ထိုအခါ သူတို့က “လာကြ၊ မြေတစ်ပြင်လုံးသို့ကွဲလွင့်မသွားစေရန် ငါတို့အတွက်မြို့ကိုလည်းကောင်း၊ မိုးကောင်းကင်အထိ ထိပ်ဖျားရောက်သောရဲတိုက်ကိုလည်းကောင်း တည်ဆောက်၍ ငါတို့နာမည်ကျော်စောအောင်ပြုကြစို့”ဟု ပြောဆိုကြ၏။
၂ ရာ 18:18 - မြန်မာ့စံမီသမ္မာကျမ်း အဗရှလုံအသက်ရှင်စဉ်က “ငါ့နာမည် မပျောက်ပျက်အောင် စောင့်ထိန်းပေးမည့်သား မရှိ”ဟု ဆိုလျက် ကျောက်တုံးကို ယူ၍ ရှင်ဘုရင်ချိုင့်ဝှမ်းတွင် မိမိနာမည်ဖြင့်သမုတ်၍ ကျောက်တိုင်စိုက်ထူခဲ့၏။ ထိုကျောက်တိုင်ကို ယနေ့တိုင် “အဗရှလုံကျောက်တိုင်”ဟု ခေါ်ဝေါ်ကြ၏။ Common Language Bible အဗရှလုံသည်မိမိတွင်သားမရှိသဖြင့် မိမိနာမည်မတိမ်ကောစေရန်အသက်ရှင် စဉ်အခါက ဘုရင့်ချိုင့်ဝှမ်းတွင်ကျောက်တိုင် ကိုတည်ဆောက်၍ မိမိ၏နာမည်ဖြင့်ခေါ်တွင် စေရာအဗရှလုံကျောက်တိုင်ဟုယနေ့ တိုင်အောင်တွင်သတည်း။ Garrad Bible အ ဗ ရှ လုံ သည် ကိုယ့် အ မည် မ တိမ် ကော စေ ခြင်း ငှါ သား မ ရှိ ဟု အောက် မေ့၍ အ သက် ရှင် စဉ် အ ခါ မင်း ချိုင့် တွင် ကျောက် တိုင် ကို စိုက် ထူ လျက် ကိုယ့် အ မည် ဖြင့် သ မုတ် ခဲ့ သော ကြောင့် ယ နေ့ တိုင် အောင် အ ဗ ရှ လုံ့ မော် ကွန်း ဟု တွင် လေ သ တည်း။ Judson Bible အဗရှလုံသည် အသက်ရှင်စဉ်အခါ၊ ငါ၏နာမသည် မပျောက် အမြဲတည်မည်အကြောင်း၊ သားမရှိဟုဆိုလျက် ရှင်ဘုရင်ချိုင့်တွင် ကိုယ်အဖို့ ကျောက်တိုင်ကိုစိုက်၍ မိမိနာမဖြင့်သမုတ်သောကြောင့်၊ ယနေ့တိုင်အောင် အဗရှလုံ၏အောင်တိုင်ဟူ၍ တွင်သတည်း။ |
ထိုအခါ သူတို့က “လာကြ၊ မြေတစ်ပြင်လုံးသို့ကွဲလွင့်မသွားစေရန် ငါတို့အတွက်မြို့ကိုလည်းကောင်း၊ မိုးကောင်းကင်အထိ ထိပ်ဖျားရောက်သောရဲတိုက်ကိုလည်းကောင်း တည်ဆောက်၍ ငါတို့နာမည်ကျော်စောအောင်ပြုကြစို့”ဟု ပြောဆိုကြ၏။
ထာဝရဘုရားသည် ထိုနေရာတွင် မြေကြီးသားအပေါင်းတို့၏ဘာသာစကားကို ရှုပ်ထွေးစေတော်မူ၏။ ထို့ကြောင့် ထိုမြို့၏အမည်ကို ဘေဘီလုံ ဟုခေါ်ကြ၏။ ထို့ပြင် ထာဝရဘုရားသည် သူတို့ကို ထိုအရပ်မှ မြေတစ်ပြင်လုံးသို့ ကွဲလွင့်စေတော်မူ၏။
