Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 28:26 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 ကျန်ရှိ​နေ​သော အာခတ်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​လျှောက်​ခဲ့​သမျှ​သော​လမ်း​အစ​အဆုံး​တို့​ကို ယုဒ​ဘုရင်​နှင့် အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 နန်း​သက်​အ​စ​မှ​အ​ဆုံး​အာ​ခတ်​ပြု​သော အ​ခြား​အ​မှု​အ​ရာ​တို့​ကို ယု​ဒ​ရာ​ဇ​ဝင် နှင့်​ဣသ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 အာ ခတ် မင်း အ စ အ ဆုံး ပြု မူ ကျင့် ကြံ သ မျှ အ ကြွင်း အ ကျန် သည်၊ ယု ဒ၊ ဣ သ ရေ လ ရာ ဇ ဝင် တွင် ရေး ထား လျက် ရှိ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 အာ​ခတ်​ကျင့်​ကြံ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​မျှ အ​စ​အ​ဆုံး​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်​နှင့် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 28:26
6 ပူးပေါင်းရင်းမြစ်များ  

ရောဗောင်​မင်းကြီး​လက်ထက် အဖြစ်အပျက်​အစ​အဆုံး​ကို ပရောဖက်​ရှေမာယ​နှင့် ဗျာဒိတ်ရသူ​ဣဒေါ​၏​မျိုးရိုးစဉ်ဆက်​မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။ ရောဗောင်​မင်းကြီး​နှင့် ယေရောဗောင်​မင်းကြီး​တို့​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး အချင်းချင်း​စစ်တိုက်​ခဲ့​ကြ​၏​။


ကျန်ရှိ​နေ​သော​ယောရှဖတ်​မင်းကြီး​လက်ထက် အဖြစ်အပျက်​အစ​အဆုံး​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင်​ပါဝင်​သော ဟာနနိ​၏​သား​ယေဟု​၏​မှတ်တမ်း​ထဲ​တွင် ရေးမှတ်​ထား​လျက်​ရှိ​၏​။


သူ​သည် သက်တော်​သုံးဆယ့်​နှစ်​နှစ်​တွင် နန်းတက်​၍ ဂျေရုဆလင်​မြို့​၌ ရှစ်​နှစ်​စိုးစံ​၏​။ သူ​အနိစ္စရောက်​သောအခါ မည်သူ​မျှ​ဝမ်း​မ​နည်း​။ သူ့​ကို ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​သော်လည်း ရှင်ဘုရင်​တို့​သင်္ချိုင်း​တွင် မ​သင်္ဂြိုဟ်​ကြ​ပေ​။


ယုဒ​ပြည်​ရှိ မြို့တိုင်း​တွင် အခြား​ဘုရား​တို့​ကို နံ့သာပေါင်း​မီးရှို့ပူဇော်​ရန်​အတွက် အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို တည်​၏​။ ဤသို့ဖြင့် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို အမျက်ထွက်​စေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