Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 47:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 တောင်​ဘက်ခြမ်း​တွင် တာမာ​အရပ်​မှ ကာဒေရှ​အရပ်​ရှိ​မေရိဘ​စမ်းရေ​နား​အထိ​၊ ထိုမှ အီဂျစ်​ချောင်း​အတိုင်း​ဆက်သွား​ကာ မြေထဲပင်လယ်​အထိ ရောက်​၏​။ ဤသည်ကား တောင်ဘက်​နယ်နိမိတ်​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ``တောင်​ဘက်​နယ်​နိ​မိတ်​သည်​တာ​မာ​မြို့​မှ အ​နောက်​တောင်​ဘက်​ရှိ​ကာ​ဒေ​ရှ​မေ​ရိ​ဘ စိမ့်​စမ်း​သို့​လည်း​ကောင်း၊ ထို​နောက်​အ​နောက် မြောက်​ဘက်​ရှိ​အီ​ဂျစ်​ပြည်​နယ်​စပ်​ကို​လိုက် ၍​မြေ​ထဲ​ပင်​လယ်​သို့​လည်း​ကောင်း​ရောက် ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 တောင် ဘက် အ လား သည်၊ တာ မာ မြို့ မှ၊ ကာ​ဒေ ရှ မြို့ မေ ရိ ဘ ရေ၊ အိ ဂျစ် ချောင်း မြေ ထဲ ပင် လယ် ထိ ရောက် မည်။ တောင် ဘက် အ လား ကား၊ ထို သို့ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 တောင်​ဘက်​အ​ပိုင်း​အ​ခြား​သည် တာ​မာ​မြို့​မှ​စ၍ ကာ​ဒေ​ရှ​မြို့၊ မေ​ရိ​ဘ​ရေ​တိုင်​အောင်​လည်း​ကောင်း၊ မ​ဟာ​ပင်​လယ်​ထဲ​သို့ ဝင်​သော မြစ်​တိုင်​အောင်​လည်း​ကောင်း လျှောက်​သွား​ရ​မည်။ ဤ​ရွေ့​ကား၊ တောင်​ဘက်​အ​ပိုင်း​အ​ခြား ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 47:19
15 ပူးပေါင်းရင်းမြစ်များ  

ထို​အချိန်​တွင်ပင် ရှောလမုန်​မင်းကြီး​သည် လီဘိုဟာမတ်​အရပ်​မှ အီဂျစ်​မြစ်​တိုင်အောင် အရပ်ရပ်​မှ​ရောက်လာ​သော အစ္စရေး​လူအုပ်ကြီး​နှင့်အတူ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌ ခုနစ်​ရက်​ပြီး နောက်ထပ်​ခုနစ်​ရက် စုစုပေါင်း​တစ်ဆယ့်​လေး​ရက်​တိုင် ပွဲတော်​ကျင်းပ​လေ​၏​။


ထို့ပြင် မိမိ​ပိုင်နက်​ထဲရှိ ကန္တာရ​အရပ်​တွင် ဗာလတ်​မြို့​၊ တာဒမော်​မြို့​၊


လူ​တို့​သည်​လာ​၍ ယောရှဖတ်​မင်းကြီး​အား “​ပင်လယ်​တစ်ဖက်ကမ်း ဆီးရီးယား​ပြည်​မှ စစ်တပ်ကြီး​ချီလာ​ပြီး အင်္ဂေဒိ ခေါ် ဟာဇဇုန္တာမာ​မြို့​တွင် တပ်ချ​နေ​ပါ​သည်​”​ဟူသော​သတင်း​ကို ကြားပြော​လျှင်


သင်​သည် ဆင်းရဲဒုက္ခ​ထဲမှ​ခေါ်​သောအခါ သင့်​ကို​ငါ​ကယ်မ​ခဲ့​၏​။ မမြင်​နိုင်​သော​မိုးချုန်းသံ​ကြားမှ သင့်​ကို​ငါ​ထူး​ခဲ့​၏​။ မေရိဘ​စမ်းရေ​အနား​တွင် သင့်​ကို ငါ​စစ်ဆေး​ခဲ့​၏​။(​စေလာ)


အို အစ္စရေး​အမျိုးသား​တို့​၊ ထို​နေ့ရက်​၌ ထာဝရဘုရား​သည် ယူဖရေးတီး​မြစ်​လက်တက်​မှ အီဂျစ်​ပြည်​စမ်းချောင်း​တိုင်အောင် သင်​တို့​ကို တလင်းနယ်​၍ တစ်​ယောက်​ပြီး​တစ်​ယောက် ကောက်သိမ်း​တော်မူ​မည်​။


