ယောရှု 22:19 - မြန်မာ့စံမီသမ္မာကျမ်း19 သင်တို့အပိုင်ရသောပြည်သည် မစင်ကြယ်လျှင် ထာဝရဘုရားကိန်းဝပ်တော်မူရာတဲတော်တည်ရာ ထာဝရဘုရားပိုင်တော်မူရာပြည်သို့ ကူးလာ၍ ငါတို့နှင့်အတူ အမွေခံလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားအဖို့ တည်ထားသောယဇ်ပလ္လင်မှတစ်ပါး ကိုယ့်အဖို့ယဇ်ပလ္လင်ကိုတည်ခြင်းဖြင့် ထာဝရဘုရားကို မပုန်ကန်ကြနှင့်။ ငါတို့ကိုလည်း မပုန်ကန်ကြနှင့်။ အခန်းကိုကြည့်ပါ။Common Language Bible19 သို့ဖြစ်၍သင်တို့၏ပြည်သည်ထာဝရဘုရား အားဝတ်ပြုရန်မသင့်လျော်လျှင် တဲတော်ရှိ ရာပြည်တော်သို့ကူးလာ၍သင်တို့နေထိုင် ရန်နယ်မြေကိုငါတို့ထံမှတောင်းယူကြ လော့။ သို့ရာတွင်ငါတို့၏ဘုရားသခင် ထာဝရဘုရား၏ယဇ်ပလ္လင်မှလွဲ၍အခြား ယဇ်ပလ္လင်ကိုတည်ဆောက်ခြင်းအားဖြင့် ကိုယ် တော်ကိုမပုန်ကန်ကြပါနှင့်။ ထိုပုန်ကန် မှုတွင်ငါတို့မပါဝင်ပါရစေနှင့်။- အခန်းကိုကြည့်ပါ။Garrad Bible19 သင် တို့ ပိုင် နယ် မ သန့် ခဲ့ လျှင်၊ ထာ ဝ ရ ဘု ရား၏ တဲ တော် တည် နေ ရာ၊ ထာ ဝ ရ ဘု ရား ပိုင် ရာ တော် သို့ ဖြတ် ကူး၍၊ ငါ တို့ အတွင်း ပိုင် နယ် ကို ယူ ကြ လော့။ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ပ လ္လင် တော် မှ တစ် ပါး၊ အ ခြား ပ လ္လင် ကို တည် ဆောက် လျက် ထာ ဝ ရ ဘု ရား အား လည်း ကောင်း၊ ငါ တို့ အား လည်း ကောင်း၊ ပုန် မ ကန် ကြ လင့်။ အခန်းကိုကြည့်ပါ။Judson Bible19 သို့သော်လည်း သင်တို့အပိုင်ရသောမြေသည် မစင်ကြယ်လျှင်၊ ထာဝရဘုရား အပိုင်ယူတော်မူ၍၊ တဲတော်ရှိရာမြေသို့ ကူးသဖြင့် ငါတို့နှင့်အတူ အပိုင်ယူကြလော့။ ငါတို့ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်တော်မှတစ်ပါး၊ အခြားသောယဇ်ပလ္လင်ကို ကိုယ်အဖို့တည်၍ ထာဝရဘုရားကို မပုန်ကန်ကြနှင့်။ ငါတို့ကိုလည်း မပုန်ကန်ကြနှင့်။ အခန်းကိုကြည့်ပါ။ |
သို့သော် ထာဝရဘုရားက ‘သင့်မယားသည် မြို့ထဲတွင် ပြည့်တန်ဆာမ ဖြစ်မည်။ သင့်သားသမီးတို့သည် ဓားဖြင့်လဲကျသေဆုံးရလိမ့်မည်။ သင်၏မြေကိုလည်း ကြိုးဖြင့်တိုင်းတာခွဲဝေယူကြလိမ့်မည်။ သင်သည်လည်း မစင်ကြယ်သောပြည်တွင် သေရလိမ့်မည်။ အစ္စရေးလူမျိုးသည်လည်း နေရင်းပြည်မှ သုံ့ပန်းအဖြစ် မုချဖမ်းခေါ်သွားခြင်းခံရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြန်ပြောလေ၏။