Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဇာ​ခ​ရိ 8:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 မြို့​တစ်​မြို့​မှ​လူ​တို့​သည် အခြား​တစ်​မြို့​သို့​သွား​၍ ‘ထာဝရဘုရား​ထံ​တော်​သို့ ငါ​တို့ သွားရောက်​တိုးလျှိုးတောင်းပန်​ကြ​စို့​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ကို ရှာ​ကြ​စို့​။ ငါ​လည်း သွား​မည်’​ဟု ဆို​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 မြို့​တစ်​မြို့​မှ​လူ​တို့​သည်​အ​ခြား​မြို့​မှ​လူ တို့​အား`ငါ​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​ထံ​သွား​ရောက်​ဝတ်​ပြု​ကိုး​ကွယ်​ကာ ကိုယ်​တော်​၏​ကောင်း​ချီး​မင်္ဂ​လာ​ကို​တောင်း ခံ​ကြ​ကုန်​အံ့။ ငါ​တို့​နှင့်​အ​တူ​လိုက်​ခဲ့​ကြ လော့' ဟု​ဆို​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ထာ ဝ ရ ဘု ရား၏ မျက် နှာ တော် ကို ဖူး မြော် ရန် လည်း ကောင်း၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ ရန်လည်း ကောင်း၊ သွား ကြ ကုန် အံ့။ ငါ့ ကိုယ် တိုင် သွား မည် ဟု၊ တစ် မြို့ သား တို့ က တစ် မြို့ သား တို့ အား၊ တိုက် တွန်း ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 မြို့​တစ်​မြို့၌ နေ​သော​သူ​သည် အ​ခြား​မြို့​တစ်​မြို့၌ နေ​သော​သူ​တို့​ဆီ​သို့ သွား၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆု​တောင်း​ခြင်း​ငှာ​လည်း​ကောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ခြင်း​ငှာ​လည်း​ကောင်း ဧ​ကန်​အ​မှန် သွား​ကြ​ကုန်​အံ့။ ငါ​လည်း​သွား​မည်​ဟု ခေါ်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇာ​ခ​ရိ 8:21
10 ပူးပေါင်းရင်းမြစ်များ  

ထို့နောက်တွင် အစ္စရေး​အမျိုးအနွယ်​အားလုံး​ထဲမှ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ရှာ​ရန် စိတ်ပိုင်းဖြတ်​ထား​သော​သူ​တို့​သည် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ယဇ်ပူဇော်​ရန် လေဝိ​အမျိုး​တို့​နှင့်အတူ ဂျေရုဆလင်​မြို့​သို့ လိုက်လာ​ကြ​၏​။


ကိုယ်တော်​အုပ်စိုး​သော​အရပ်​ရှိသမျှ​တို့​မှ ကိုယ်တော်​ပြုလုပ်​ဖန်ဆင်း​သော​အရာ​ရှိသမျှ​တို့​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ အို ငါ​၏​စိတ်ဝိညာဉ်​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​လော့​။


လူ​များစွာ​တို့​သည်​လာ​ကြ​၍ “​လာ​ကြ​လော့​။ ထာဝရဘုရား​၏​တောင်​တော်​၊ ယာကုပ်​၏​ဘုရားသခင့်​အိမ်​တော်​သို့ တက်​ကြ​ကုန်​စို့​။ ကိုယ်တော်​သည် မိမိ​၏​နည်းလမ်း​တော်​တို့​ကို ငါ​တို့​အား​သွန်သင်​တော်မူ​၍ ငါ​တို့​သည် ကိုယ်တော်​၏​လမ်း​တော်​၌ လျှောက်လှမ်း​ကြ​မည်​”​ဟု ဆို​ကြ​လိမ့်မည်​။ ပညတ်တရား​သည် ဇိအုန်​တောင်​မှ ထွက်ပေါ်​လာ​လိမ့်မည်​။ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဂျေရုဆလင်​မြို့​မှ ထွက်ပေါ်​လာ​လိမ့်မည်​။


‘​လာ​ကြ​။ ဇိအုန်​တောင်​သို့ သွား​ကြ​စို့​။ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အထံ​တော်​သို့ သွား​ကြ​စို့​’​ဟူ၍ ဧဖရိမ်​တောင်​ပေါ်မှ​ကင်းစောင့်​တို့ ကြွေးကြော်​သော​အချိန်​ရောက်လာ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​အား သိကျွမ်း​ဖို့ ကြိုးစားအားထုတ်​ကြ​ကုန်စို့​။ ကိုယ်တော်​သည် အရုဏ်ဦး​အလင်း​ကဲ့သို့ ထွက်ပေါ်​လာ​မည်​။ မြေ​ပေါ်သို့​ရွာချ​သော မိုးဦး​၊ မိုးနှောင်း​ကဲ့သို့ ရောက်လာ​မည်​။


ထို​အချိန်​၌ ဗေသလ​မြို့သား​တို့​သည် ရှရေဇာ​၊ ရေဂင်္မေလက်​နှင့် သူ​၏​လူ​အချို့​တို့​ကို ထာဝရဘုရား​ထံ တိုးလျှိုးတောင်းပန်​စေရန်​နှင့်


လူ​အမြောက်အမြား​တို့​နှင့်အတူ အင်အားကြီးမား​သော​လူမျိုးခြား​တို့​သည်​လည်း ဂျေရုဆလင်​မြို့​သို့​လာ​၍ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ကို ရှာ​ကြ​လိမ့်မည်​။ ထာဝရဘုရား​ရှေ့​တော်​သို့ တိုးဝင်ချဉ်းကပ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


ထိုသို့ ယောဟန်​ပြောဆို​သည်​ကို တပည့်​နှစ်​ဦး​တို့​သည်​ကြား​လျှင် ယေရှု​နောက်​တော်​သို့​လိုက်​သွား​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