တစ်ဖန် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်တော်မူ၍ ဒါဝိဒ်မင်းကြီး၏စိတ်ကိုနှိုးဆော်သဖြင့် ဒါဝိဒ်မင်းကြီးက လူတို့အား “အစ္စရေးအမျိုးသားနှင့် ယုဒအမျိုးသားတို့ကို သွား၍စာရင်းယူလော့”ဟု ဆို၏။
၂ ရာချုပ် 32:25 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဟေဇကိမင်းကြီးသည် ခံစားရသောကျေးဇူးတော်အတိုင်း မတုံ့ပြန်ဘဲ ဘဝင်မြင့်လာ၏။ ထို့ကြောင့် အမျက်တော်သည် သူ့အပေါ်သာမက ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အပေါ်သို့ ကျရောက်လေ၏။ Common Language Bible သို့ရာတွင်ဟေဇကိမင်းသည်မာန်မာနရှိ သဖြင့် ခံစားရသောကျေးဇူးတော်အတွက် ကျေးဇူးတော်ကိုမချီးမွမ်း။ ထိုကြောင့်ယုဒ ပြည်သူများနှင့်ယေရုရှလင်မြို့သားတို့ သည်အမျက်တော်ဒဏ်ကိုခံရကြလေသည်။- Garrad Bible ခံ စား ခဲ့ ရ သော ကျေး ဇူး တော် ကို မ တုံ့ ပြန် ဘဲ၊ စိတ် နေ မြင့် သည့် အ တွက်၊ ဘု ရင် မင်း နှင့် ယု ဒ ပြည် သူ ယေရု ရှ လင် မြို့ သား တို့ အ ပေါ်၌ အ မျက် တော် တည် သော်၊ Judson Bible သို့ရာတွင် ဟေဇကိသည် မိမိခံရသောကျေးဇူးတော်နှင့် အထိုက်အလျောက်မကျင့်၊ ထောင်လွှားသောစိတ်ရှိ၏။ ထိုကြောင့် သူ၌လည်းကောင်း၊ ယုဒပြည်နှင့် ယေရုရှလင်မြို့၌လည်းကောင်း၊ အမျက်တော်ထွက်လေ၏။ |
တစ်ဖန် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်တော်မူ၍ ဒါဝိဒ်မင်းကြီး၏စိတ်ကိုနှိုးဆော်သဖြင့် ဒါဝိဒ်မင်းကြီးက လူတို့အား “အစ္စရေးအမျိုးသားနှင့် ယုဒအမျိုးသားတို့ကို သွား၍စာရင်းယူလော့”ဟု ဆို၏။
သင်သည် ဧဒုံပြည်ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သဖြင့် ဘဝင်မြင့်လှ၏။ နန်းတော်တွင်သာ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူနေပါလော့။ အဘယ်ကြောင့် ပြဿနာရှာပြီး ယုဒပြည်ကို သင်နှင့်အတူ ကျရှုံးစေလိုသနည်း”ဟု ပြန်လည်ပြောကြားလိုက်၏။
ဟေဇကိမင်းကြီး နာမကျန်းဖြစ်သည်ကို ဗာလဒန်၏သား ဘေဘီလုံဘုရင်မေရောဒဗာလဒန်မင်းကြီးကြားသိသောအခါ ဟေဇကိမင်းကြီးထံသို့ စာလွှာနှင့်လက်ဆောင်များကို ပေးပို့ဆက်သလာ၏။
ဟေဇကိမင်းကြီးသည် သူတို့ကို ဝမ်းမြောက်ဝမ်းသာကြိုဆို၍ မိမိဘဏ္ဍာတိုက်အားလုံးထဲမှ ရွှေငွေ၊ အမွှေးနံ့သာ၊ အဖိုးတန်ဆီမှစ၍ လက်နက်တိုက်နှင့် တွေ့သမျှအဖိုးတန်ရတနာများကို ထိုသူတို့အား ပြလေ၏။ နန်းတွင်းနှင့် နိုင်ငံတစ်ဝန်းလုံးတွင် ထိုသူတို့အား ဟေဇကိမင်းကြီး မပြပေးသောအရာတစ်စုံတစ်ခုမျှမရှိ။
တစ်ဖန် စာတန်သည် အစ္စရေးလူမျိုးတို့ကို ဆန့်ကျင်လို၍ အစ္စရေးလူမျိုးတို့၏အရေအတွက်ကို စာရင်းကောက်ယူရန် ဒါဝိဒ်မင်းကြီး၏စိတ်ကို နှိုးဆော်၏။
