Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 48:28 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 ဂဒ်​တောင်ဘက်​နယ်နိမိတ်​နှင့်​ကပ်​လျက်​ရှိ​သော​နယ်နိမိတ်​မှာ တာမာ​မြို့​မှ ကာဒေရှ​အရပ်​ရှိ မေရိဘ​စမ်းရေ​နား​အထိ ထိုမှ အီဂျစ်​ချောင်း​အတိုင်း​ဆက်သွား​ကာ မြေထဲပင်လယ်​သို့ ရောက်သွား​သည်​အထိ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 ဂဒ်​အ​နွယ်​အား​ပေး​စေ​သည့်​မြေ​ယာ​၏​တောင်​ဘက်​နယ်​နိ​မိတ်​သည်​တာ​မာ​မြို့​မှ​ကာ​ဒေ​ရှ​စိမ့်​စမ်း​အ​ထိ​ဖြစ်​၍ ထို​မှ​အ​နောက်​မြောက်​ဘက်​ရှိ​အီ​ဂျစ်​ပြည်​နယ်​နိ​မိတ်​အ​တိုင်း​လိုက်​၍​မြေ​ထဲ​ပင်​လယ်​အထိ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 ဂဒ် နယ် စပ် တ ရှောက် တောင် အ လား သည်။ တာ မ မြို့ မှ ကာ ဒေ ရှ မြို့ မေ ရိ ဘ စမ်း ရေ၊ အိ ဂျစ် ချောင်း မြေ ထဲ ပင် လယ် ထိ ရောက် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 ဂဒ်​ခ​ရိုင်​တောင်​ဘက် အ​ပိုင်း​အ​ခြား​သည် တာ​မာ​မြို့​မှ​စ၍ ကာ​ဒေ​ရှ​မြို့၊ မေ​ရိ​ဘ​ရေ​တိုင်​အောင်​လည်း​ကောင်း၊ မ​ဟာ​ပင်​လယ်​ထဲ​သို့​ဝင်​သော မြစ်​တိုင်​အောင်​လည်း​ကောင်း လျှောက်​သွား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 48:28
12 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် သူ​တို့​သည် ပြန်လှည့်​လာ​၍ ကာဒေရှ​တည်းဟူသော အင်မိရှပတ်​အရပ်​သို့​ရောက်လာ​ကြ​ပြီးလျှင် အာမလက်​လူမျိုး​၏​နယ်မြေ​တစ်ခုလုံး​နှင့် ဟာဇဇုန္တာမာ​မြို့​၌​နေထိုင်​သော​အာမောရိ​လူမျိုး​ကို တိုက်ခိုက်​ကြ​၏​။


ထို​နေ့​၌ ထာဝရဘုရား​က အာဗြံ​အား “​အီဂျစ်​မြစ်​မှစ၍ ယူဖရေးတီး​မြစ်​ကြီး​တိုင်အောင် ဤ​ပြည်​ကို သင်​၏​သားစဉ်မြေးဆက်​အား ငါ​ပေး​၏​။


လူ​တို့​သည်​လာ​၍ ယောရှဖတ်​မင်းကြီး​အား “​ပင်လယ်​တစ်ဖက်ကမ်း ဆီးရီးယား​ပြည်​မှ စစ်တပ်ကြီး​ချီလာ​ပြီး အင်္ဂေဒိ ခေါ် ဟာဇဇုန္တာမာ​မြို့​တွင် တပ်ချ​နေ​ပါ​သည်​”​ဟူသော​သတင်း​ကို ကြားပြော​လျှင်


သူ​တို့​သည် မေရိဘ​စမ်းရေ​အနား​တွင်​လည်း အမျက်​တော်​ထွက်​စေ​ကြ​သဖြင့် မောရှေ​သည် သူ​တို့​ကြောင့် ဒုက္ခရောက်​ရ​၏​။


အို အစ္စရေး​အမျိုးသား​တို့​၊ ထို​နေ့ရက်​၌ ထာဝရဘုရား​သည် ယူဖရေးတီး​မြစ်​လက်တက်​မှ အီဂျစ်​ပြည်​စမ်းချောင်း​တိုင်အောင် သင်​တို့​ကို တလင်းနယ်​၍ တစ်​ယောက်​ပြီး​တစ်​ယောက် ကောက်သိမ်း​တော်မူ​မည်​။


အင်္ဂေဒိ​မှ ဧနေဂလိ​အရပ်​တိုင်အောင် ကမ်းစပ်​တစ်လျှောက်​သည် တံငါသည်​တို့​ကျင်လည်​ရာ​၊ သူ​တို့​၏​ပိုက်ကွန်​များ​ဖြန့်​ရာ​အရပ် ဖြစ်​လိမ့်မည်​။ မြေထဲပင်လယ်​ရှိ​ငါး​များ​ကဲ့သို့ ထို​အရပ်​၌ ငါး​တို့​သည် အမျိုး​အလိုက် အလွန်​များပြား​ကြ​လိမ့်မည်​။


ဤ​ပြည်​၏​နယ်နိမိတ်​မှာ မြောက်ဘက်ခြမ်း​တွင် မြေထဲပင်လယ်​မှစ၍ ဟေသလုန်​လမ်း​အတိုင်း ဇေဒဒ်​မြို့​၊


အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် ပထမ​လ​၌ ဇိန​တောကန္တာရ​သို့​ရောက်လာ​၍ သူ​တို့​သည် ကာဒေရှ​အရပ်​၌ နေ​ကြ​၏​။ ထို​အရပ်​၌ မိရိအံ​သေ​၍ သူ့​ကို ထို​အရပ်​မှာ​ပင် သင်္ဂြိုဟ်​ကြ​၏​။


ထာဝရဘုရား​အား အစ္စရေး​အမျိုးသား​တို့ ရန်တွေ့​သော​နေရာ​ကို မေရိဘ​စမ်းရေ​ဟု​ခေါ်​၏​။ ထာဝရဘုရား​သည် မိမိ​သန့်ရှင်း​ခြင်း​ကို သူ​တို့​အား ထို​နေရာ​တွင် ပြ​တော်မူ​၏​။


နယ်နိမိတ်​သည် အာဇမုန်​အရပ်​မှ အီဂျစ်​ချောင်း​သို့​ကွေ့သွား​၍ ပင်လယ်​၌ ဆုံး​ရ​မည်​။


ခါနာန်​လူမျိုး​တို့​နေထိုင်​ရာ အီဂျစ်​ပြည်​အရှေ့ဘက်​ရှိဟောရ​မြစ်​မှ မြောက်ဘက်​ဧကြုန်​နယ်နိမိတ်​အထိ​၊ ဖိလိတ္တိ​ဘုရင်​ငါး​ပါး​အုပ်ချုပ်​သည့် ဂါဇ​ပြည်​၊ အာဇုတ်​ပြည်​၊ အာရှကေလုန်​ပြည်​၊ ဂိတ္တိ​ပြည်​၊ ဧကြုန်​ပြည်​မှစ၍ အာဝိ​ပြည်​အပါအဝင်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