၂ ရာချုပ် 12:5 - မြန်မာ့စံမီသမ္မာကျမ်း
5 ထိုအခါ ရှိရှက်မင်းကြီးကြောင့် ဂျေရုဆလင်မြို့တွင် စုဝေးနေကြသော ရောဗောင်မင်းကြီးနှင့် ယုဒခေါင်းဆောင်များထံသို့ ပရောဖက်ရှေမာယရောက်လာ၍ သူတို့အား “ ‘သင်တို့သည် ငါ့ကိုစွန့်ပယ်ခဲ့သောကြောင့် ငါသည်လည်း သင်တို့ကိုစွန့်ပြီး ရှိရှက်မင်းကြီးလက်သို့ အပ်လိုက်ပြီ’ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
5 ရှိရှက်၏ဘေးမှလွတ်မြောက်ရန်ယေရုရှလင်မြို့ တွင်စုရုံးလျက်ရှိသော ရောဗောင်မင်းနှင့်ယုဒ ခေါင်းဆောင်များထံပရောဖက်ရှေမာယသွား ၍``ထာဝရဘုရားက`သင်တို့သည်ငါ့ကိုစွန့် ပယ်ကြသဖြင့် ငါသည်သင်တို့ကိုရှိရှက်လက် သို့ပေးအပ်လိုက်ပြီ' ဟုမိန့်တော်မူ၏'' ဟု ဆင့်ဆို၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
5 ထို အ ခါ ရှိ ရှက် မင်း အ ရေး ကြောင့် ယေ ရု ရှ လင် မြို့ သို့ စု ရုံး ကြ သော ယု ဒ မှူး မတ် များ နှင့် ရော ဗောင် မင်း ထံ ပ ရော ဖက် ရှေ မာ ယ ဝင် လာ၍ ဆင့် ဆို သည် မှာ ထာ ဝ ရ ဘု ရား က သင် တို့ သည် ငါ့ ကို စွန့် ကြ သည့် အ လျောက် ငါ လည်း သင် တို့ ကို ရှိ ရှက် လက် တွင်း သို့ အပ် နှင်း ပြီ ဟူ သော ဗျာ ဒိတ် တော် ကို ဆင့် ဆို လျှင်
အခန်းကိုကြည့်ပါ။ ကော်ပီ
5 ထိုအခါ ရှိရှက်မင်းကြောင့်၊ ယေရုရှလင်မြို့၌ စုဝေးသော ယုဒမင်းများထံ၊ ရောဗောင်မင်းထံတော်သို့ ပရောဖက်ရှေမာယသည်လာ၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့ကိုစွန့်သောကြောင့်၊ ငါသည် သင်တို့ကို ရှိရှက်မင်းလက်သို့ အပ်လေပြီဟု အမိန့်တော်ကို ဆင့်ဆိုလျှင်၊
အခန်းကိုကြည့်ပါ။ ကော်ပီ