ထိုအခါ ဟာနနိ၏သား ဗျာဒိတ်ရသူယေဟုသည် ယောရှဖတ်မင်းကြီးထံအခစားဝင်၍ “ဆိုးယုတ်သောသူကို ကူညီသင့်သလော။ ထာဝရဘုရား မုန်းတော်မူသောသူကို သင်ချစ်သောကြောင့် ထာဝရဘုရားထံမှ အမျက်တော်သည် သင့်အပေါ် ကျရောက်လေပြီ။
သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကို စွန့်ခွာသွားကြပြီး အာရှရနတ်ဘုရားမတံခွန်တိုင်နှင့် ရုပ်တုတို့ကို ကိုးကွယ်ကြ၏။ ထိုအပြစ်ကြောင့် ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အပေါ် အမျက်တော်သက်ရောက်လေ၏။
သင်သည် ဧဒုံပြည်ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သဖြင့် ဘဝင်မြင့်လှ၏။ ကိုယ့်နန်းတော်၌သာ ကိုယ်စံမြန်းပါလော့။ အဘယ်ကြောင့် ပြဿနာရှာပြီး ယုဒပြည်ကို သင်နှင့်အတူ ကျရှုံးစေလိုသနည်း”ဟု ပြန်လည်ပြောကြားလိုက်၏။
သူသည် ထိုသို့အင်အားကြီးလာသည်နှင့်အမျှ ပျက်စီးခြင်းသို့ရောက်သည်အထိဘဝင်မြင့်လာ၏။ သူသည် သူ၏ဘုရားသခင်ထာဝရဘုရားအပေါ် သစ္စာမဲ့လာ၏။ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်ပေါ်၌ နံ့သာပေါင်းကို မီးရှို့ပူဇော်ရန် ထာဝရဘုရား၏ဗိမာန်တော်သို့ဝင်၏။
သို့သော် တိုင်းပြည်တွင်ဖြစ်ပျက်ခဲ့သောအံ့ဖွယ်အမှုတို့ကို သိလို၍ ဘေဘီလုံမှူးမတ်တို့သည် သူ့ထံသို့ သံတမန်ကိုစေလွှတ်၍မေးမြန်းစေသောအခါ ဘုရားသခင်သည် ဟေဇကိမင်းကြီး၏စိတ်ထဲရှိသမျှကိုသိလို၍ သူ့ကိုစမ်းသပ်သည့်အနေဖြင့် လွှတ်ထားလိုက်လေ၏။
ထိုအခါ ဟေဇကိမင်းကြီး ဖျားနာရာမှ ပြန်လည်ကျန်းမာလာပြီဖြစ်ကြောင်း ဗာလဒန်၏သား ဘေဘီလုံဘုရင်မေရောဒဗာလဒန်မင်းကြီး ကြားသိသောအခါ ဟေဇကိမင်းကြီးထံသို့ စာလွှာနှင့်လက်ဆောင်တို့ကို ပေးပို့၏။
ဟေဇကိမင်းကြီးသည် သူတို့ကို ဝမ်းမြောက်ဝမ်းသာကြိုဆို၍ မိမိဘဏ္ဍာတိုက်ထဲမှ ရွှေငွေ၊ အမွှေးနံ့သာ၊ အဖိုးတန်ဆီမှစ၍ လက်နက်တိုက်အားလုံးနှင့် တွေ့သမျှအဖိုးတန်ရတနာတို့ကို သူတို့အား ပြလေ၏။ နန်းတွင်းနှင့် နိုင်ငံတစ်ဝန်းလုံးတွင် ထိုသူတို့အား ဟေဇကိမင်းကြီး မပြပေးသောအရာတစ်စုံတစ်ခုမျှမရှိ။
သင့်အလှကြောင့် သင်ဘဝင်မြင့်လေပြီ။ သင့်ခန့်ညားထည်ဝါမှုကြောင့် ပညာမဲ့ဖြစ်လေပြီ။ ငါသည် သင့်ကိုမြေပေါ်သို့ပစ်ချမည်။ ရှင်ဘုရင်တို့သည် သင့်ကိုကြည့်၍ လှောင်ပြောင်ကြလိမ့်မည်။
“အချင်းလူသား၊ တိုင်ရာမင်းကြီးအား ဤသို့ဆင့်ဆိုလော့။ ဘုရားရှင်ထာဝရဘုရားက ‘သင်သည် ဘဝင်မြင့်၍ ငါသည် ဘုရားဖြစ်၏။ သမုဒ္ဒရာအလယ် ဘုရားတို့၏ပလ္လင်တော်၌ စံမြန်း၏ဟု သင်ဆို၏။ သင်သည် ဘုရားမဟုတ် လူသားဖြစ်လျက်နှင့် သင့်စိတ်ထဲတွင် သင့်ကိုယ်သင် ဘုရားဟုထင်မှတ်၏။
