ထာဝရဘုရား၏နာမတော်ဘုန်းကြီးတော်မူကြောင်းကို သိမှတ်ဝန်ခံကြလော့။ ပူဇော်သက္ကာကို ရှေ့တော်သို့ ယူဆောင်လာကြလော့။ သန့်ရှင်းခြင်းတန်ဆာကိုဆင်၍ ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလော့။
၂ ရာချုပ် 11:16 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက်တွင် အစ္စရေးအမျိုးအနွယ်အားလုံးထဲမှ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကိုရှာရန် စိတ်ပိုင်းဖြတ်ထားသောသူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ယဇ်ပူဇော်ရန် လေဝိအမျိုးတို့နှင့်အတူ ဂျေရုဆလင်မြို့သို့ လိုက်လာကြ၏။ Common Language Bible ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအားအမှန်အကန်ဝတ်ပြု ကိုးကွယ်လိုသူ ဣသရေလအနွယ်ဝင်အပေါင်း တို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင် ထာဝရဘုရားအားယဇ်များကိုပူဇော်နိုင် ရန် လေဝိအနွယ်ဝင်တို့နှင့်အတူယေရုရှ လင်မြို့သို့လိုက်သွားကြ၏။- Garrad Bible ၄င်း ပြင် ဣ သ ရေ လ အ မျိုး အ နွယ် တို့ အ နက် ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို စိတ် ပါ ကိုယ် ရောက် ရှာ ဖွေ သူ အ ပေါင်း တို့ သည် ဘိုး ဘေး တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ ပူ ဇော် ရန် Judson Bible ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားကို ရှာလိုသောငှာ၊ သဘောချသောသူတို့သည်လည်း၊ ဣသရေလခရိုင်များထဲက ထွက်၍၊ ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်အံ့သောငှာ၊ လေဝိသားတို့နောက်သို့ လိုက်၍၊ ယေရုရှလင်မြို့သို့ ရောက်လာကြ၏။ |
ထာဝရဘုရား၏နာမတော်ဘုန်းကြီးတော်မူကြောင်းကို သိမှတ်ဝန်ခံကြလော့။ ပူဇော်သက္ကာကို ရှေ့တော်သို့ ယူဆောင်လာကြလော့။ သန့်ရှင်းခြင်းတန်ဆာကိုဆင်၍ ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလော့။
ဒါဝိဒ်မင်းကြီးက “ဤနေရာသည် ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကို တည်ရာနေရာဖြစ်၏။ ဤနေရာသည် အစ္စရေးလူမျိုးတို့ မီးရှို့ရာယဇ်ပလ္လင်ကို တည်ရာနေရာဖြစ်၏”ဟု မိန့်ဆို၏။
ယခု သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်ပါလျက် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ရှာကြလော့။ ထ၍ ထာဝရဘုရားအဖို့သန့်ရှင်းရာဌာနကို တည်ဆောက်ကြလော့။ သို့မှ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်၊ ဘုရားသခင်အဖို့ သန့်ရှင်းသောအသုံးအဆောင်များကို ထာဝရဘုရား၏နာမတော်တည်ဖို့ဆောက်လုပ်ထားသောအိမ်တော်ထဲတွင် ထားရှိနိုင်မည်”ဟု မိန့်မှာလေ၏။
သူတို့သည် သုံးနှစ်ပတ်လုံး ရှောလမုန်မင်းကြီး၏သားတော် ရောဗောင်မင်းကြီးကို ထောက်မကူညီကြပြီး ယုဒပြည်ကိုခိုင်ခံ့စေခဲ့၏။ သုံးနှစ်ပတ်လုံး ဒါဝိဒ်မင်းကြီးနှင့် ရှောလမုန်မင်းကြီးတို့ လျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်ကြ၏။
ထို့နောက် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ရှာမည်ဟု ကတိသစ္စာပြုကြ၏။
ထိုသို့ ကျိန်ဆိုရခြင်းအတွက် ယုဒလူမျိုးအပေါင်းတို့သည် ဝမ်းမြောက်ဝမ်းသာဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် စိတ်နှလုံးအကြွင်းမဲ့ကျိန်ဆိုပြီး ထာဝရဘုရားကို စိတ်လိုလက်ရရှာသောကြောင့် သူတို့ကို အတွေ့ခံတော်မူ၏။ ထာဝရဘုရားသည်လည်း အရပ်ရပ်၌ ငြိမ်းချမ်းခြင်း ရှိစေတော်မူ၏။
