၂ ရာချုပ် 12:15 - မြန်မာ့စံမီသမ္မာကျမ်း ရောဗောင်မင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို ပရောဖက်ရှေမာယနှင့် ဗျာဒိတ်ရသူဣဒေါ၏မျိုးရိုးစဉ်ဆက်မှတ်တမ်းတွင် ရေးမှတ်ထား၏။ ရောဗောင်မင်းကြီးနှင့် ယေရောဗောင်မင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။ Common Language Bible ရောဗောင်ဆောင်ရွက်ခဲ့သည့်အမှုအရာများ အကြောင်းအစမှအဆုံးနှင့်သူ၏အိမ်ထောင် စုမှတ်တမ်းများကိုပရောဖက်ရှေမာယ၏ အတ္ထုပ္ပတ္တိနှင့်ပရောဖက်ဣဒေါ၏အတ္ထုပ္ပတ္တိ တွင်တွေ့ရှိရလေသည်။ ရောဗောင်နှင့်ယေရော ဗောင်တို့သည်အစဉ်မပြတ်စစ်ဖြစ်ကြ၏။- Garrad Bible ရော ဗောင် မင်း အ စ အ ဆုံး ပြု မူ သ မျှ သည် ပ ရော ဖက် ရှေ မာ ယ နှင့် အ မြော် အ မြင် ဆ ရာ ဣ ဒ္ဒေါ တို့ အ တ္ထု ပ္ပ တ္တိ တွင် စာ ရင်း ပါ ဝင် လျက် ရှိ၏။ ရော ဗောင် မင်း နှင့် ယေ ရော ဗောင် မင်း တို့ သည် အ စဉ် စစ် ဖြစ် ကြ ၏။ Judson Bible ရောဗောင်ပြုမူသော အမှုအရာ အစအဆုံးတို့သည်၊ ပရောဖက်ရှေမာယ၏ကျမ်းနှင့်၊ ပရောဖက်ဣဒ္ဒေါ စီရင်သော သားစဉ်မြေးဆက်စာရင်း၌ ရေးထားလျက်ရှိ၏။ ရောဗောင်နှင့် ယေရောဗောင်တို့သည်၊ အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။ |
ဒါဝိဒ်မင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို စိတ်အာရုံရသူရှမွေလ၏မှတ်တမ်း၊ ပရောဖက်နာသန်၏မှတ်တမ်းနှင့် ဗျာဒိတ်ရသူဂဒ်၏မှတ်တမ်းတို့တွင် ရေးသားထား၏။
ထိုအခါ ရှိရှက်မင်းကြီးကြောင့် ဂျေရုဆလင်မြို့တွင် စုဝေးနေကြသော ရောဗောင်မင်းကြီးနှင့် ယုဒခေါင်းဆောင်များထံသို့ ပရောဖက်ရှေမာယရောက်လာ၍ သူတို့အား “ ‘သင်တို့သည် ငါ့ကိုစွန့်ပယ်ခဲ့သောကြောင့် ငါသည်လည်း သင်တို့ကိုစွန့်ပြီး ရှိရှက်မင်းကြီးလက်သို့ အပ်လိုက်ပြီ’ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။
ဂျေရုဆလင်မြို့တွင် သုံးနှစ်စိုးစံ၏။ မယ်တော်ကား ဂိဗာမြို့သားဥရေလ၏သမီး မိက္ခာယအမည်ရှိ၏။ အဘိယမင်းကြီးနှင့်ယေရောဗောင်မင်းကြီးတို့သည် အချင်းချင်းစစ်တိုက်ခဲ့ကြ၏။
ကျန်ရှိနေသောအဘိယမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူ၏လုပ်ဆောင်မှုများ၊ သူ၏မိန့်ဆိုချက်များကို ပရောဖက်ဣဒေါ၏ရာဇဝင်ကျမ်းတွင် ရေးမှတ်ထား၏။
အာသမင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို အစ္စရေးဘုရင်၊ ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသောယောရှဖတ်မင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင်ပါဝင်သော ဟာနနိ၏သားယေဟု၏မှတ်တမ်းထဲတွင် ရေးမှတ်ထားလျက်ရှိ၏။
ကျန်ရှိနေသော အာခတ်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူလျှောက်ခဲ့သမျှသောလမ်းအစအဆုံးတို့ကို ယုဒဘုရင်နှင့် အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
သူ၏လုပ်ဆောင်မှုအစအဆုံးတို့ကို အစ္စရေးနှင့် ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းများတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော ရှောလမုန်မင်းကြီးလက်ထက် အဖြစ်အပျက်အစမှအဆုံးကို ပရောဖက်နာသန်၏မှတ်တမ်းတွင်လည်းကောင်း၊ ရှိလောမြို့သား အဟိယ၏အနာဂတ္တိကျမ်းတွင်လည်းကောင်း၊ နေဗတ်၏သားယေရောဗောင်မင်းကြီး၏ဗျာဒိတ်ဆရာဣဒေါ၏ဗျာဒိတ်ကျမ်းတွင်လည်းကောင်း ရေးမှတ်ထား၏။