၂ ရာချုပ် 9:4 - Common Language Bible4 ဘုရင်မသည်မင်းကြီးပွဲတော်တည်သော အစားအစာများ၊ မှူးမတ်တို့၏နေအိမ် များ၊ နန်းတော်အမှုထမ်းအရာထမ်းများ အားဖွဲ့စည်းပုံနှင့်သူတို့ဝတ်ဆင်ကြသည့် ဆင်တူဝတ်စုံများ၊ ပွဲလမ်းသဘင်အခါတွင် မင်းကြီးအားခစားရသူအစေခံများနှင့် သူတို့၏ဝတ်စုံများ၊ ဗိမာန်တော်တွင်မင်း ကြီးပူဇော်သည့်ယဇ်များကိုတွေ့မြင်သော အခါလွန်စွာအံ့သြလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible4 ပွဲ တော် စာ ကျေး ကျွန် သင်း ပင်း တို့ နေ ထိုင် ပုံ၊ နန်း တော် သား တို့ ဆင် ယင် ခ စား ပုံ၊ ရေ ကြည် တော် အ ရာ ရှိ တို့ ဆင် ယင် ပုံ နှင့် ထာ ဝ ရ ဘု ရား ဗိ မာန် တော် ၌ မီး ရှို့ ပူ ဇော် နည်း များ ကို သိ မြင် သော အ ခါ စိတ် အား လျော့ ၍ အခန်းကိုကြည့်ပါ။Judson Bible4 စားပွဲတော် တန်ဆာကိုလည်းကောင်း၊ အမှုတော်စောင့်တို့ နေရာထိုင်ရာကိုလည်းကောင်း၊ လုလင်တို့ခစားသည် အခြင်းအရာကိုလည်းကောင်း၊ သူတို့ဝတ်သော အဝတ်တန်ဆာကိုလည်းကောင်း၊ ဝန်စာရေးများနှင့် သူတို့ဝတ်သော အဝတ်တန်ဆာကိုလည်းကောင်း၊ ထာဝရဘုရား၏အိမ်တော်၌ မီးရှို့ရာယဇ်ပူဇော်ခြင်းကိုလည်းကောင်း မြင်သောအခါ မိန်းမောတွေဝေလျက်ရှိ၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 စားသောက်ပွဲတည်ခင်းပုံ၊ မင်းမှုထမ်းတို့၏နေရာထိုင်ခင်း၊ အမှုထမ်းတို့တာဝန်ထမ်းဆောင်ပုံနှင့် ဝတ်စားဆင်ယင်ပုံ၊ ဖလားတော်ဝန်များနှင့်သူတို့၏ဝတ်စားဆင်ယင်ပုံ၊ ထာဝရဘုရား၏အိမ်တော်သို့တက်သွားရာလမ်းတွင် စောင်းတန်းများပါရှိပုံ စသည်တို့ကို မြင်သောအခါ ရင်သပ်ရှုမောမဆုံး ဖြစ်ရလေ၏။ အခန်းကိုကြည့်ပါ။ |
အစေခံတို့စောင့်မျှော်နေကြသည်ကို သခင် ပြန်ရောက်ချိန်၌တွေ့ရှိရ၏။ ထိုအစေခံတို့ သည်မင်္ဂလာရှိကြ၏။ သင်တို့အားအမှန် အကန်ငါဆိုသည်ကား သခင်သည်ထို အစေခံတို့ကိုဧည့်သည်များအဖြစ်စား ပွဲတွင်ထိုင်စေလျက် မိမိကိုယ်တိုင်ခါးကို စည်းကာဧည့်ခံကျွေးမွေးလိမ့်မည်။-
