၂ ရာချုပ် 33:11 - Common Language Bible11 သို့ဖြစ်၍ထာဝရဘုရားသည်အာရှုရိတပ် မတော်နှင့်တပ်မှူးတို့အားယုဒပြည်သို့ချင်း နင်းဝင်ရောက်ခွင့်ပြုတော်မူ၏။ သူတို့သည်မနာ ရှေကိုသံချိပ်များဖြင့်ဆွဲချိပ်ဖမ်းဆီးကာ သံကြိုးများနှင့်ချည်နှောင်ပြီးလျှင်ဗာဗုလုန် မြို့သို့ခေါ်ဆောင်သွားကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible11 အာ ရှု ရိ ဘု ရင် ရဲ ဗိုလ် တို့ ကို နှိုး ဆော် တော် မူ သည့် အ တိုင်း၊ သူ တို့ သည် ချီ တက်၍ မ နာ ရှေ မင်း ကို ဖမ်း ဆီး ချည် နှောင် ပြီး လျှင်၊ ဗာ ဗု လုန် မြို့ သို့ နှာ ကွင်း တပ် လျက် ပို့ ကြ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible11 အာရှုရိရှင်ဘုရင်၏ ဗိုလ်မင်းများကို စစ်ချီစေတော်မူသဖြင့်၊ သူတို့သည် မနာရှေကို ဆူးတော၌ဖမ်းမိ၍၊ သံကြိုးနှင့် ချည်နှောင်ပြီးမှ၊ ဗာဗုလုန်မြို့သို့ ဆောင်သွားကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ထို့ကြောင့် ထာဝရဘုရားသည် အဆီးရီးယားဘုရင်၏စစ်သူကြီးတို့ကို ချီလာစေ၍ သူတို့ကိုတိုက်ခိုက်စေ၏။ သူတို့သည် မနာရှေမင်းကြီးကို သံချိတ်များဖြင့်ဖမ်းဆီး၍ ကြေးနီကြိုးများဖြင့် ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွားကြ၏။ အခန်းကိုကြည့်ပါ။ |
အာဇရိသည်အာသမင်းထံသို့သွားပြီးလျှင်``အို အာသမင်းနှင့်တကွယုဒနှင့်ဗင်္ယာမိန်အနွယ် ဝင်တို့၊ ငါ၏စကားကိုနားထောင်ကြလော့။ သင် တို့သည်ထာဝရဘုရား၏ဘက်၌ရှိနေသမျှ ကာလပတ်လုံး ကိုယ်တော်သည်သင်တို့နှင့်အတူ ရှိတော်မူမည်။ သင်တို့သည်ကိုယ်တော်အားရှာ ကြလျှင် ကိုယ်တော်သည်သင်တို့အားအတွေ့ ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်တို့သည် ကိုယ်တော်အားကျောခိုင်းကြပါကကိုယ် တော်သည်လည်းသင်တို့အားစွန့်ပယ်တော် မူလိမ့်မည်။-
``အို ဘုရားသခင်အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည်လွန်စွာကြီးမြတ်တော်မူပါ၏။ အလွန်ကြောက်လန့်တုန်လှုပ်ဖွယ်ကောင်း၍ တန်ခိုးကြီးမားတော်မူပါသည်တကား။ ကိုယ်တော်သည်ကိုယ်တော်၏ပဋိညာဉ်တော် ဆိုင်ရာ ကတိတော်များကိုသစ္စာရှိစွာ စောင့်ထိန်းတော်မူပါ၏။ အကျွန်ုပ်တို့သည်မိမိတို့အားအာရှုရိဘုရင်များ ညှဉ်းပန်းနှိပ်စက်စဉ်အခါမှစ၍ ယနေ့တိုင်အောင်ပင်အဘယ်မျှဆင်းရဲ ဒုက္ခရောက်လျက်နေခဲ့ရကြပါသနည်း။ ကျွန်ုပ်တို့၏ဘုရင်များ၊ ခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်များ၊ပရောဖက်များ၊ အကျွန်ုပ်တို့၏ဘိုးဘေးများနှင့်ပြည်သူ အပေါင်းတို့သည် ဆင်းရဲဒုက္ခရောက်ခဲ့ရကြပါ၏။ အကျွန်ုပ်တို့အဘယ်မျှဆင်းရဲဒုက္ခရောက်ခဲ့ ရကြသည်ကိုသတိရတော်မူပါ။
အကျွန်ုပ်တို့သည်အပြစ်များကူးလွန်သောကြောင့် ဤပြည်မှရသောကောက်ပဲသီးနှံများကို အကျွန်ုပ်တို့အားကိုယ်တော်အုပ်စိုးစေသည့် မင်းတို့ကခံစားရကြပါ၏။ ထိုမင်းတို့သည်အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏ ကျွဲနွားများကိုမိမိတို့ထင်သလိုခိုင်းစေ ကြပါ၏။ သို့ဖြစ်၍အကျွန်ုပ်တို့သည်လွန်စွာ ဆင်းရဲရကြပါ၏။''