ဒံယေလ 10:17 - မြန်မာ့စံမီသမ္မာကျမ်း17 သခင့်အစေအပါးအကျွန်ုပ်သည် သခင်နှင့်မည်သို့ ပြောဆိုနိုင်မည်နည်း။ ယခုပင် အကျွန်ုပ်၌ ခွန်အားမရှိတော့ပါ။ ထွက်သက်ဝင်သက်လည်း မကျန်တော့ပါ”ဟု ပြန်လျှောက်၏။ အခန်းကိုကြည့်ပါ။Common Language Bible17 အကျွန်ုပ်သည်သခင်၏ရှေ့တွင်ရပ်နေသော ကျွန်နှင့်တူပါ၏။ အဘယ်သို့လျှင်အရှင်နှင့် စကားပြောနိုင်ပါမည်နည်း။ အကျွန်ုပ်မှာ အားအင်မရှိ၊ ထွက်သက်ဝင်သက်လည်း မရှိတော့ပါ'' ဟုလျှောက်ထား၏။ အခန်းကိုကြည့်ပါ။Garrad Bible17 အ ရှင် ဘု ရား၊ ကျွန် တော် မျိုး သည် အ ရှင် ဘု ရား နှင့် မည် သို့ ပြော ဆို နိုင် ပါ အံ့ နည်း။ ယ ခု ပင် ကျွန် တော်၌ ခွန် အား အ လျှင်း မ ရှိ၊ အ သက် လည်း ကုန် ပါ ပြီ ဟု ရှေ့ တွင် ရပ် နေ သူ့ အား ငါ လျှောက် သော်၊ အခန်းကိုကြည့်ပါ။Judson Bible17 ကိုယ်တော်ကျွန်သည် ကိုယ်တော်အရှင်နှင့် အဘယ်သို့စကားပြောနိုင်ပါအံ့နည်း။ ယခုပင် အကျွန်ုပ်ကိုယ်၌ ခွန်အားအလျှင်းမရှိပါ။ အကျွန်ုပ်အသက်လည်း ကုန်ပါပြီဟု ငါ့ရှေ့မှာ ရပ်နေသောသူအားငါလျှောက်၏။ အခန်းကိုကြည့်ပါ။ |
ထို့ပြင် ‘အရှင့်အစေအပါး ယာကုပ်သည်လည်း အကျွန်ုပ်တို့နောက်မှ လိုက်လာပါ၏’ဟူ၍ လျှောက်ရမည်”ဟု မှာကြားလေ၏။ ယာကုပ်က “ငါ့အလျင်ရောက်နှင့်သောလက်ဆောင်ဖြင့် သူ့ကိုစိတ်ပြေစေပြီးမှ သူနှင့်ငါတွေ့ဆုံမည်။ သို့ပြုလျှင် သူသည် ငါ့ကိုလက်ခံကောင်းလက်ခံလိမ့်မည်”ဟု တွေးထင်သောကြောင့်ဖြစ်၏။
ဗေလတရှာဇာ ခေါ် ဒံယေလလည်း အနည်းငယ်မျှတွေဝေနေ၏။ တွေးပြီး ထိတ်လန့်နေ၏။ ရှင်ဘုရင်ကလည်း “ဗေလတရှာဇာ၊ အိပ်မက်နှင့် အိပ်မက်အနက်အဓိပ္ပာယ် ဖော်ပြရမည်ကို မစိုးရိမ်ပါနှင့်”ဟု မိန့်ဆိုလျှင် ဗေလတရှာဇာက “အရှင်မင်းကြီး၊ ဤအိပ်မက်သည် မင်းကြီးကိုမုန်းသောသူများအတွက်သာ ဖြစ်ပါစေသော၊ အိပ်မက်အနက်အဓိပ္ပာယ်သည်လည်း မင်းကြီး၏ရန်သူများအတွက်သာ ဖြစ်ပါစေသော။