ဤဘုရင်ငါးပါးစလုံးသည် ဆားပင်လယ်တည်းဟူသော စိဒ္ဒိမ်ချိုင့်ဝှမ်း၌ မဟာမိတ်ဖွဲ့ကြ၏။
၂ ရာချုပ် 20:2 - မြန်မာ့စံမီသမ္မာကျမ်း လူတို့သည်လာ၍ ယောရှဖတ်မင်းကြီးအား “ပင်လယ်တစ်ဖက်ကမ်း ဆီးရီးယားပြည်မှ စစ်တပ်ကြီးချီလာပြီး အင်္ဂေဒိ ခေါ် ဟာဇဇုန္တာမာမြို့တွင် တပ်ချနေပါသည်”ဟူသောသတင်းကို ကြားပြောလျှင် Common Language Bible သတင်းပို့သူတို့သည်ယောရှဖတ်မင်းထံလာ ရောက်၍``အင်အားကြီးမားသည့်တပ်ကြီးတစ် တပ်သည်အရှင့်အား တိုက်ခိုက်ရန်ပင်လယ်သေ တစ်ဖက်ကမ်းဧဒုံပြည်မှချီတက်လာပါပြီ။ သူတို့သည်အင်္ဂေဒိခေါ်ဟာဇဇုန္တာမာမြို့ကို သိမ်းယူလိုက်ကြပါပြီ'' ဟုလျှောက်ထား ကြ၏။- Garrad Bible အိုင် ကြီး တစ် ဘက် ဧ ဒုံ ပြည် မှ အ လုံး အ ရင်း များ စွာ ချီ လာ ၍၊ အင်္ဂေ ဒိ ခေါ် ဟာ ဇု ဇု န္တာ မာ မြို့၌ စွဲ ရပ် သည် ဟု၊ ယော ရှ ဖတ် မင်း သ တင်း ကြား လျှင်၊ Judson Bible အိုင်ကြီးတစ်ဖက်၊ ဧဒုံပြည်ဘက်က များစွာသော အလုံးအရင်း စစ်ချီလာ၍၊ အင်္ဂေဒိအမည်ရှိသော ဟာဇဇုန္တာမာမြို့မှာ ရှိကြပါသည်ဟု ယောရှဖတ်အား ကြားလျှောက်လျှင်၊ |
ဤဘုရင်ငါးပါးစလုံးသည် ဆားပင်လယ်တည်းဟူသော စိဒ္ဒိမ်ချိုင့်ဝှမ်း၌ မဟာမိတ်ဖွဲ့ကြ၏။
ထို့နောက် သူတို့သည် ပြန်လှည့်လာ၍ ကာဒေရှတည်းဟူသော အင်မိရှပတ်အရပ်သို့ရောက်လာကြပြီးလျှင် အာမလက်လူမျိုး၏နယ်မြေတစ်ခုလုံးနှင့် ဟာဇဇုန္တာမာမြို့၌နေထိုင်သောအာမောရိလူမျိုးကို တိုက်ခိုက်ကြ၏။
အင်္ဂေဒိမှ ဧနေဂလိအရပ်တိုင်အောင် ကမ်းစပ်တစ်လျှောက်သည် တံငါသည်တို့ကျင်လည်ရာ၊ သူတို့၏ပိုက်ကွန်များဖြန့်ရာအရပ် ဖြစ်လိမ့်မည်။ မြေထဲပင်လယ်ရှိငါးများကဲ့သို့ ထိုအရပ်၌ ငါးတို့သည် အမျိုးအလိုက် အလွန်များပြားကြလိမ့်မည်။
တောင်ဘက်ခြမ်းတွင် တာမာအရပ်မှ ကာဒေရှအရပ်ရှိမေရိဘစမ်းရေနားအထိ၊ ထိုမှ အီဂျစ်ချောင်းအတိုင်းဆက်သွားကာ မြေထဲပင်လယ်အထိ ရောက်၏။ ဤသည်ကား တောင်ဘက်နယ်နိမိတ်ဖြစ်၏။
ဂဒ်တောင်ဘက်နယ်နိမိတ်နှင့်ကပ်လျက်ရှိသောနယ်နိမိတ်မှာ တာမာမြို့မှ ကာဒေရှအရပ်ရှိ မေရိဘစမ်းရေနားအထိ ထိုမှ အီဂျစ်ချောင်းအတိုင်းဆက်သွားကာ မြေထဲပင်လယ်သို့ ရောက်သွားသည်အထိဖြစ်၏။
ထိုမှ နယ်နိမိတ်သည် ဂျော်ဒန်မြစ်တစ်လျှောက်ဆက်သွား၍ ဆားပင်လယ်၌ ဆုံးရမည်။ ဤသည်ကား သင်တို့ပြည်၏နယ်မြေအပိုင်းအခြား ဖြစ်သည်”ဟု မိန့်တော်မူ၏။
နိဗရှန်မြို့၊ ဆားမြို့၊ အင်္ဂေဒိမြို့ စသည့်မြို့ခြောက်မြို့နှင့်ရွာများ ပါ၏။
အထက်မှစီးဆင်းလာသောရေသည် ရပ်၍ အလှမ်းဝေးသောဇာရတန်မြို့အနီးရှိအာဒံမြို့အထိ တစ်ဖက်တည်း၌စုပုံလျက် တန့်နေ၏။ အရာဗပင်လယ်ဟုခေါ်သော ဆားပင်လယ်တိုင်အောင် စီးဆင်းသောရေသည် လုံးလုံးပြတ်သွား၏။ လူတို့သည်လည်း တစ်ဖက်ကမ်းရှိ ဂျေရိခေါမြို့သို့ ကူးသွားကြ၏။
ထို့နောက် ဒါဝိဒ်သည် ထိုအရပ်မှ အင်္ဂေဒိအရပ်သို့သွားပြီး ဥမင်လိုဏ်ခေါင်းတို့တွင် ပုန်းရှောင်နေလေ၏။