သင်မှဆင်းသက်၍ သင်ရသောသားသမီးအချို့တို့ကိုလည်း ဖမ်းဆီးသွားလိမ့်မည်။ သူတို့သည် ဘေဘီလုံဘုရင်၏နန်းတော်၌ မိန်းမစိုးများဖြစ်ရကြလိမ့်မည်”ဟု ဆင့်ဆိုလေ၏။
၂ ရာချုပ် 33:11 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ထာဝရဘုရားသည် အဆီးရီးယားဘုရင်၏စစ်သူကြီးတို့ကို ချီလာစေ၍ သူတို့ကိုတိုက်ခိုက်စေ၏။ သူတို့သည် မနာရှေမင်းကြီးကို သံချိတ်များဖြင့်ဖမ်းဆီး၍ ကြေးနီကြိုးများဖြင့် ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွားကြ၏။ Common Language Bible သို့ဖြစ်၍ထာဝရဘုရားသည်အာရှုရိတပ် မတော်နှင့်တပ်မှူးတို့အားယုဒပြည်သို့ချင်း နင်းဝင်ရောက်ခွင့်ပြုတော်မူ၏။ သူတို့သည်မနာ ရှေကိုသံချိပ်များဖြင့်ဆွဲချိပ်ဖမ်းဆီးကာ သံကြိုးများနှင့်ချည်နှောင်ပြီးလျှင်ဗာဗုလုန် မြို့သို့ခေါ်ဆောင်သွားကြ၏။- Garrad Bible အာ ရှု ရိ ဘု ရင် ရဲ ဗိုလ် တို့ ကို နှိုး ဆော် တော် မူ သည့် အ တိုင်း၊ သူ တို့ သည် ချီ တက်၍ မ နာ ရှေ မင်း ကို ဖမ်း ဆီး ချည် နှောင် ပြီး လျှင်၊ ဗာ ဗု လုန် မြို့ သို့ နှာ ကွင်း တပ် လျက် ပို့ ကြ လေ ၏။ Judson Bible အာရှုရိရှင်ဘုရင်၏ ဗိုလ်မင်းများကို စစ်ချီစေတော်မူသဖြင့်၊ သူတို့သည် မနာရှေကို ဆူးတော၌ဖမ်းမိ၍၊ သံကြိုးနှင့် ချည်နှောင်ပြီးမှ၊ ဗာဗုလုန်မြို့သို့ ဆောင်သွားကြ၏။ |
သင်မှဆင်းသက်၍ သင်ရသောသားသမီးအချို့တို့ကိုလည်း ဖမ်းဆီးသွားလိမ့်မည်။ သူတို့သည် ဘေဘီလုံဘုရင်၏နန်းတော်၌ မိန်းမစိုးများဖြစ်ရကြလိမ့်မည်”ဟု ဆင့်ဆိုလေ၏။
ကျန်ရှိနေသော မနာရှေမင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများ၊ သူကျူးလွန်ခဲ့သောအပြစ်များကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ဖာရောနေခေါမင်းကြီးသည် သူ့ကို ဂျေရုဆလင်မြို့တွင် နန်းချပြီး ဟာမတ်ပြည်၊ ရိဗလမြို့တွင် အကျဉ်းချထား၍ တိုင်းပြည်ကိုလည်း ငွေတာလန်တစ်ရာ၊ ရွှေတစ်တာလန် ဒဏ်တပ်လေ၏။
ခါလဒဲစစ်သည်တို့သည် ဇေဒကိမင်းကြီးကိုဖမ်းဆီးပြီး ဘေဘီလုံဘုရင်ရှိရာ ရိဗလမြို့သို့ ခေါ်ဆောင်သွားကြ၍ သူ့ကို စီရင်ချက်ချလေ၏။
သူသည် အာသမင်းကြီးထံသွားကာ “အို အာသမင်းကြီးနှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ သင်တို့သည် ထာဝရဘုရားနှင့်အတူရှိလျှင် ထာဝရဘုရားသည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပစ်လျှင် ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပစ်တော်မူမည်။
အီသီယိုးပီးယားပြည်နားရှိ အာရပ်လူမျိုး၊ ဖိလိတ္တိလူမျိုးတို့သည် ယဟောရံမင်းကြီးအား တိုက်ခိုက်လာအောင် သူတို့စိတ်ကို ထာဝရဘုရားနှိုးဆော်တော်မူ၏။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ချီလာ၍ သူ့ကိုတိုက်ခိုက်ပြီး ကြေးနီကြိုးများဖြင့် ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွား၏။
အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်သော၊ တန်ခိုးနှင့်ပြည့်စုံသော၊ ကြောက်ရွံ့ရိုသေဖွယ်သော၊ ပဋိညာဉ်နှင့် မေတ္တာကရုဏာတော်ကိုစောင့်ထိန်းတော်မူသောဘုရား ဖြစ်တော်မူပါ၏။ အဆီးရီးယားဘုရင်တို့လက်ထက်မှစ၍ ယနေ့ထိတိုင် အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ ဘိုးဘေးများနှင့် ကိုယ်တော်၏လူမျိုးတော်အပေါင်းတို့ကြုံတွေ့ခဲ့ရသောအခက်အခဲအလုံးစုံတို့ကို ဘာမျှမဟုတ်ဟု မှတ်တော်မမူပါနှင့်။
အကျွန်ုပ်တို့၏အပြစ်များကြောင့် အကျွန်ုပ်တို့ကိုအုပ်ချုပ်ရန် ကိုယ်တော်ခန့်ထားတော်မူသောရှင်ဘုရင်တို့သည် ဤပြည်ထွက်သီးနှံများကို အလျှံအပယ်စားသုံးနေကြရပါ၏။ အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏တိရစ္ဆာန်တို့ကို အလိုရှိသည့်အတိုင်း ခိုင်းစေကြပါ၏။ အကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခအကြီးအကျယ်ခံရပါ၏”ဟု ဆိုကြ၏။
ရှင်ဘုရင်တို့ချည်နှောင်သောကြိုးကို ဖြေ၍ သူတို့ခါးကို ခါးပတ်နှင့် စည်းတော်မူ၏။
စစ်ရထား၊ မြင်းစီးသူရဲတို့ရရှိဖို့ အီဂျစ်ပြည်ကို ကိုးစားသော သင်က ငါ့သခင်၏မင်းမှုထမ်းများထဲမှ အနိမ့်ဆုံးအရာရှိတစ်ယောက်ကိုပင် ရင်ဆိုင်တွန်းလှန်နိုင်မည်လော။
ထာဝရဘုရားသည် သင့်ကိုလည်းကောင်း၊ သင်တင်မြှောက်ထားသော သင့်ကိုအုပ်စိုးသည့်ရှင်ဘုရင်ကိုလည်းကောင်း သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော လူမျိုးထံသို့ ဆောင်သွားတော်မူသဖြင့် သင်သည် ထိုအရပ်၌ အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။
အစ္စရေးအမျိုးသားတို့သည် မိမိတို့၏စစ်သည် အပြင်းအထန်နှိမ်နင်းခံရ၍ ဒုက္ခရောက်နေသည်ကို သိမြင်လေ၏။ စစ်သည်တို့သည် လိုဏ်ဂူ၊ ဆူးချုံတော၊ ကျောက်ဆောင်၊ မြေတွင်းနှင့် လိုဏ်ခေါင်းများထဲ၌ ပုန်းအောင်းနေကြရလေ၏။