ဩဖိရမြို့သို့သွား၍ ရွှေကိုသယ်ဆောင်လာရန် ယောရှဖတ်မင်းကြီးသည် တာရှုသင်္ဘောများကို တည်ဆောက်၏။ သို့သော် ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောပျက်သဖြင့် ခရီးမသွားနိုင်ခဲ့။
၂ ရာချုပ် 20:37 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မရေရှမြို့မှ ဒေါဒေဝ၏သားဧလျေဇာက ယောရှဖတ်မင်းကြီးအား “အရှင်မင်းကြီးသည် အာခဇိမင်းကြီးနှင့် မဟာမိတ်ဖွဲ့သောကြောင့် အရှင်မင်းကြီး၏လုပ်ငန်းများကို ထာဝရဘုရားဖျက်ဆီးပစ်လိမ့်မည်”ဟု ပရောဖက်ပြုဆင့်ဆို၏။ ထို့ကြောင့် သူတို့၏သင်္ဘောများပျက်စီးပြီး တာရှုမြို့သို့လည်း ကုန်ကူးမသွားနိုင်တော့ချေ။ Common Language Bible သို့ရာတွင်မရေရှမြို့နေဒေါဒဝ၏သား ဧလျေဇကယောရှဖတ်အား``အရှင်သည် အာခဇိနှင့်မဟာမိတ်ဖွဲ့သဖြင့် ထာဝရ ဘုရားသည်အရင်ဆောက်လုပ်ထားသည့် သင်္ဘောများကိုဖျက်ဆီးတော်မူလိမ့်မည်'' ဟုဆိုသည့်အတိုင်းထိုသင်္ဘောတို့သည် ပျက်၍တာရှုမြို့သို့မသွားရချေ။ Garrad Bible သို့ ဖြစ်၍၊ မ ရေ ရှ မြို့ နေ့ ဒေါ ဒ ဝ သား ဧ လျေ ဇာ က၊ ဘု ရင် မင်း သည် အာ ခ ဇိ မင်း နှင့် မ ဟာ မိတ် ဖွဲ့ သော ကြောင့်၊ အ လုပ် အ ဆောင် တော် များ ကို ထာ ဝ ရ ဘု ရား ဖျက် ပယ် တော် မူ လ တ္တံ့ ဟု ဟော ပြော သည် နှင့် အ ညီ၊ ထို သင်္ဘော များ ပျက်၍ တာ ရှူ မြို့ သို့ မ သွား ရ ချေ။ Judson Bible ထိုအခါ မရေရှမြို့သူ၊ ဒေါဒေဝသား ဧလျေဇက၊ မင်းကြီးသည် အာခဇိနှင့် ပေါင်းဖော်သောကြောင့်၊ ထာဝရဘုရားသည် မင်းကြီးပြုသောအမှုကို ဖျက်တော်မူပြီးဟု ယောရှဖတ်တစ်ဖက်၌ ဟောသည်နှင့်အညီ၊ ထိုသင်္ဘောတို့သည် တာရှုမြို့သို့မသွားနိုင်အောင် ကျိုးပဲ့ကြ၏။ |
ဩဖိရမြို့သို့သွား၍ ရွှေကိုသယ်ဆောင်လာရန် ယောရှဖတ်မင်းကြီးသည် တာရှုသင်္ဘောများကို တည်ဆောက်၏။ သို့သော် ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောပျက်သဖြင့် ခရီးမသွားနိုင်ခဲ့။
ထာဝရဘုရား၌ စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ကိုးစားသူတို့ကို ခွန်အားဖြည့်ပေးရန် ကိုယ်တော်သည် မြေကြီးတစ်ပြင်လုံးကို အစဉ်ကြည့်ရှုတော်မူ၏။ သင်မိုက်မဲစွာပြုမိပြီဖြစ်သောကြောင့် ယခုမှစ၍ သင်သည် စစ်ပွဲများနှင့် ရင်ဆိုင်ရတော့မည်”ဟု ဆင့်ဆို၏။
ထိုအခါ ဟာနနိ၏သား ဗျာဒိတ်ရသူယေဟုသည် ယောရှဖတ်မင်းကြီးထံအခစားဝင်၍ “ဆိုးယုတ်သောသူကို ကူညီသင့်သလော။ ထာဝရဘုရား မုန်းတော်မူသောသူကို သင်ချစ်သောကြောင့် ထာဝရဘုရားထံမှ အမျက်တော်သည် သင့်အပေါ် ကျရောက်လေပြီ။
ယောရှဖတ်မင်းကြီးသည် တာရှုမြို့သို့ကုန်ကူးသောသင်္ဘောကိုဆောက်လုပ်ရန် အာခဇိမင်းကြီးနှင့် သဘောတူခဲ့ပြီး ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောများကို ဆောက်လုပ်ကြ၏။
ယောရှဖတ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ဒါဝိဒ်မြို့တွင် ဘိုးဘေးတို့နှင့်အတူ သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယဟောရံသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ရှင်ဘုရင်ပိုင် တာရှုသင်္ဘောသည် ဟုရံမင်းကြီး၏အမှုထမ်းတို့နှင့်အတူ ကူးသန်းသွားလာ၏။ ထိုတာရှုသင်္ဘောသည် သုံးနှစ်တစ်ခါပြန်လာပြီး ရွှေငွေများ၊ ဆင်စွယ်များ၊ မျောက်ဝံများ၊ ဒေါင်းများကို ယူဆောင်လာလေ့ရှိ၏။
ပညာရှိသောသူတို့နှင့်အတူ လျှောက်လှမ်းသောသူသည် ပညာရှိလာလိမ့်မည်။ မိုက်မဲသောသူတို့နှင့်အတူပေါင်းဖော်သောသူမူကား ဒုက္ခရောက်လိမ့်မည်။
အသိဉာဏ်နည်းပါးခြင်းကိုစွန့်ပယ်၍ အသက်ရှင်လော့။ အသိဉာဏ်လမ်းကိုလိုက်လော့”ဟု ဆို၏။
အကြောင်းမူကား ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမပဲ့ပြင်တတ်၏။ လက်ခံတော်မူသမျှသောသားတို့ကို ဒဏ်ခတ်ရိုက်နှက်တတ်၏”ဟု သားကိုမိန့်တော်မူသကဲ့သို့ သင်တို့အားမိန့်တော်မူသော တိုက်တွန်းအားပေးစကားကို သင်တို့မေ့လျော့ကြပြီ။
ငါသည် ငါချစ်သမျှသောသူတို့၏အပြစ်ကိုဖော်ပြ၍ ဆုံးမပဲ့ပြင်တတ်၏။ ထို့ကြောင့် စိတ်အားထက်သန်ခြင်းရှိ၍ နောင်တရလော့။