တစ်ဖန် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်တော်မူ၍ ဒါဝိဒ်မင်းကြီး၏စိတ်ကိုနှိုးဆော်သဖြင့် ဒါဝိဒ်မင်းကြီးက လူတို့အား “အစ္စရေးအမျိုးသားနှင့် ယုဒအမျိုးသားတို့ကို သွား၍စာရင်းယူလော့”ဟု ဆို၏။
၂ ရာချုပ် 24:18 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကို စွန့်ခွာသွားကြပြီး အာရှရနတ်ဘုရားမတံခွန်တိုင်နှင့် ရုပ်တုတို့ကို ကိုးကွယ်ကြ၏။ ထိုအပြစ်ကြောင့် ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အပေါ် အမျက်တော်သက်ရောက်လေ၏။ Common Language Bible ပြည်သူတို့သည်ဗိမာန်တော်တွင်ဘိုးဘေး များ၏ ဘုရားသခင်ထာဝရဘုရားဝတ် ပြုကိုးကွယ်မှုကိုစွန့်လျက် ရုပ်တုများနှင့် အာရှရဘုရားမ၏တံခွန်တိုင်များကို ဝတ်ပြုရှိခိုးကြလေသည်။ ဤသို့သူတို့ ကူးလွန်သည့်အပြစ်အတွက် ထာဝရ ဘုရား၏အမျက်တော်သည်ယုဒပြည် နှင့်ယေရုရှလင်မြို့အပေါ်သို့သက် ရောက်တော်မူ၏။- Garrad Bible ဘိုး ဘေး တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ၏ ဗိ မာန် တော် ကို စွန့် လျက်၊ တံ ခွန် တိုင် နှင့် ရုပ် တု များ ကို ဝတ် ပြု ကြ ကုန်၏။ ထို ပြစ် မှု ကြောင့်၊ ယု ဒ ပြည် နှင့် ယေ ရု ရှ လင် မြို့ ပေါ် သို့ အ မျက် တော် သင့် ရောက် သ တည်း။ Judson Bible သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်ကိုစွန့်၍၊ အာရှရပင်နှင့် ရုပ်တုတို့ကို ဝတ်ပြုကြ၏။ ထိုအပြစ်ကြောင့် အမျက်တော်သည် ယုဒပြည်နှင့် ယေရုရှလင်မြို့အပေါ်မှာ သက်ရောက်လေ၏။ |
တစ်ဖန် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်တော်မူ၍ ဒါဝိဒ်မင်းကြီး၏စိတ်ကိုနှိုးဆော်သဖြင့် ဒါဝိဒ်မင်းကြီးက လူတို့အား “အစ္စရေးအမျိုးသားနှင့် ယုဒအမျိုးသားတို့ကို သွား၍စာရင်းယူလော့”ဟု ဆို၏။
သူတို့သည် အထွတ်အမြတ်ထားရာနေရာများ၊ ကျောက်တိုင်များ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ကုန်းမြင့်ရှိသမျှ၊ စိမ်းလန်းသောသစ်ပင်ရှိသမျှတို့အောက်တွင် ကိုယ့်အဖို့ တည်ထားကြ၏။
သင်မူကား သင့်ရှေ့ကလူအပေါင်းတို့ထက် ဆိုးညစ်မှုများကို ပြုလေပြီ။ သင်သည် ငါ့ကိုကျောခိုင်းပြီး အခြားဘုရားများ၊ ရုပ်တုများကို ပြုလုပ်ကာ ငါ့ကိုအမျက်ထွက်စေပြီ။
