ဤလူအပေါင်းတို့သည် သန့်ရှင်းရာဌာန၏သန့်ရှင်းခြင်းနည်းအတိုင်းမဟုတ်သော်လည်း သူတို့၏ဘိုးဘေးတို့ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူသောဘုရားသခင်ကိုရှာရန် စိတ်ပိုင်းဖြတ်ထားသည်ဖြစ်၍ သူတို့၏အပြစ်ကို ဖြေလွှတ်တော်မူပါ”ဟု သူတို့အတွက် ဆုတောင်းပေးသောကြောင့်ဖြစ်၏။
``အို အကျွန်ုပ်တို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရား၊ ထိုသူတို့မှာသန့်စင်မှု မရှိသော်လည်းကိုယ်တော်အား စိတ်စွမ်းရှိ သမျှနှင့်ဝတ်ပြုကိုးကွယ်သူများဖြစ်သဖြင့် ကောင်းမြတ်သောအရှင်ဖြစ်တော်မူသည်နှင့် အညီသူတို့၏အပြစ်ကိုဖြေလွှတ်တော် မူပါ'' ဟုပတ္ထနာပြုတော်မူ၏။-
သို့ရာတွင်၊ ဟေဇကိက၊ သန့်ရှင်းရာဌာနထုံးစံအတိုင်း၊ သန့်ရှင်းခြင်းမရှိသော်လည်း၊ ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားကို ဆည်းကပ်ခြင်းငှာ၊ သဘောကျသောသူအပေါင်းတို့၏ အပြစ်ကို ကောင်းမြတ်သော ထာဝရဘုရားသည် လွှတ်တော်မူပါစေသောဟု ထိုသူတို့အဖို့ ဆုတောင်းသဖြင့်၊
ဘုရားသခင်သည် ကြီးမားသောပင်လယ်သတ္တဝါများနှင့် ရေ၌ပြည့်နှက်နေသည့် လှုပ်ရှားသွားလာတတ်သော သက်ရှိသတ္တဝါအမျိုးမျိုးတို့ကို အမျိုးအလိုက်၊ တောင်ပံရှိသောငှက်အမျိုးမျိုးတို့ကို အမျိုးအလိုက် ဖန်ဆင်းတော်မူ၏။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။
အကျွန်ုပ်တို့၏ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇက်၊ အစ္စရေးတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော့်လူမျိုးတော်တို့၏စိတ်နှလုံးအကြံအစည်များ၊ စိတ်ဆန္ဒများကို ယခုကဲ့သို့အစဉ်အမြဲဖြစ်စေရန် စောင့်ထိန်းပေးတော်မူပါ။ ကိုယ်တော့်အဖို့ စိတ်နှလုံးအသင့်ရှိသောသူများ ဖြစ်စေတော်မူပါ။
သို့သော် မင်းကြီး၌ ကောင်းသောအရာ ရှိ၏။ မင်းကြီးသည် တိုင်းပြည်တွင်ရှိသော အာရှရနတ်ဘုရားမတံခွန်တိုင်တို့ကို ဖယ်ရှားပြီး ဘုရားသခင်ကိုရှာလိုသောစိတ်ရှိလေပြီ”ဟု သူ့အား ဆို၏။
သို့သော် အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားခဲ့။ လူတို့သည်လည်း မိမိတို့ဘိုးဘေးတို့၏ဘုရားသခင်ထံ စိတ်နှလုံးကို မအပ်နှံဘဲနေကြသေး၏။
ဖမ်းခေါ်သွားခြင်းခံရရာမှ ပြန်ရောက်လာသောအစ္စရေးအမျိုးသားတို့နှင့်အတူ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရန် မိမိကိုယ်ကို တစ်ပါးအမျိုးသားတို့၏ညစ်ညူးခြင်းမှ ကင်းစင်စေသောသူအပေါင်းတို့သည် ထိုအသားကို စားကြ၏။
ဧဇရသည် ထာဝရဘုရား၏ပညတ်တရားတော်များကို လေ့လာဆည်းပူးရန်၊ လိုက်နာကျင့်သုံးရန်နှင့် အစ္စရေးလူမျိုးတို့အားပြဋ္ဌာန်းချက်နှင့် စီရင်ထုံးဖွဲ့ချက်တို့ကို သင်ကြားပြသပေးရန် ဆုံးဖြတ်ချက်ချထားသောသူဖြစ်၏။
သင်သည် ကိုယ့်စိတ်နှလုံးကို ပြင်ဆင်၍ ကိုယ်တော့်ထံ လက်ဖြန့်လျှင်၊
အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့၏အလိုဆန္ဒကို ကြားသိလျက် သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။
ငါ့သား၊ သင်၏စိတ်နှလုံးကို ငါ့အားပေးလော့။ သင်၏မျက်စိသည်လည်း ငါ၏လမ်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ပါစေ။
မိန်းမသည် သွေးသန့်စင်ဖို့ ရက်ပေါင်းသုံးဆယ့်သုံးရက်စောင့်ရမည်။ မိမိသန့်စင်ရာနေ့ရက်မပြည့်မချင်း မည်သည့်သန့်ရှင်းသောအရာကိုမျှမထိရ၊ သန့်ရှင်းရာဌာနသို့ မလာရ။
သို့သော် ထိုနေ့၌ လူအချို့တို့သည် လူသေအလောင်းကြောင့် မစင်ကြယ်သည်ဖြစ်၍ ပသခါပွဲတော်ကို ကျင်းပခွင့်မရကြ။ ထို့ကြောင့် ထိုနေ့၌ သူတို့သည် မောရှေနှင့်အာရုန်ထံသို့လာ၍
ထိုအခါ ရှမွေလက အစ္စရေးအမျိုးသားအပေါင်းတို့အား “သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့ ထာဝရဘုရားထံတော်သို့ပြန်လာလိုလျှင် သင်တို့တွင်ရှိသောတိုင်းတစ်ပါးသားတို့၏ဘုရားများ၊ အာရှတရက်ဘုရားများကို ဖယ်ရှားရမည်။ ထာဝရဘုရားထံ၌သာ စိတ်အာရုံပြု၍ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်။ သို့ပြုလျှင် သင်တို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်နုတ်တော်မူလိမ့်မည်”ဟု ဆို၏။