၂ ရာချုပ် 20:36 - မြန်မာ့စံမီသမ္မာကျမ်း36 ယောရှဖတ်မင်းကြီးသည် တာရှုမြို့သို့ကုန်ကူးသောသင်္ဘောကိုဆောက်လုပ်ရန် အာခဇိမင်းကြီးနှင့် သဘောတူခဲ့ပြီး ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောများကို ဆောက်လုပ်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible36 သူတို့နှစ်ဦးသည်ဧဇယုန်ဂါဗာသင်္ဘောဆိပ်တွင် တာရှုမြို့သို့ရွက်လွှင့်ရန်သင်္ဘောများကိုဆောက် လုပ်ကြ၏။- အခန်းကိုကြည့်ပါ။Judson Bible36 တာရှုမြို့သို့သွားရသော သင်္ဘောတို့ကိုတည်လုပ်ခြင်းငှာ၊ အလွန်အဓမ္မအမှုကို ပြုသော ဣသရေလရှင်ဘုရင် အာခဇိနှင့် ပေါင်းဖော်ပြီးလျှင်၊ ထိုသင်္ဘောတို့ကို ဧဇယုန်ဂါဗာမြို့မှာ တည်လုပ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ မရေရှမြို့မှ ဒေါဒေဝ၏သားဧလျေဇာက ယောရှဖတ်မင်းကြီးအား “အရှင်မင်းကြီးသည် အာခဇိမင်းကြီးနှင့် မဟာမိတ်ဖွဲ့သောကြောင့် အရှင်မင်းကြီး၏လုပ်ငန်းများကို ထာဝရဘုရားဖျက်ဆီးပစ်လိမ့်မည်”ဟု ပရောဖက်ပြုဆင့်ဆို၏။ ထို့ကြောင့် သူတို့၏သင်္ဘောများပျက်စီးပြီး တာရှုမြို့သို့လည်း ကုန်ကူးမသွားနိုင်တော့ချေ။