ဘုရားသခင်ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူသည်ကို သိမြင်ကြသောအခါ အစ္စရေးလူမျိုးထဲမှထွက်လာပြီး သူ့ထံသို့ လာရောက်ပူးပေါင်းသူများစွာရှိသောကြောင့် သူသည် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးတို့မှစ၍ ဧဖရိမ်အမျိုး၊ မနာရှေအမျိုး၊ ရှိမောင်အမျိုးအပါအဝင် သူတို့နှင့်အတူနေထိုင်သောတိုင်းတစ်ပါးသားအားလုံးကို စုရုံး၏။
သို့သော် မင်းကြီး၌ ကောင်းသောအရာ ရှိ၏။ မင်းကြီးသည် တိုင်းပြည်တွင်ရှိသော အာရှရနတ်ဘုရားမတံခွန်တိုင်တို့ကို ဖယ်ရှားပြီး ဘုရားသခင်ကိုရှာလိုသောစိတ်ရှိလေပြီ”ဟု သူ့အား ဆို၏။
ယောရှဖတ်မင်းကြီးသည်ကြောက်ရွံ့၍ ထာဝရဘုရားကိုရှာရန် စိတ်ဆုံးဖြတ်ပြီး ယုဒပြည်တစ်ပြည်လုံးသို့ အစာရှောင်ရန် ကြေညာ၏။
ယုဒလူမျိုးတို့သည် ထာဝရဘုရားကိုရှာရန် စုဝေးလာကြ၏။ ထာဝရဘုရားကိုရှာရန် ယုဒမြို့ရွာအားလုံးမှ လူတို့ရောက်လာကြ၏။
သို့သော် အာရှာနယ်၊ မနာရှေနယ်နှင့်ဇာဗုလုန်နယ်မှ လူအချို့တို့သည် မိမိကိုယ်ကိုနှိမ့်ချ၍ ဂျေရုဆလင်မြို့သို့ရောက်လာကြ၏။
ကိုယ်တော်သည် ဝိညာဉ်နှင့် ဇီဝအသက်ကို မိမိထံ ပြန်ရုပ်သိမ်းမည်ဟု စိတ်ပိုင်းဖြတ်တော်မူလျှင်
အို ဘုရားသခင်၊ အကျွန်ုပ်၏စိတ်နှလုံးသည် တည်ကြည်ပါ၏။ အကျွန်ုပ်သည် သီချင်းဆို၍ အကျွန်ုပ်၏စိတ်ဝိညာဉ်ဖြင့် သီဆိုချီးမွမ်းပါမည်။
ဖိနှိပ်ချုပ်ချယ်မှုကို ယုံကြည်ကိုးစားခြင်းမပြုကြနှင့်။ လုယက်မှုအပေါ်၌လည်း အချည်းနှီးမမျှော်လင့်ကြနှင့်။ ဥစ္စာပစ္စည်းတိုးပွားလျှင်လည်း ထိုအရာတို့ကို စိတ်စွဲလမ်းခြင်းမရှိကြနှင့်။
ထာဝရဘုရားမိန့်တော်မူသောစကားကို ဂရုမစိုက်သောသူတို့မူကား မိမိတို့၏ကျွန်များနှင့်တိရစ္ဆာန်များကို လယ်ထဲ၌ပင် ထားကြ၏။
ထိုစကားကိုကြားသောအခါ ရှင်ဘုရင်သည် အလွန်စိတ်ထိခိုက်ပြီး ဒံယေလကိုကယ်မည်ဟု စိတ်ပိုင်းဖြတ်လျက် နေဝင်သည့်တိုင်အောင် ဒံယေလလွတ်မြောက်မည့်လမ်းကို ကြိုးပမ်းရှာကြံလျက်နေ၏။
ငါ့လူမျိုးတော်၏အပြစ်ဖြေရာယဇ်ကောင်ကို စားရသောကြောင့် လူတို့အပြစ်ပြုသည်ကို သူတို့နှစ်သက်သဘောကျကြ၏။
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့၏အပြုအမူအကျင့်အကြံများကို ဆင်ခြင်ကြလော့။
မြို့တစ်မြို့မှလူတို့သည် အခြားတစ်မြို့သို့သွား၍ ‘ထာဝရဘုရားထံတော်သို့ ငါတို့ သွားရောက်တိုးလျှိုးတောင်းပန်ကြစို့။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကို ရှာကြစို့။ ငါလည်း သွားမည်’ဟု ဆိုကြလိမ့်မည်။
ဗာနဗသည် ရောက်လာ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုမြင်သောအခါ ဝမ်းမြောက်လျက် ထိုသူအပေါင်းတို့အား စိတ်နှလုံးခိုင်မြဲစွာဖြင့် သခင်ဘုရား၌ ဆက်လက်တည်နေကြရန် တိုက်တွန်းနှိုးဆော်လေ၏။
ထိုအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိန်းဝပ်ရာနေရာကိုရွေးချယ်တော်မူမည်။ သင်တို့အား ငါမှာကြားထားသမျှအတိုင်း သင်တို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ထာဝရဘုရားထံ သင်တို့ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာအကောင်းဆုံးပူဇော်သက္ကာရှိသမျှတို့ကို ထိုနေရာသို့ သင်တို့ယူဆောင်လာရမည်။
“ယနေ့ သင်တို့အား ငါသတိပေးသောစကားရှိသမျှတို့ကို နှလုံးသွင်းကြလော့။ ဤတရားစကားရှိသမျှတို့ကို လိုက်နာစောင့်ထိန်းမည့်အကြောင်း သင်တို့၏သားသမီးတို့ကို မှာကြားကြလော့။
သင်တို့အပိုင်ရသောပြည်သည် မစင်ကြယ်လျှင် ထာဝရဘုရားကိန်းဝပ်တော်မူရာတဲတော်တည်ရာ ထာဝရဘုရားပိုင်တော်မူရာပြည်သို့ ကူးလာ၍ ငါတို့နှင့်အတူ အမွေခံလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားအဖို့ တည်ထားသောယဇ်ပလ္လင်မှတစ်ပါး ကိုယ့်အဖို့ယဇ်ပလ္လင်ကိုတည်ခြင်းဖြင့် ထာဝရဘုရားကို မပုန်ကန်ကြနှင့်။ ငါတို့ကိုလည်း မပုန်ကန်ကြနှင့်။