Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ရာ​ချုပ် 20:37 - Common Language Bible

37 သို့​ရာ​တွင်​မ​ရေ​ရှ​မြို့​နေ​ဒေါ​ဒ​ဝ​၏​သား ဧ​လျေ​ဇ​က​ယော​ရှ​ဖတ်​အား``အ​ရှင်​သည် အာ​ခ​ဇိ​နှင့်​မ​ဟာ​မိတ်​ဖွဲ့​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​သည်​အ​ရင်​ဆောက်​လုပ်​ထား​သည့် သင်္ဘော​များ​ကို​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်'' ဟု​ဆို​သည့်​အ​တိုင်း​ထို​သင်္ဘော​တို့​သည် ပျက်​၍​တာ​ရှု​မြို့​သို့​မ​သွား​ရ​ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

37 သို့ ဖြစ်၍၊ မ ရေ ရှ မြို့ နေ့ ဒေါ ဒ ဝ သား ဧ လျေ ဇာ က၊ ဘု ရင် မင်း သည် အာ ခ ဇိ မင်း နှင့် မ ဟာ မိတ် ဖွဲ့ သော ကြောင့်၊ အ လုပ် အ ဆောင် တော် များ ကို ထာ ဝ ရ ဘု ရား ဖျက် ပယ် တော် မူ လ တ္တံ့ ဟု ဟော ပြော သည် နှင့် အ ညီ၊ ထို သင်္ဘော များ ပျက်၍ တာ ရှူ မြို့ သို့ မ သွား ရ ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

37 ထို​အ​ခါ မ​ရေ​ရှ​မြို့​သူ၊ ဒေါ​ဒေ​ဝ​သား ဧ​လျေ​ဇ​က၊ မင်း​ကြီး​သည် အာ​ခ​ဇိ​နှင့် ပေါင်း​ဖော်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် မင်း​ကြီး​ပြု​သော​အ​မှု​ကို ဖျက်​တော်​မူ​ပြီး​ဟု ယော​ရှ​ဖတ်​တစ်​ဖက်၌ ဟော​သည်​နှင့်​အ​ညီ၊ ထို​သင်္ဘော​တို့​သည် တာ​ရှု​မြို့​သို့​မ​သွား​နိုင်​အောင် ကျိုး​ပဲ့​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

37 ထိုအခါ မရေရှ​မြို့​မှ ဒေါဒေဝ​၏​သား​ဧလျေဇာ​က ယောရှဖတ်​မင်းကြီး​အား “​အရှင်မင်းကြီး​သည် အာခဇိ​မင်းကြီး​နှင့် မဟာမိတ်ဖွဲ့​သောကြောင့် အရှင်မင်းကြီး​၏​လုပ်ငန်း​များ​ကို ထာဝရဘုရား​ဖျက်ဆီး​ပစ်​လိမ့်မည်​”​ဟု ပရောဖက်ပြု​ဆင့်ဆို​၏​။ ထို့ကြောင့် သူ​တို့​၏​သင်္ဘော​များ​ပျက်စီး​ပြီး တာရှု​မြို့​သို့​လည်း ကုန်ကူး​မ​သွား​နိုင်​တော့​ချေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 20:37
12 ပူးပေါင်းရင်းမြစ်များ  

ယော​ရှ​ဖတ်​မင်း​သည်​သြ​ဖိ​ရ​ပြည်​မှ​ရွှေ​ကို​ယူ ဆောင်​ရန် ပင်​လယ်​ကူး​သင်္ဘော​များ​ကို​တည်​ဆောက် စေ​သော်​လည်း ထို​သင်္ဘော​တို့​သည်​ဧ​ဇ​ယုန်​ဂါ​ဗာ မြို့​တွင်​ပျက်​သွား​သ​ဖြင့်​သင်္ဘော​မ​လွှင့်​ရ​ကြ​ချေ။-


ဂါ​သ​မြို့၊ မ​ရေ​ရှ​မြို့၊ ဇိ​ဖ​မြို့၊- အ​ဒေါ​ရိမ် မြို့၊ လာ​ခိ​ရှ​မြို့၊ အ​ဇေ​ကာ​မြို့၊-


ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​သစ္စာ​စောင့် သူ​တို့​အား​တန်​ခိုး​စွမ်း​ရည်​ကို​ပေး​တော်​မူ​ရန် ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​သေ​ချာ​စွာ​ကြည့်​လျက် နေ​တော်​မူ​၏။ ဘု​ရင်​မင်း​သည်​မိုက်​မဲ​စွာ​ပြု ခဲ့​သည်​ဖြစ်​၍ ယ​ခု​မှ​စ​၍​အ​စဉ်​စစ်​ဖြစ် လျက်​နေ​ရ​လိမ့်​မည်'' ဟု​ဆင့်​ဆို​၏။-


ဟာ​နန်​၏​သား​ပ​ရော​ဖက်​ယေ​ဟု​သည်​မင်း​ကြီး ထံ​သို့​သွား​၍``ဘု​ရင်​မင်း​သည်​သူ​ယုတ်​မာ​တို့​ကို ကူ​ညီ​မ​စ​အပ်​ပါ​သ​လော။ ထာ​ဝရ​ဘု​ရား​ကို မုန်း​သူ​တို့​နှင့်​မိတ်​ဆွေ​ဖွဲ့​အပ်​ပါ​သ​လော။ ယင်း အ​မှု​တို့​ကြောင့်​ထာ​ဝရ​ဘု​ရား​၏​အ​မျက်​တော် သည် ဘု​ရင်​မင်း​၏​အ​ပေါ်​သို့​သက်​ရောက်​လေ ပြီ။-


သူ​တို့​နှစ်​ဦး​သည်​ဧ​ဇ​ယုန်​ဂါ​ဗာ​သင်္ဘော​ဆိပ်​တွင် တာ​ရှု​မြို့​သို့​ရွက်​လွှင့်​ရန်​သင်္ဘော​များ​ကို​ဆောက် လုပ်​ကြ​၏။-


ယော​ရှ​ဖတ်​ကွယ်​လွန်​သော​အ​ခါ​ဒါ​ဝိဒ်​မြို့​ရှိ ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ သား တော်​ယ​ဟော​ရံ​သည်​ခ​မည်း​တော်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။


မင်း​ကြီး​၌​ဟိရံ​မင်း​၏​သင်္ဘော​စု​နှင့်​အ​တူ​ပင် လယ်​သွား​သင်္ဘော​များ​ရှိ​၏။ သူ​၏​သင်္ဘော​တို့ သည် ရွှေ၊ ငွေ၊ ဆင်​စွယ်၊ လူ​ဝံ​နှင့်​မျောက်​များ​ကို တင်​ဆောင်​၍​သုံး​နှစ်​တစ်​ကြိမ်​ပြန်​လည်​ရောက် ရှိ​လေ​သည်။-


ပညာရှိတို့နှင့်ပေါင်းဘော်သောသူသည် ပညာ ရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဘော်သောသူမူကား၊ ပျက်စီးတတ်၏။


မိုက်သောသူကို ရှောင်၍ အသက်ချမ်း သာရ လော့။ ပညာလမ်းသို့လိုက်လော့ဟုဆိုသတည်း။


အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ ချစ်​တော်​မူ​သော​သူ​ကို​ဆုံး​မ​တော်​မူ​တတ်​၍ သား​အ​ဖြစ်​လက်​ခံ​တော်​မူ​သော​သူ​ကို ဒဏ်​ပေး​တော်​မူ​တတ်​သော​ကြောင့်​ဖြစ်​၏'' ဟု​သင်​တို့​အား​သား​များ​အ​နေ​ဖြင့်​အား ပေး​တိုက်​တွန်း​ထား​သည်​ကို​သင်​တို့​မေ့ လျော့​သွား​ကြ​လေ​ပြီ​လော။-


ငါ​သည်​မိ​မိ​ချစ်​သော​သူ​အ​ပေါင်း​တို့​အား ဆုံး​မ​၍​အ​ပြစ်​ဒဏ်​ပေး​တတ်​၏။ ထို​ကြောင့် သင်​သည်​စိတ်​အား​ထက်​သန်​လော့။ နောင်​တ ရ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