ယေဇကျေလ 46:2 - မြန်မာ့စံမီသမ္မာကျမ်း2 မင်းသားသည် အပြင်မုခ်ဆောင်၏ဆင်ဝင်မှဝင်၍ တံခါးတိုင်နားတွင် ရပ်နေရမည်။ ယဇ်ပုရောဟိတ်တို့သည် မင်းသားပေးသော မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ရမည်။ မင်းသားသည် တံခါးခုံနားတွင် ပျပ်ဝပ်ရှိခိုးပြီးမှ ထွက်သွားရမည်။ တံခါးကို နေဝင်ချိန်ထိ ဖွင့်ထားရမည်။ အခန်းကိုကြည့်ပါ။Common Language Bible2 နန်းစံနေဆဲမင်းသားသည်ထိုတံခါးဖြင့် တံတိုင်းအပြင်ဝင်းကနေ၍ မုခ်ပေါက်အတွင်း ၌ရှိသောအခန်းထဲသို့ဝင်ရမည်။ သူသည် မိမိ၏မီးရှို့ရာယဇ်များနှင့်မိတ်သဟာ ယဇ်များကိုယဇ်ပုရောဟိတ်တို့ပူဇော်နေ ကြစဉ် မုခ်ပေါက်တိုင်များအနီးတွင်ရပ်၍ နေရမည်။ သူသည်တံခါးဝတွင်ရှိခိုးဝတ် ပြုပြီးနောက်အပြင်သို့ပြန်၍ထွက်ရမည်။ တံခါးကိုမူညနေအထိမပိတ်ဘဲထား ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible2 ပြည့် ရှင် မင်း သည်၊ ထို တံ ခါး အ ပြင် မုတ် ဆောင် ဖြင့် ဝင်၍၊ ပါ လာ သော မီး ရှို့ ရာ သ က္ကာ နှင့် မိတ် သ ဟာ ရ သ က္ကာ များ ကို၊ ပ ရော ဟိတ် တို့ ဆက် ကပ် ကြ စဉ်၊ တံ ခါး တိုင် အ နီး တံ ခါး ခုံ ပေါ် တွင် ရပ် လျက် ရှိ ခိုး ပြီး လျှင်၊ ထွက် သွား ရ မည်။ တံ ခါး ကို ကား၊ ညဉ့် ဦး မ တိုင် မီ မ ပိတ် ရ။ အခန်းကိုကြည့်ပါ။Judson Bible2 မင်းသားသည် ထိုတံခါးမုခ်ဖြင့်ဝင်၍ တံခါးတိုင်အနားမှာ ရပ်နေရမည်။ ယဇ်ပုရောဟိတ်တို့သည် မင်းသားမီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်၍၊ သူသည် တံခါးခုံ၌ ဦးညွှတ်ချပြီးမှ ပြင်သို့ထွက်သွားရမည်။ သို့ရာတွင်၊ ညဉ့်ဦးယံမရောက်မီ ထိုတံခါးကို မပိတ်ရ။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်သည် အဝင်ဝတိုင်နားတွင် ရပ်နေပြီး မှူးမတ်များ၊ တံပိုးခရာမှုတ်သူများလည်း ရှင်ဘုရင်အား ခြံရံလျက် ရှိနေသည်ကိုလည်းကောင်း၊ ပြည်သူပြည်သားအပေါင်းတို့က ဝမ်းမြောက်ပျော်ရွှင်စွာတံပိုးခရာတူရိယာမှုတ်လျက် သီချင်းများချီးမွမ်းသီဆိုနေကြသည်ကိုလည်းကောင်း အာသလိဘုရင်မ မြင်ရလျှင် သူ့အဝတ်ကိုဆုတ်ဖြဲလျက် “လျှို့ဝှက်ကြံစည်မှုပါတကား၊ လျှို့ဝှက်ကြံစည်မှုပါတကား”ဟု အော်ဟစ်လေ၏။
ရှင်ဘုရင်သည် မိမိနေရာတွင်ရပ်၍ ထာဝရဘုရားနောက်တော်သို့ လိုက်ပါမည်၊ ပညတ်ချက်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စောင့်ထိန်းပါမည်၊ ဤကျမ်းစာတွင်ရေးထားသောပဋိညာဉ်စကားများကို လိုက်နာပါမည်ဟု ထာဝရဘုရားရှေ့တော်၌ ကတိသစ္စာပြု၏။
စေတနာအလျောက်ပူဇော်သော မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို မင်းသားသည် ထာဝရဘုရားထံ စေတနာအလျောက်ဆက်သသောအခါ အရှေ့မုခ်ဆောင်တံခါးကို ဖွင့်ထားရမည်။ သူသည် ဥပုသ်နေ့တွင် မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်တို့ကို ဆက်သသကဲ့သို့ ဆက်သရမည်။ ဆက်သပြီး ပြန်ထွက်သွားသောအခါ တံခါးကို ပြန်ပိတ်ထားရမည်။