နန်းစံနေဆဲမင်းသားသည်ထိုတံခါးဖြင့် တံတိုင်းအပြင်ဝင်းကနေ၍ မုခ်ပေါက်အတွင်း ၌ရှိသောအခန်းထဲသို့ဝင်ရမည်။ သူသည် မိမိ၏မီးရှို့ရာယဇ်များနှင့်မိတ်သဟာ ယဇ်များကိုယဇ်ပုရောဟိတ်တို့ပူဇော်နေ ကြစဉ် မုခ်ပေါက်တိုင်များအနီးတွင်ရပ်၍ နေရမည်။ သူသည်တံခါးဝတွင်ရှိခိုးဝတ် ပြုပြီးနောက်အပြင်သို့ပြန်၍ထွက်ရမည်။ တံခါးကိုမူညနေအထိမပိတ်ဘဲထား ရမည်။-
အို ထာဝရဘုရား၊ ယခုပင်လျှင်ကျွန်တော်မျိုးပန်ကြား လျှောက်ထားချက်ကိုနားညောင်းတော်မူပါ။ ကျွန်တော်မျိုးသည်လုံးဝမျှော်လင့်ရာမဲ့လျက် နေပါပြီ။ ကျွန်တော်မျိုးအားမျက်နှာလွှဲတော်မမူပါနှင့်။ ယင်းသို့ပြုတော်မူပါလျှင်ကျွန်တော်မျိုးသည် မရဏာနိုင်ငံသို့သွားရသူကဲ့သို့ဖြစ်ပါလိမ့်မည်။
အကျွန်ုပ်၏ဆုတောင်းပတ္ထနာကိုလည်းကောင်း၊ ကိုယ်တော်အားရိုသေသောကိုယ်တော့်ကျွန် များ၏ဆုတောင်းပတ္ထနာကိုလည်းကောင်း နားညောင်းတော်မူပါ။ ယနေ့အကျွန်ုပ်အား အောင်မြင်ခွင့်ကိုပေးတော်မူပါ။ ဧကရာဇ် မင်းအားအကျွန်ုပ်၏အပေါ်တွင်ကရုဏာ ထားစေတော်မူပါ'' ဟုငါသည်ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာပြု၏။ ထိုစဉ်အခါကငါသည်ဧကရာဇ်မင်း ကြီးအားစပျစ်ရည်ဆက်သရသူဖြစ်၏။
တပ်မှူးများနှင့်တံပိုးခရာမှုတ်သူများ ခြံရံလျက် ဗိမာန်တော်အဝင်ဝရှိကျောက် တိုင်အနီးတွင်ဘုရင်တို့အတွက် သီးသန့် ထားသည့်နေရာတွင်ရပ်နေသောဘုရင်သစ် ကိုတွေ့မြင်လေ၏။ လူအပေါင်းတို့သည်ဝမ်း မြောက်စွာကြွေးကြော်လျက် တံပိုးခရာများ ကိုမှုတ်လျက်ဗိမာန်တော်ဂီတပညာသည် များကလည်း မိမိတို့တူရိယာများကို တီးမှုတ်လျက်ဘိသိက်ပွဲကိုကျင်းပနေ ကြ၏။ အာသလိသည်မိမိအဝတ်ကို ဆုတ်လျက်``ပုန်ကန်မှုပါတကား၊ ပုန်ကန် မှုပါတကား'' ဟုအော်ဟစ်၏။
ရှောလမုန်သည်ဟိရံအား``ကျွန်ုပ်ခမည်း တော်ဒါဝိဒ်သည် မိမိပတ်လည်ရှိရန်သူ နိုင်ငံများကိုအမြဲတစေတိုက်ခိုက်လျက် နေရသဖြင့် သူ၏ဘုရားသခင်ထာဝရ ဘုရားကိုဝတ်ပြုရန်အတွက် ဗိမာန်တော် ကိုမတည်မဆောက်နိုင်ခဲ့ကြောင်းအဆွေ တော်သိပါ၏။ သူ၏ရန်သူအပေါင်းတို့ အား ထာဝရဘုရားမနှိမ်နင်းမချင်း သူသည်ဗိမာန်တော်ကိုမတည်မဆောက် နိုင်ပါ။-