အင်္ဂေဒိ​မှ ဧနေဂလိ​အရပ်​တိုင်အောင် ကမ်းစပ်​တစ်လျှောက်​သည် တံငါသည်​တို့​ကျင်လည်​ရာ​၊ သူ​တို့​၏​ပိုက်ကွန်​များ​ဖြန့်​ရာ​အရပ် ဖြစ်​လိမ့်မည်​။ မြေထဲပင်လယ်​ရှိ​ငါး​များ​ကဲ့သို့ ထို​အရပ်​၌ ငါး​တို့​သည် အမျိုး​အလိုက် အလွန်​များပြား​ကြ​လိမ့်မည်​။


ဤ​ပြည်​၏​နယ်နိမိတ်​မှာ မြောက်ဘက်ခြမ်း​တွင် မြေထဲပင်လယ်​မှစ၍ ဟေသလုန်​လမ်း​အတိုင်း ဇေဒဒ်​မြို့​၊


ဂဒ်​တောင်ဘက်​နယ်နိမိတ်​နှင့်​ကပ်​လျက်​ရှိ​သော​နယ်နိမိတ်​မှာ တာမာ​မြို့​မှ ကာဒေရှ​အရပ်​ရှိ မေရိဘ​စမ်းရေ​နား​အထိ ထိုမှ အီဂျစ်​ချောင်း​အတိုင်း​ဆက်သွား​ကာ မြေထဲပင်လယ်​သို့ ရောက်သွား​သည်​အထိ​ဖြစ်​၏​။


အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် ပထမ​လ​၌ ဇိန​တောကန္တာရ​သို့​ရောက်လာ​၍ သူ​တို့​သည် ကာဒေရှ​အရပ်​၌ နေ​ကြ​၏​။ ထို​အရပ်​၌ မိရိအံ​သေ​၍ သူ့​ကို ထို​အရပ်​မှာ​ပင် သင်္ဂြိုဟ်​ကြ​၏​။


ထာဝရဘုရား​အား အစ္စရေး​အမျိုးသား​တို့ ရန်တွေ့​သော​နေရာ​ကို မေရိဘ​စမ်းရေ​ဟု​ခေါ်​၏​။ ထာဝရဘုရား​သည် မိမိ​သန့်ရှင်း​ခြင်း​ကို သူ​တို့​အား ထို​နေရာ​တွင် ပြ​တော်မူ​၏​။


တောင်ဘက်ခြမ်း​သည် ဧဒုံ​ပြည်​နယ်စပ်​တစ်လျှောက်​ရှိ ဇိန​တောကန္တာရ​မှ​စ​ရ​မည်​။ တောင်ဘက်​နယ်နိမိတ်​သည် အရှေ့ဘက်​တွင် ဆား​ပင်လယ်​အစွန်း​မှ​စ​ရ​မည်​။


နယ်နိမိတ်​သည် အာဇမုန်​အရပ်​မှ အီဂျစ်​ချောင်း​သို့​ကွေ့သွား​၍ ပင်လယ်​၌ ဆုံး​ရ​မည်​။


အကြောင်းမှာ သင်​တို့​သည် ဇိန​တောကန္တာရ​၊ ကာဒေရှ​အရပ်​ရှိ မေရိဘ​စမ်းရေ​နား အစ္စရေး​အမျိုးသား​တို့​ရှေ့မှောက်​တွင် ငါ့​ကို​ပြစ်မှား​၍ ငါ​သန့်ရှင်း​ကြောင်း​ကို အစ္စရေး​အမျိုးသား​တို့​အလယ်​၌ အသိအမှတ်​မ​ပြု​ကြ​သောကြောင့် ဖြစ်​၏​။


လေဝိ​အမျိုး​ကို​ကား​၊ ကိုယ်တော်​၏​သုမိမ်​နှင့်​ဥရိမ်​သည် မဿာ​အရပ်​၌ ကိုယ်တော်​စမ်းသပ်​သော​၊ မေရိဘ​စမ်းရေ​နား​၌ ကိုယ်တော်​ရန်တွေ့​သော ကိုယ်တော်​၏​သန့်ရှင်း​သူ​တို့​နှင့်အတူ​ရှိ​ပါစေသော​။


အရာဗ​လွင်ပြင်​မှ ဂင်နေသရက်​အိုင်​အရှေ့ဘက်​အထိ​၊ ဆား​ပင်လယ်​ဟု​ခေါ်​သော​အရာဗ​ပင်လယ်​မှ အရှေ့ဘက်​ဗက်ယေရှိမုတ်​မြို့​အထိ​၊ တောင်ဘက် ပိသဂါ​တောင်ခြေ​အထိ​၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