ရောဗောင်မင်းကြီးသည် နိုင်ငံတော်တည်မြဲ၍ အင်အားကြီးမားလာသောအခါ သူနှင့်အစ္စရေးလူမျိုးတစ်မျိုးလုံး ထာဝရဘုရား၏ပညတ်တော်များကို စွန့်ပယ်ကြလေ၏။
ဤသို့ ထာဝရဘုရားကိုသစ္စာမဲ့သောကြောင့် ရောဗောင်မင်းကြီးနန်းစံငါးနှစ်တွင် အီဂျစ်ဘုရင်ရှိရှက်မင်းကြီးသည် ဂျေရုဆလင်မြို့သို့ ချီလာ၏။
ထိုအခါ ဟာနနိ၏သား ဗျာဒိတ်ရသူယေဟုသည် ယောရှဖတ်မင်းကြီးထံအခစားဝင်၍ “ဆိုးယုတ်သောသူကို ကူညီသင့်သလော။ ထာဝရဘုရား မုန်းတော်မူသောသူကို သင်ချစ်သောကြောင့် ထာဝရဘုရားထံမှ အမျက်တော်သည် သင့်အပေါ် ကျရောက်လေပြီ။
အစ္စရေးဘုရင်တို့လျှောက်သောလမ်းအတိုင်းလိုက်လျှောက်ပြီး အာဟပ်မင်းမျိုးမင်းနွယ်တို့ ဖောက်ပြန်မှားယွင်းသကဲ့သို့ ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ကို ဖောက်ပြန်မှားယွင်းစေ၏။ သင့်ခမည်းတော်၏အိမ်သားများဖြစ်သော သင့်ထက်ကောင်းသောသင့်ညီအစ်ကိုများကိုပင် သင်သတ်ပစ်ခဲ့၏။
သူ၏ခမည်းတော်အနိစ္စရောက်သည့်နောက်ပိုင်းတွင် သူ့ကို အကြံပေးဖျက်ဆီးသူများမှာ အာဟပ်မင်းမျိုးမင်းနွယ်သာဖြစ်သောကြောင့် ထိုသူတို့ကဲ့သို့ပင် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။
ယောယဒကွယ်လွန်သွားပြီးနောက်တွင် ယုဒအကြီးအကဲတို့သည် ရှင်ဘုရင်ထံလာ၍ ပျပ်ဝပ်ဦးညွှတ်ကြ၏။ ရှင်ဘုရင်သည်လည်း သူတို့စကားကို နားထောင်၏။
နောက်ပိုင်းတွင် ယောရှမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ကို ပြန်လည်ပြုပြင်ရန် စိတ်ပိုင်းဖြတ်ပြီး
ထို့ကြောင့် ထာဝရဘုရားသည် အာမဇိမင်းကြီးကို အမျက်ထွက်တော်မူ၍ သူ့ထံပရောဖက်တစ်ပါးကို စေလွှတ်ကာ “မင်းကြီး၏လက်မှ မိမိလူတို့ကိုမကယ်တင်နိုင်သောလူမျိုးခြားတို့၏ဘုရားများကို အဘယ်ကြောင့် ဆည်းကပ်သနည်း”ဟု ဆို၏။
“စစ်သုံ့ပန်းတို့ကို ဤနေရာသို့ မခေါ်လာကြပါနှင့်။ ငါတို့သည် ထာဝရဘုရားကိုပြစ်မှား၍ ငါတို့၏အပြစ်ပေါ်အပြစ်ထပ်တင်ရန် သင်တို့ကြံရွယ်နေကြပါသည်တကား။ ငါတို့အပြစ်ကြီးမားလွန်းသောကြောင့် အစ္စရေးလူမျိုးကို အမျက်တော်ပြင်းထန်စွာထွက်လျက် ရှိ၏”ဟု ဆိုကြ၏။
ထို့ကြောင့် ထာဝရဘုရားသည် ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ကို အမျက်ထွက်ပြီး သင်တို့မြင်သည့်အတိုင်း သူတို့ကို ရွံရှာစရာ၊ ထိတ်လန့်စရာ၊ ကဲ့ရဲ့လှောင်ပြောင်စရာ ဖြစ်စေပြီ။
