၂ ရာချုပ် 32:25 - Common Language Bible
25 သို့ရာတွင်ဟေဇကိမင်းသည်မာန်မာနရှိ သဖြင့် ခံစားရသောကျေးဇူးတော်အတွက် ကျေးဇူးတော်ကိုမချီးမွမ်း။ ထိုကြောင့်ယုဒ ပြည်သူများနှင့်ယေရုရှလင်မြို့သားတို့ သည်အမျက်တော်ဒဏ်ကိုခံရကြလေသည်။-
အခန်းကိုကြည့်ပါ။ ကော်ပီ
25 ခံ စား ခဲ့ ရ သော ကျေး ဇူး တော် ကို မ တုံ့ ပြန် ဘဲ၊ စိတ် နေ မြင့် သည့် အ တွက်၊ ဘု ရင် မင်း နှင့် ယု ဒ ပြည် သူ ယေရု ရှ လင် မြို့ သား တို့ အ ပေါ်၌ အ မျက် တော် တည် သော်၊
အခန်းကိုကြည့်ပါ။ ကော်ပီ
25 သို့ရာတွင် ဟေဇကိသည် မိမိခံရသောကျေးဇူးတော်နှင့် အထိုက်အလျောက်မကျင့်၊ ထောင်လွှားသောစိတ်ရှိ၏။ ထိုကြောင့် သူ၌လည်းကောင်း၊ ယုဒပြည်နှင့် ယေရုရှလင်မြို့၌လည်းကောင်း၊ အမျက်တော်ထွက်လေ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
25 သို့သော် ဟေဇကိမင်းကြီးသည် ခံစားရသောကျေးဇူးတော်အတိုင်း မတုံ့ပြန်ဘဲ ဘဝင်မြင့်လာ၏။ ထို့ကြောင့် အမျက်တော်သည် သူ့အပေါ်သာမက ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အပေါ်သို့ ကျရောက်လေ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