ကမ္ဘာဦး 11:9 - မြန်မာ့စံမီသမ္မာကျမ်း9 ထာဝရဘုရားသည် ထိုနေရာတွင် မြေကြီးသားအပေါင်းတို့၏ဘာသာစကားကို ရှုပ်ထွေးစေတော်မူ၏။ ထို့ကြောင့် ထိုမြို့၏အမည်ကို ဘေဘီလုံ ဟုခေါ်ကြ၏။ ထို့ပြင် ထာဝရဘုရားသည် သူတို့ကို ထိုအရပ်မှ မြေတစ်ပြင်လုံးသို့ ကွဲလွင့်စေတော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible9 ထာဝရဘုရားသည်လူသားအပေါင်းတို့ ၏ဘာသာစကားကိုရှုပ်ထွေးစေ၍ သူတို့ ကိုကမ္ဘာအရပ်ရပ်သို့ကွဲလွင့်စေတော်မူခဲ့ ခြင်းကြောင့် ထိုမြို့ကိုဗာဗုလုန်မြို့ဟူ၍ ခေါ်တွင်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible9 မြေ ပေါ် ရှိ လူ အ ပေါင်း တို့၏ ဘာ သာ စ ကား ကို ထာ၀ ရ ဘု ရား ရှုပ် ထွေး စေ တော် မူ သော ကြောင့် ၎င်း မြို့ သည် ဗာ ဗု လုန် မြို့ ဟူ ၍ တွင် သ တည်း။ သူ တို့ ကို လည်း ထို မြို့ မှ မြေ တစ် ပြင် လုံး၌ ကွဲ ပြား စေ တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible9 သို့ဖြစ်၍ ထိုမြို့၌ထာဝရဘုရားသည် မြေကြီးသားအပေါင်းတို့၏ စကားကိုရှုတ်ထွေး၍၊ သူတို့ကို မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသောကြောင့်၊ ထိုမြို့သည် ဗာဗုလုန်မြို့ဟူ၍တွင်သတည်း။ အခန်းကိုကြည့်ပါ။ |