နည်း။ ယခုပင် အကျွန်ုပ်၌ ခွန်အားမရှိတော့ပါ။ ထွက်သက်ဝင်သက်လည်း မကျန်တော့ပါ”ဟု ပြန်လျှောက်၏။
သို့သော် သင်တို့အား ငါဆိုသည်ကား မိမိ၏ဘုန်းအသရေဖြင့်ပြည့်ဝလျက်ရှိသော ရှောလမုန်ပင်လျှင် ဤနှင်းပန်းတစ်ပွင့်ကဲ့သို့ မဆင်မြန်းခဲ့ရပေ။
သခင်ပြန်လာသောအခါ သတိနှင့်စောင့်နေကြသည်ကို သခင်တွေ့ရသောအစေအပါးတို့သည် မင်္ဂလာရှိကြ၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိခါးကိုစည်းလျက် သူတို့ကိုထိုင်စေပြီးလျှင် အနားသို့လာ၍ သူတို့ကိုလုပ်ကျွေးပြုစုလိမ့်မည်။
ငါသည် ထိုသူကိုမြင်ရသောအခါ သူ၏ခြေရင်း၌လဲကျ၍ လူသေကဲ့သို့ဖြစ်၏။ ထိုအခါ သူသည် ငါ့အပေါ်၌ သူ၏လက်ယာလက်ကိုတင်လျက်“မကြောက်နှင့်။ ငါသည် အဦးဆုံးနှင့်နောက်ဆုံးဖြစ်၏။
ကြည့်ရှုလော့။ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ မည်သူမဆို ငါ့အသံကိုကြား၍ တံခါးကိုဖွင့်လျှင် ထိုသူရှိရာသို့ ငါဝင်ပြီး သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူစားသောက်ရလိမ့်မည်။