သူ့အား ဘုရားသခင်ထံတိုင်တည်ကျိန်ဆိုစေခဲ့သောနေဗုခဒ်နေဇာမင်းကြီးကိုလည်း ပုန်ကန်၏။ သူသည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ ပြန်မလှည့်၊ ခေါင်းမာလျက်၊ စိတ်နှလုံးမာကျောလျက်သာ နေ၏။
၂ ရာချုပ် 24:19 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားထံ ပြန်လှည့်လာကြရန် ပရောဖက်များကို သူတို့ထံ စေလွှတ်တော်မူ၏။ ပရောဖက်တို့သည် သူတို့ကိုသတိပေးသော်လည်း သူတို့ နားမထောင်ကြ။ Common Language Bible ထာဝရဘုရားသည်ပရောဖက်များကို စေလွှတ်၍ ထိုသူတို့အားအထံတော်သို့ ပြန်လာကြရန်သတိပေးစေတော်မူ သော်လည်းသူတို့သည်မလိုက်နာကြ။- Garrad Bible ဆုံး မ သ တိ ပေး ၍ ထာ ဝ ရ ဘု ရား ထံ ပြန် လာ ကြ စေ ရန်၊ ပ ရော ဖက် တို့ ကို စေ လွှတ် တော် မူ သော် လည်း၊ ထို သူ တို့ မ လိုက် မ နာ ကြ ချေ။ Judson Bible သူတို့ကို ထာဝရဘုရားထံတော်သို့ သွေးဆောင်စေခြင်းငှာ၊ ပရောဖက်တို့ကို စေလွှတ်တော်မူ၍၊ ပရောဖက်တို့သည် သက်သေခံသော်လည်း၊ သူတို့သည် နားမထောင်ကြ။ |
သူ့အား ဘုရားသခင်ထံတိုင်တည်ကျိန်ဆိုစေခဲ့သောနေဗုခဒ်နေဇာမင်းကြီးကိုလည်း ပုန်ကန်၏။ သူသည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ ပြန်မလှည့်၊ ခေါင်းမာလျက်၊ စိတ်နှလုံးမာကျောလျက်သာ နေ၏။
သို့သော် သူတို့သည် နာခံမှုမရှိ။ ကိုယ်တော်ကိုပုန်ကန်ကြ၏။ ပညတ်တရားကို ကျောခိုင်းကြ၏။ ကိုယ်တော့်ထံသို့ပြန်လာရန် သူတို့ကိုသတိပေးသော ကိုယ်တော်၏ပရောဖက်များကိုသတ်ဖြတ်ကြ၏။ လွန်စွာပြစ်မှားစော်ကားကြ၏။
ကိုယ်တော်သည် သူတို့အားနှစ်ပေါင်းများစွာသည်းခံတော်မူ၍ ကိုယ်တော်၏ဝိညာဉ်တော်ခံရသော ပရောဖက်များအားဖြင့် သူတို့ကို သတိပေးသော်လည်း ဂရုမစိုက်ကြသောကြောင့် သူတို့ကို ဤပြည်ရှိ လူမျိုးခြားတို့လက်သို့ အပ်လိုက်တော်မူ၏။
ငါ့စကားကို စူးစိုက်နားထောင်၍ နာခံကြလော့။ ငါမိန့်မြွက်သောစကားကို အာရုံစိုက်နားထောင်၍ နာခံကြလော့။
သင်တို့တွင် မည်သူသည် ဤအကြောင်းအရာကို စူးစိုက်နားထောင်မည်နည်း။ နောင်ကာလတွင် မည်သူသည် အာရုံစိုက်နားထောင်၍ ကြားလိမ့်မည်နည်း။
ငါ၏လူတို့၊ ငါ့စကားကိုအာရုံစိုက်နားထောင်ကြလော့။ ငါ၏လူမျိုးတို့၊ ငါ့စကားကိုစူးစိုက်နားထောင်ကြလော့။ ပညတ်တရားသည် ငါ့ထံမှထွက်ပေါ်လာမည်။ ငါ၏တရားမျှတမှုကို လူတို့အတွက်အလင်းဖြစ်စေမည်။
ငါ့စကားကို နားထောင်ကြလော့။ ငါ့ထံသို့လာကြလော့။ သင်တို့၏စိတ်ဝိညာဉ် အသက်ရှင်မည့်အကြောင်း နားထောင်ကြလော့။ ဒါဝိဒ်အပေါ်ထားရှိသော မြဲမြံသည့်မေတ္တာကရုဏာနှင့်အညီ ထာဝရပဋိညာဉ်ကို သင်တို့နှင့်ငါပြုမည်။
“အာမုန်မင်းကြီး၏သားတော် ယုဒဘုရင်ယောရှိမင်းကြီးနန်းစံတစ်ဆယ့်သုံးနှစ်မှ ယခုချိန်ထိ နှစ်ဆယ့်သုံးနှစ်ပတ်လုံး ထာဝရဘုရား၏ဗျာဒိတ်စကား ငါ့ထံသို့ရောက်လာခဲ့၏။ ငါသည်လည်း သင်တို့အား ထာဝရဘုရား၏ဗျာဒိတ်စကားကို အကြိမ်ကြိမ်ဆင့်ဆိုသော်လည်း သင်တို့နားမထောင်ကြ။
‘သင်တို့သည် ငါ့စကားကို နားမထောင်ကြ။ သင်တို့ဒုက္ခရောက်အောင် သင်တို့လက်နှင့်လုပ်သောအရာများဖြင့် ငါ့အမျက်ကို နှိုးဆော်ကြပြီ’ဟု ထာဝရဘုရားမိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ဤသို့ သင်တို့သည် ငါ့စကားကို နားမထောင်သောကြောင့်
သင်တို့ရှိရာသို့ ငါ၏အစေအပါးပရောဖက်တို့ကို ငါအကြိမ်ကြိမ်စေလွှတ်၍ ဆင့်ဆိုစေသော်လည်း သူတို့၏စကားကို သင်တို့နားမထောင်လျှင်
သင်တို့၏ဘိုးဘေးများကဲ့သို့ သင်တို့မပြုကြနှင့်။ ရှေးပရောဖက်တို့က သူတို့အား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့၏မကောင်းသောအပြုအမူ၊ မကောင်းသောအကျင့်အကြံတို့ကို စွန့်ပစ်ပြီး ပြန်လှည့်လာကြလော့ဟု မိန့်တော်မူသော်လည်း သူတို့ နားမထောင်ကြ၊ အာရုံမစိုက်ကြ’ဟု မိန့်တော်မူ၏။
သို့သော် အာဗြဟံက ‘သူတို့သည် မောရှေနှင့်ပရောဖက်တို့၏စကားကိုနားမထောင်လျှင် တစ်စုံတစ်ယောက်သည် သေသောသူတို့ထဲမှ ထမြောက်လျှင်လည်း သူတို့ယုံကြည်ကြလိမ့်မည်မဟုတ်’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။