Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 25:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​ဤသို့ သင်​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​သောကြောင့်

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ``ထို့​ကြောင့်​သင်​တို့​သည် ကိုယ်​တော်​၏​စ​ကား ကို​နား​မ​ထောင်​လို​ကြ​သ​ဖြင့် အ​နန္တ​တန်​ခိုး ရှင်​ထာဝ​ရ​ဘု​ရား​က၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 သို့ ဖြစ် ၍ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က၊ ဗျာ ဒိတ် တော် ချက် များ ကို သင် တို့ မ နာ ခံ ကြ သည့် အ တွက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ထို​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​သော​ကြောင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 25:8
8 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​ထံ ပြန်လှည့်​လာ​ကြ​ရန် ပရောဖက်​များ​ကို သူ​တို့​ထံ စေလွှတ်​တော်မူ​၏​။ ပရောဖက်​တို့​သည် သူ​တို့​ကို​သတိပေး​သော်လည်း သူ​တို့ နား​မ​ထောင်​ကြ​။


ယာကုပ်​အမျိုး​ကို လုယက်သူ​လက်​သို့ မည်သူ​အပ်​သနည်း​။ အစ္စရေး​လူမျိုး​ကို လုယူ​သူ​တို့​လက်​သို့ မည်သူ​အပ်​သနည်း​။ ငါ​တို့​ပြစ်မှား​ခဲ့​သော ထာဝရဘုရား​ပင် မ​ဟုတ်​လော​။ သူ​တို့​သည် ကိုယ်တော်​၏​လမ်း​၌ မ​လျှောက်​လို​ကြ​။ ကိုယ်တော်​၏​ပညတ်တရားတော်​ကို​လည်း မ​နာခံ​ကြ​။


“​အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ သူ​တို့​သည် ခေါင်းမာ​၍ ငါ့​စကား​ကို​နား​မ​ထောင်​ကြ​သောကြောင့် ငါ​မိန့်ဆို​ခဲ့​သည့်​အတိုင်း ဘေးအန္တရာယ်​အလုံးစုံ​ကို ဤ​မြို့​နှင့်​ရွာ​ရှိသမျှ​အပေါ် ကျရောက်​စေ​မည်’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆင့်ဆို​လေ​၏​။


သင်​ကောင်းစား​စဉ်​အခါက သင့်​အား ငါ​သတိပေး​သော်လည်း သင်​က ‘​ငါ​နား​မ​ထောင်​’​ဟု ပြန်ပြော​၏​။ ငယ်စဉ်​ကပင် ငါ့​စကား​ကို​နား​မ​ထောင်​ဘဲ​နေ​သည်​မှာ သင်​၏​အကျင့်​ဖြစ်​၏​။


‘သင်​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​ကြ​။ သင်​တို့​ဒုက္ခ​ရောက်​အောင် သင်​တို့​လက်​နှင့်​လုပ်​သော​အရာ​များ​ဖြင့် ငါ့​အမျက်​ကို နှိုးဆော်​ကြ​ပြီ’​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ကြည့်ရှု​လော့​။ မြောက်အရပ်​မှ လူမျိုး​အပေါင်း​တို့​နှင့်တကွ ငါ့​အစေအပါး ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​ကို ဆင့်ခေါ်​ပြီး ဤ​ပြည်​နှင့်​ပြည်သူပြည်သား​များ​မှစ၍ ပတ်ပတ်လည်​ရှိ​တိုင်းနိုင်ငံ​အားလုံး​ကို ဝင်ရောက်​တိုက်ခိုက်​ရန် ငါ​စေလွှတ်​မည်​။ ငါ​သည် သူ​တို့​ကို လုံးလုံး​ဖျက်ဆီး​မည်​။ ထိတ်လန့်စရာ​၊ ကဲ့ရဲ့ပြစ်တင်စရာ​၊ ထာဝရ​ပျက်စီး​ရာ ဖြစ်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။


အကြောင်းမူကား ငါ​၏​အစေအပါး​ပရောဖက်​တို့​ကို သူ​တို့​ထံသို့ အကြိမ်ကြိမ်​စေလွှတ်​ဆင့်ဆို​စေ​သော်လည်း သူ​တို့​နား​မ​ထောင်​ကြ​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ သင်​တို့​သည်​လည်း ငါ့​စကား​ကို နား​မ​ထောင်​ကြ​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​၏​။


သင်​တို့​၏​ဘိုးဘေး​များ​ကဲ့သို့ သင်​တို့​မ​ပြု​ကြ​နှင့်​။ ရှေး​ပရောဖက်​တို့​က သူ​တို့​အား ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘သင်​တို့​၏​မကောင်း​သော​အပြုအမူ​၊ မကောင်း​သော​အကျင့်အကြံ​တို့​ကို စွန့်ပစ်​ပြီး ပြန်လှည့်လာ​ကြ​လော့​ဟု မိန့်​တော်မူ​သော်လည်း သူ​တို့ နား​မ​ထောင်​ကြ​၊ အာရုံ​မ​စိုက်​ကြ’​ဟု မိန့်​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