၂ ရာချုပ် 30:19 - Common Language Bible19 ``အို အကျွန်ုပ်တို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရား၊ ထိုသူတို့မှာသန့်စင်မှု မရှိသော်လည်းကိုယ်တော်အား စိတ်စွမ်းရှိ သမျှနှင့်ဝတ်ပြုကိုးကွယ်သူများဖြစ်သဖြင့် ကောင်းမြတ်သောအရှင်ဖြစ်တော်မူသည်နှင့် အညီသူတို့၏အပြစ်ကိုဖြေလွှတ်တော် မူပါ'' ဟုပတ္ထနာပြုတော်မူ၏။- အခန်းကိုကြည့်ပါ။Judson Bible19 သို့ရာတွင်၊ ဟေဇကိက၊ သန့်ရှင်းရာဌာနထုံးစံအတိုင်း၊ သန့်ရှင်းခြင်းမရှိသော်လည်း၊ ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားကို ဆည်းကပ်ခြင်းငှာ၊ သဘောကျသောသူအပေါင်းတို့၏ အပြစ်ကို ကောင်းမြတ်သော ထာဝရဘုရားသည် လွှတ်တော်မူပါစေသောဟု ထိုသူတို့အဖို့ ဆုတောင်းသဖြင့်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 ဤလူအပေါင်းတို့သည် သန့်ရှင်းရာဌာန၏သန့်ရှင်းခြင်းနည်းအတိုင်းမဟုတ်သော်လည်း သူတို့၏ဘိုးဘေးတို့ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူသောဘုရားသခင်ကိုရှာရန် စိတ်ပိုင်းဖြတ်ထားသည်ဖြစ်၍ သူတို့၏အပြစ်ကို ဖြေလွှတ်တော်မူပါ”ဟု သူတို့အတွက် ဆုတောင်းပေးသောကြောင့်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ကျွန်တော်မျိုးတို့၏ဘိုးဘေးများဖြစ် ကြသောအာဗြဟံ၊ ယာကုပ်နှင့်ဣဇာက် တို့၏ဘုရားသခင်ထာဝရဘုရား၊ ဤ သို့ဘုရားတရားစွဲလန်းတတ်သောစိတ် သဘောကို ကိုယ်တော်ရှင့်လူစုတော်၏ စိတ်နှလုံးတွင်အစဉ်သဖြင့်ခိုင်မြဲ စွာတည်ရှိစေတော်မူပါ။ သူတို့သည် ကိုယ်တော်ရှင်အပေါ်အစဉ်အမြဲ သစ္စာရှိစေတော်မူပါ။-
ဣသရေလအမျိုးသားတို့အားရှမွေလ က``သင်တို့သည်ထာဝရဘုရားထံတော်သို့ စိတ်နှလုံးအကြွင်းမဲ့ပြန်လည်လာရောက် လိုပါက လူမျိုးခြားတို့၏ဘုရားများကို လည်းကောင်း၊ အာရှတရက်ဘုရားမ၏ရုပ်တု များကိုလည်းကောင်းစွန့်ပစ်ရကြမည်။ သင်တို့ ၏ကိုယ်ကိုလုံးဝဆက်ကပ်၍ထာဝရဘုရား ကိုသာရှိခိုးဝတ်ပြုကြလျှင် ကိုယ်တော်သည် သင်တို့အားဖိလိတ္တိအမျိုးသားတို့လက်မှ ကယ်တော်မူလိမ့်မည်'' ဟုဆို၏။-