ဟေရှာယ 39:1 - မြန်မာ့စံမီသမ္မာကျမ်း1 ထိုအခါ ဟေဇကိမင်းကြီး ဖျားနာရာမှ ပြန်လည်ကျန်းမာလာပြီဖြစ်ကြောင်း ဗာလဒန်၏သား ဘေဘီလုံဘုရင်မေရောဒဗာလဒန်မင်းကြီး ကြားသိသောအခါ ဟေဇကိမင်းကြီးထံသို့ စာလွှာနှင့်လက်ဆောင်တို့ကို ပေးပို့၏။ အခန်းကိုကြည့်ပါ။Common Language Bible1 ထိုအချိန်ကာလလောက်၌ပင်ဗာလဒန်၏ သားဗာဗုလုန်ဘုရင်မေရောဒပ္ဗာလဒန်သည် ဟေဇကိမင်းဖျားနာလျက်ရှိကြောင်းကြား သိရသဖြင့်၊ သဝဏ်လွှာတစ်စောင်နှင့်လက် ဆောင်ပဏ္ဏာပေးပို့ဆက်သလေ၏။- အခန်းကိုကြည့်ပါ။Garrad Bible1 ထို ကာ လ ဗာ လ ဒန် မင်း သား တော် ဗာ ဗု လုန် ဘု ရင် မေ ရော ဒ ဗာ လ ဒန် မင်း သည်၊ ဟေ ဇ ကိ မင်း မ ကျန်း ခန့် ခြင်း မှ ထ မြောက် တော် မူ ကြောင်း ကြား သ ဖြင့်၊ အ မှာ တော် စာ နှင့် လက် ဆောင် တော် များ ကို ပို့ လိုက် ရာ၊ ဟေ ဇ ကိ မင်း ဝမ်း သာ လျက်၊ အခန်းကိုကြည့်ပါ။Judson Bible1 ထိုကာလအခါ ဗာလဒန်သား၊ ဗာဗုလုန်မင်းကြီး မေရောဒပ္ဗါလဒန်သည် ဟေဇကိမင်းနာ၍၊ အနာပျောက်သည်ကို ကြားသောကြောင့်၊ မေတ္တာစာနှင့် လက်ဆောင်ပါလျက်၊ တမန်တို့ကို စေလွှတ်လေ၏။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်မင်းကြီးကလည်း “ဟာနုန်၏ခမည်းတော် နာဟတ်မင်းကြီးသည် ငါ့အား မေတ္တာပြခဲ့ဖူးသည့်နည်းတူ ငါသည်လည်း ယခု နာဟတ်သားဟာနုန်အား မေတ္တာကရုဏာပြရမည်”ဟု မိန့်ဆိုလျက် ဒါဝိဒ်မင်းကြီးသည် ဟာနုန်၏ခမည်းတော်အနိစ္စရောက်သည်ကို အကြောင်းပြု၍ သူ့ကိုနှစ်သိမ့်ပေးရန် မိမိအမှုထမ်းတို့ကို စေလွှတ်လိုက်၏။ ဒါဝိဒ်မင်းကြီး၏အစေအပါးတို့သည် အမ္မုန်အမျိုးသားတို့၏ပြည်သို့ရောက်သောအခါ