သို့သော် ဟေဇကိမင်းကြီးသည် ခံစားရသောကျေးဇူးတော်အတိုင်း မတုံ့ပြန်ဘဲ ဘဝင်မြင့်လာ၏။ ထို့ကြောင့် အမျက်တော်သည် သူ့အပေါ်သာမက ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အပေါ်သို့ ကျရောက်လေ၏။
အကြောင်းမူကား သူတို့သည် ငါ့ကိုစွန့်ပစ်ပြီး အခြားဘုရားအများတို့ထံ နံ့သာပေါင်းမီးရှို့ပူဇော်လျက် သူတို့လက်နှင့်လုပ်သောအရာများဖြင့် ငါ့ကို အမျက်ထွက်စေကြ၏။ ထို့ကြောင့် ဤမြို့၌ ငါ့အမျက်မီး တောက်လောင်၍ ငြိမ်းလိမ့်မည်မဟုတ်’ဟူ၍ မိန့်တော်မူပြီ”ဟု မိန့်ဆို၏။
သင်တို့ဝင်ရောက်မည့်ပြည်ရှိပြည်သားတို့နှင့် မိတ်မဖွဲ့မိရန် သတိပြုလော့။ သို့မဟုတ်လျှင် သူတို့သည် သင်တို့အဖို့ ထောင်ချောက်ကဲ့သို့ဖြစ်လိမ့်မည်။
သင်သည် သူတို့၏ယဇ်ပလ္လင်များကို ဖြိုဖျက်ပစ်၍ သူတို့၏ကျောက်တိုင်များကို ဖြိုလှဲရမည်။ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲရမည်။
သူတို့၏သားသမီးများပင် ကုန်းမြင့်များပေါ်ရှိ စိမ်းလန်းသောသစ်ပင်များအနီး၌ မိမိတို့တည်ထားသောယဇ်ပလ္လင်များ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များကို စွဲလမ်းကြလေပြီ။
ငါသည် ဧဖရိမ်အဖို့ ခြင်္သေ့ကြီးကဲ့သို့လည်းကောင်း၊ ယုဒအမျိုးအနွယ်အဖို့ ခြင်္သေ့ပျိုကဲ့သို့လည်းကောင်း ဖြစ်၏။ ငါကိုယ်တော်တိုင် သူတို့ကို ကိုက်ဖြဲပြီး ချီယူသွားမည်။ သူတို့ကို မည်သူမျှ ကယ်တင်နိုင်မည်မဟုတ်။
အချည်းနှီးသောစကားတို့ဖြင့် မည်သူမျှ သင်တို့ကို မလှည့်ဖြားစေနှင့်။ အကြောင်းမူကား ဤအမှုများကြောင့် ဘုရားသခင်၏အမျက်တော်သည် နာခံမှုမရှိသောသူတို့အပေါ်သို့ သက်ရောက်လာ၏။
ဇေရအမျိုးသားအာခန်သည် ကျိန်ခြင်းခံရသောအရာကိုယူခြင်းဖြင့် အပြစ်ပြုသောကြောင့် သူတစ်ယောက်တည်း သေသည်မဟုတ်။ အစ္စရေးလူထုတစ်ရပ်လုံး အမျက်တော်ဒဏ်ခံခဲ့ရသည်မဟုတ်လော’ဟူ၍ ပြောဆိုကြသည်”ဟု ဆို၏။
သူတို့သည် ဘုရားအသစ်တို့ကိုရွေးချယ်ကြသောအခါ မြို့တံခါးများ၌ စစ်ဖြစ်လေ၏။ အစ္စရေးလူမျိုးတို့၌ လူလေးသောင်းတွင် ဒိုင်းတစ်ခု၊ လှံတစ်စင်းမျှမတွေ့ရ။
ဂိဒေါင်သေဆုံးပြီးနောက် အစ္စရေးအမျိုးသားတို့သည် ဗာလဘုရားထံလှည့်၍ ဖောက်ပြန်မှားယွင်းကြပြန်၏။ ဗာလဗေရိတ်ကို ဘုရားအရာ၌ ထားကြ၏။