ခေဒေါရလောမာမင်းကြီးမှစ၍ သူ၏မဟာမိတ်ဘုရင်တို့ကို လုပ်ကြံရာမှ အာဗြံပြန်လာသောအခါ သောဒုံဘုရင်သည် သူ့ကိုကြိုဆိုရန် ဘုရင့်ချိုင့်ဝှမ်းတည်းဟူသော ရှာဗက်ချိုင့်ဝှမ်းသို့ ထွက်လာ၏။
အဗရှလုံ၌ သားသုံးဦး၊ သမီးတစ်ဦးရှိ၏။ သမီး၏အမည်မှာ တာမာဖြစ်ပြီး အလွန်အဆင်းလှသောမိန်းကလေးဖြစ်၏။
သူ၏နောင်လာနောက်သားသည် မျိုးပြတ်သွားပါစေ။ ထိုနောင်လာနောက်သားတို့၏နာမည်သည် နောက်မျိုးဆက်၌ပင်လျှင် ပယ်ဖျက်ခြင်းခံကြရပါစေ။
ထိုသူတို့က မိမိတို့အိမ်သည် အစဉ်အမြဲတည်၍ မိမိတို့နေထိုင်ရာအရပ်သည် မျိုးဆက်အစဉ်အဆက်တည်လိမ့်မည်ဟု ထင်မှတ်လျက် မြေကွက်တို့ကို မိမိတို့အမည်ဖြင့်မှည့်ခေါ်ကြ၏။
‘ဤနေရာ၌ မိမိအတွက်သင်္ချိုင်းဂူထွင်းသောသူ၊ မြင့်ရာအရပ်၌ မိမိ၏သင်္ချိုင်းဂူထွင်းသောသူ၊ ကျောက်ကိုထွင်း၍ မိမိနေရာကိုလုပ်သောသူ သင်သည် ဤနေရာနှင့် မည်သို့ဆိုင်သနည်း။ မည်သူက သင့်ကိုအခွင့်ပေးသနည်း။
‘ဤလူကို သားသမီးမထွန်းကားသောသူ၊ တစ်သက်လုံး အောင်မြင်မှုမရသောသူ’ဟု မှတ်တမ်းတင်ကြလော့။ သူ၏အမျိုးအနွယ်တစ်စုံတစ်ယောက်မျှ ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်၌ စံမြန်းခွင့်၊ ယုဒပြည်ကို အုပ်စိုးခွင့် ရတော့မည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
“ဤဘေဘီလုံမြို့ကြီးသည် ငါ၏ခန့်ညားသောဂုဏ်သရေကို ထင်ဟပ်ပြရာ မင်းမြို့တော်အဖြစ် ငါ့အစွမ်းသတ္တိ၊ ငါ့တန်ခိုးအာဏာဖြင့် တည်ဆောက်ခဲ့သောမြို့ကြီးဖြစ်သည် မဟုတ်လော”ဟု မြွက်ဆို၏။
နောဗာသည်လည်း ကေနတ်မြို့နှင့် ၎င်း၏မြို့ငယ်များသို့ သွား၍ သိမ်းယူပြီးလျှင် မိမိ၏အမည်ဖြင့် နောဗာမြို့ဟု မှည့်ခေါ်လေ၏။
ရှမွေလသည် နံနက်စောစောထ၍ ရှောလုမင်းကြီးကို သွားတွေ့၏။ သို့သော် တစ်စုံတစ်ယောက်က ရှမွေလအား “ရှောလုမင်းကြီးသည် ကရမေလမြို့သို့သွား၍ မိမိအဖို့ ဂုဏ်ပြုကျောက်တိုင်ကိုစိုက်ထူပြီး လှည့်လည်သွားလာကာ ဂိလဂါလမြို့ဘက်သို့ ဆင်းသွားပြီ”ဟု ကြားပြောလေ၏။