သင်သည် ကုန်သွယ်ရာ၌ ကျွမ်းကျင်လွန်း၍ ဥစ္စာပစ္စည်းတိုးပွားလာ၏။ သင်၏ဥစ္စာပစ္စည်းကြောင့် ဘဝင်မြင့်၏’ဟု မိန့်တော်မူ၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ထိုအပင်သည် အလွန်မြင့်မား၏။ ထိပ်ဖျားသည် မိုးထိအောင်မြင့်၏။ ထိုသို့ ပင်မြင့်ဖြစ်သောကြောင့် ဘဝင်မြင့်လာ၏။
တောင်ဘုရင်သည် ထိုစစ်သည်အလုံးအရင်းကို သိမ်းသွားနိုင်သဖြင့် ဘဝင်မြင့်လာလိမ့်မည်။ သူသည် လူထောင်ပေါင်းများစွာကို ချေမှုန်းနိုင်သော်လည်း သူ့အာဏာတည်လိမ့်မည်မဟုတ်။
သူသည် မာနထောင်လွှားပြီး မောက်မာခက်ထန်လာသောအခါ ရာဇပလ္လင်မှဖြုတ်ချခံရပြီး သူ့ဂုဏ်သရေလည်း ရုပ်သိမ်းသွားခြင်း ခံရ၏။
ကောင်းကင်ဘုံရှင်ကို ဆန့်ကျင်၍ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်၏။ ထိုအရှင်၏ဗိမာန်တော်မှခွက်ဖလားများကို သင့်ရှေ့မှောက်သို့ယူလာစေပြီး သင်မှစ၍ မှူးမတ်များ၊ မိဖုရားများ၊ ကိုယ်လုပ်တော်များသည် ထိုခွက်များဖြင့် စပျစ်ဝိုင်ကိုသောက်ပြီး မျက်စိလည်းမမြင်၊ နားလည်းမကြား၊ ဘာမျှလည်း မသိနိုင်သော ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ သစ်သား၊ ကျောက်တို့ဖြင့် လုပ်ထားသောဘုရားများကို ထောမနာပြုကြ၏။ သင့်အသက်၊ သင့်ဘဝလမ်းတစ်ခုလုံးကိုပိုင်တော်မူသောဘုရားသခင်ကိုမူ သင်မချီးမြှောက်ခဲ့။
သင်တို့သည် ထာဝရဘုရားထံပြန်လာ၍ “အပြစ်ရှိသမျှ ခွင့်လွှတ်တော်မူပါ။ ကောင်းသောအရာတို့ကို လက်ခံတော်မူပါ။ အကျွန်ုပ်တို့သည် နွားထီးကိုပူဇော်သကဲ့သို့ နှုတ်ဖြင့်ချီးမွမ်းပါမည်။
ကြည့်ရှုလော့။ ဘဝင်မြင့်သောသူ၏အတွင်းစိတ်သည် ဖြောင့်မှန်လေ့မရှိ။ ဖြောင့်မတ်သောသူတို့မူကား ယုံကြည်ခြင်းကြောင့် အသက်ရှင်ရလိမ့်မည်။
ငါခံရသောဗျာဒိတ်တော်သည် အလွန်ထူးမြတ်သောကြောင့် ငါမထောင်လွှားစေရန် ငါ၏ကိုယ်ကာယထဲ၌ ဆူးတစ်ခုကိုပေး၏။ ၎င်းမှာ ငါမထောင်လွှားစေရန် ငါ့ကိုထိုးနှက်သည့် စာတန်၏စေတမန်ဖြစ်၏။
အို မိုက်မဲသောလူမျိုး၊ ပညာမဲ့သောလူမျိုး၊ ဤနည်းဖြင့် ထာဝရဘုရားကို ကျေးဇူးဆပ်ရသလော။ ကိုယ်တော်သည် သင်၏ဖခင်၊ သင့်ကိုဖန်ဆင်းသောအရှင် ဖြစ်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် သင့်ကိုဖန်ဆင်း၍ ပုံဖော်ဖြစ်တည်စေတော်မူသည်မဟုတ်လော။
ထိုအခါ သင့်စိတ်ထဲ၌ ‘ဤဥစ္စာပစ္စည်းကို ငါ့အစွမ်း၊ ငါ့ခွန်အားဖြင့် ငါရရှိခဲ့၏’ဟု ဆိုမိလိမ့်မည်။
သူသည် ယုံကြည်ခါစလူမဖြစ်ရ။ သို့မဟုတ်လျှင် ဘဝင်မြင့်လျက် မာရ်နတ်နှင့်တူညီသောပြစ်ဒဏ်စီရင်ခြင်းထဲသို့ ကျရောက်မည်ဟု စိုးရိမ်စရာရှိ၏။