ယေရမိ 26:5 - မြန်မာ့စံမီသမ္မာကျမ်း5 သင်တို့ရှိရာသို့ ငါ၏အစေအပါးပရောဖက်တို့ကို ငါအကြိမ်ကြိမ်စေလွှတ်၍ ဆင့်ဆိုစေသော်လည်း သူတို့၏စကားကို သင်တို့နားမထောင်လျှင် အခန်းကိုကြည့်ပါ။Common Language Bible5 သင်တို့ထံသို့ထပ်ကာထပ်ကာငါစေလွှတ် သည့် ငါ၏အစေခံပရောဖက်တို့၏စကား ကိုပမာဏပြုရကြမည်။ သင်တို့သည်သူ တို့၏စကားကိုအဘယ်အခါ၌မျှနား မထောင်ခဲ့ကြ။- အခန်းကိုကြည့်ပါ။Judson Bible5 ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်သော ငါ၏ကျွန် ပရောဖက်တို့၏စကားကို နားမထောင်ဘဲနေသကဲ့သို့၊ ယခုလည်း နားမထောင်ဘဲနေလျှင်၊ အခန်းကိုကြည့်ပါ။ |
လူမျိုးတို့သည် အမျက်ထွက်ကြပါ၏။ သို့သော် ကိုယ်တော်၏အမျက်တော်သည် သက်ရောက်လာပါ၏။ သေလွန်သောသူတို့ကို တရားစီရင်ရန်လည်းကောင်း၊ ကိုယ်တော်၏အစေအပါးများ၊ ပရောဖက်များ၊ သန့်ရှင်းသူများနှင့် ကိုယ်တော်၏နာမတော်ကိုကြောက်ရွံ့ရိုသေသောသူအကြီးအငယ်တို့အား ဆုလာဘ်ပေးတော်မူရန်လည်းကောင်း၊ ကမ္ဘာမြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးရန်လည်းကောင်း အချိန်ရောက်လာပါ၏”ဟု လျှောက်ကြ၏။
သို့သော် ငါ့အစေအပါးပရောဖက်တို့အား ငါမိန့်မှာထားသောစကားများနှင့် ပြဋ္ဌာန်းချက်များသည် သင်တို့ဘိုးဘေးတို့အပေါ်ကျရောက်လာခဲ့သည်မဟုတ်လော။ ထို့နောက် သူတို့ပြန်လှည့်လာ၍ ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း ငါတို့အပြုအမူအကျင့်အကြံတို့နှင့်အညီ ငါတို့ကို အပြစ်ပေးတော်မူပြီ’ဟူ၍ ဆိုကြသည်”ဟု မိန့်ဆို၏။
ထို့ကြောင့် ထာဝရဘုရားက ဗျာဒိတ်ရသူပရောဖက်အပေါင်းတို့အားဖြင့် အစ္စရေးလူမျိုးနှင့်ယုဒလူမျိုးတို့အား “ဆိုးညစ်သောလမ်းတို့မှ ပြန်လှည့်လာကြလော့။ ငါ့အစေအပါးပရောဖက်တို့အားဖြင့် ဆင့်ဆိုစေသော၊ သင်တို့၏ဘိုးဘေးတို့အား ငါမိန့်မှာထားသောပညတ်တရားအလုံးစုံဖြစ်သည့် ငါ၏ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းကြလော့”ဟု သတိပေးတော်မူခဲ့၏။
ငါ့အစေအပါးပရောဖက်တို့ကို သင်တို့ထံ အကြိမ်ကြိမ်စေလွှတ်၍ သင်တို့နှင့် သင်တို့ဘိုးဘေးတို့အား ငါပေးသောပြည်၌ သင်တို့နေထိုင်ရမည့်အကြောင်း သင်တို့အသီးသီး ဆိုးညစ်သောလမ်းမှ ပြန်လာကြ။ သင်တို့၏အကျင့်စရိုက်များကို ပြုပြင်ကြ။ အခြားဘုရားများနောက်သို့မလိုက်နှင့်၊ ဝတ်မပြုနှင့်ဟု ဆင့်ဆိုစေခဲ့သော်လည်း သင်တို့ဂရုမစိုက်၊ နားမထောင်ကြ။
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့သည် ငါမိန့်ဆိုသော်လည်း ငါ့စကားကို နားမထောင်ကြ၊ ငါခေါ်သော်လည်း သူတို့မထူးကြသောကြောင့် ငါမိန့်ဆိုခဲ့သည့်အတိုင်း ဘေးအန္တရာယ်အလုံးစုံကို သူတို့အပေါ် ကျရောက်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။