Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 12:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ဤသို့ ထာဝရဘုရား​ကို​သစ္စာမဲ့​သောကြောင့် ရောဗောင်​မင်းကြီး​နန်းစံ​ငါး​နှစ်​တွင် အီဂျစ်​ဘုရင်​ရှိရှက်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​သို့ ချီလာ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 သစ္စာ​တော်​ကို​ဖောက်​သော​ကြောင့်​ရော​ဗောင်​နန်း​စံ ပ​ထ​မ​နှစ်​၌ အီ​ဂျစ်​ဘု​ရင်​ရှိ​ရှက်​သည် ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2-3 သ စ္စာ တော် ကို ဖောက် ကျော် ကြ သော ကြောင့် ရော ဗောင် မင်း နန်း စံ ငါး နှစ် တွင် အိ ဂျစ် ဘု ရင် ရှိ ရှက် မင်း သည် စစ် ရ ထား တစ် ထောင့် နှစ် ရာ၊ မြင်း စီး သူ ရဲ ခြောက် သောင်း မှ စ၍ မ ရေ တွက် နိုင် သော လိ ဗု၊ သု ကိ၊ ကု ရှ ရဲ မက် တို့ နှင့် တ ကွ အိ ဂျစ် ပြည် မှ ချီ ထွက် လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်၊ ရော​ဗောင်​မင်း​ကြီး နန်း​စံ​ငါး​နှစ်​တွင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 12:2
17 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ရှောလမုန်​မင်းကြီး​သည် ယေရောဗောင်​ကို သတ်​ဖို့​ကြံစည်​လေ​၏​။ သို့သော် ယေရောဗောင်​သည် ထ​၍ အီဂျစ်​ပြည်​သို့​ထွက်ပြေး​သွား​ပြီး အီဂျစ်​ဘုရင်​ရှိရှက်​မင်းကြီး​ထံ​ခိုဝင်​ကာ ရှောလမုန်​မင်းကြီး​အနိစ္စ​ရောက်​သည်​အထိ အီဂျစ်​ပြည်​တွင် နေထိုင်​လေ​၏​။


အကြောင်းမှာ ဘုရားရှင်​သည် ဆီးရီးယား​တပ်သား​တို့​အား စစ်ရထားသံ​၊ မြင်းခွာသံ​များ​ဖြင့် စစ်တပ်ကြီး​ချီလာ​သော​အသံ​ကို ကြား​ရ​စေ​တော်မူ​သဖြင့် သူ​တို့​က “​ကြည့်​ပါ​။ အစ္စရေး​ဘုရင်​သည် ငါ​တို့​ကို တိုက်ခိုက်​ရန် ဟိတ္တိ​ဘုရင်​၊ အီဂျစ်​ဘုရင်​တို့​ကို စစ်ကူတောင်း​ပြီး​ချီလာ​လေ​ပြီ​”​ဟု အချင်းချင်း​ပြောဆို​ကြ​လျက်


ငါ့​သား​ရှောလမုန်​၊ သင့်​ခမည်းတော်​ကိုးကွယ်​သော​ဘုရားသခင်​နှင့် သိကျွမ်း​အောင်​ပြု​လော့​။ စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဆန္ဒ​ရှိသမျှ​နှင့် အစေခံ​လော့​။ ထာဝရဘုရား​သည် စိတ်နှလုံး​ရှိသမျှ​ကို စစ်ဆေး​၍ တွေးတော​ကြံစည်​သမျှ​တို့​ကို သိနားလည်​တော်မူ​၏​။ သင်​သည် ကိုယ်တော်​ကို​ရှာ​လျှင် အတွေ့ခံ​တော်မူ​မည်​။ ကိုယ်တော်​ကို စွန့်ပယ်​လျှင်​မူကား သင်​လည်း ထာဝစဉ်​အစွန့်ပယ်​ခံရ​မည်​။


အာသ​မင်းကြီး​၌ ယုဒ​အမျိုး​တွင် ဒိုင်းလွှားကြီး​နှင့်​လှံ​ကိုင်စွဲ​သူ စစ်သည်​သုံးသိန်း​၊ ဗင်္ယာမိန်​အမျိုး​တွင် ဒိုင်းလွှားငယ်​ကိုင်စွဲ​သူ​နှင့် လေးသည်တော် နှစ်သိန်း​ရှစ်သောင်း ရှိ​၏​။ သူ​တို့​အားလုံး​သည် ရဲစွမ်းသတ္တိ​ထက်မြက်​သော​စစ်သူရဲ​များ ဖြစ်​ကြ​၏​။


ထို့နောက်တွင် အီသီယိုးပီးယား​လူမျိုး​ဇေရ​သည် စစ်သည်​တစ်သန်း​၊ စစ်ရထား​သုံး​ရာ​နှင့်​ချီလာ​ပြီး မရေရှ​မြို့​သို့​ရောက်လာ​ရာ


သူ​တို့​သည် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​အိမ်​တော်​ကို စွန့်ခွာ​သွား​ကြ​ပြီး အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​နှင့် ရုပ်တု​တို့​ကို ကိုးကွယ်​ကြ​၏​။ ထို​အပြစ်​ကြောင့် ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​အပေါ် အမျက်​တော်​သက်ရောက်​လေ​၏​။


ထို​ပြည်​သည် ပင်လယ်​လမ်း​ဖြင့်​လည်းကောင်း​၊ ရေပြင်​ပေါ်တွင် ကျူရိုး​လှေ​များ​ဖြင့်​လည်းကောင်း သံတမန်​တို့​ကို စေလွှတ်​သော​ပြည်​ဖြစ်​၏​။ အို လျင်မြန်​သော​စေတမန်​တို့​၊ အရပ်ရှည်​၍​အသားအရေ​ချောမွတ်​သော​လူမျိုး​၊ အနီး​အဝေး​ရှိ​လူ​တို့​ကြောက်ရွံ့​ရ​သော​လူမျိုး​၊ မြစ်​များ​ဖြာထွက်​သော​ပြည်​၌​နေ​သည့် ခွန်အားကြီး​၍ နိုင်ထက်စီးနင်း​ပြု​တတ်​သော​လူမျိုး​ထံသို့ သွား​ကြ​လော့​။


သို့သော် သူ​တို့​သည်​ပုန်ကန်​ခြင်း​ဖြင့် သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ဝမ်းနည်း​စေ​ခဲ့​သောကြောင့် ကိုယ်တော်​သည် သူ​တို့​၏​ရန်သူ​ဖြစ်သွား​၍ သူ​တို့​ကို​တိုက်ခိုက်​တော်မူ​၏​။


သင်​၏​မကောင်းမှု​သည် သင့်​ကို​အပြစ်ဒဏ်​ပေး​လိမ့်မည်​။ သင်​၏​လမ်းလွဲဖောက်ပြန်မှု​သည် သင့်​ကို​ဆုံးမ​လိမ့်မည်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​စွန့်ပယ်​ခြင်း​၊ ငါ့​ကို မ​ကြောက်ရွံ့​ခြင်း​သည် ဆိုး​သော​အမှု​၊ ခါးသီး​သော​အမှု​ဖြစ်​သည်​ကို သိ​မှတ်​လော့​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


အကျွန်ုပ်​တို့​သည် စိတ်နှလုံး​ဝမ်းမြောက်ပျော်ရွှင်​ခြင်း ကင်း​လေ​ပြီ​။ ကခုန်​ခြင်း​အစား ငိုကြွေးမြည်တမ်း​ရ​လေ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