ထိုအခါ ရှင်ဘုရင်က ထိုအမျိုးသမီးအား “ယခု ငါမေးမည့်မေးခွန်းများကို မထိမ်ဝှက်ဘဲဖြေပါ”ဟု မိန့်ဆိုလျှင် ထိုအမျိုးသမီးက “အရှင်မင်းကြီး အမိန့်ရှိတော်မူပါ”ဟု ပြန်လျှောက်၏။
၂ ရာ 14:17 - မြန်မာ့စံမီသမ္မာကျမ်း အရှင့်ကျွန်မက ‘ငါ့သခင် အရှင်မင်းကြီးသည် အကောင်းအဆိုးကိုခွဲခြားသိမြင်သော ဘုရားသခင်၏ကောင်းကင်တမန်နှင့်တူသောကြောင့် ငါ့သခင် အရှင်မင်းကြီးမိန့်သောစကားသည် စိတ်သက်သာရာရစေလိမ့်မည်’ဟု တွေးမိပါ၏။ အရှင်၏ဘုရားသခင် ထာဝရဘုရားသည် အရှင်နှင့်အတူရှိတော်မူပါစေသော”ဟု လျှောက်တင်လေ၏။ Common Language Bible အရှင်မင်းကြီးသည်ဘုရားသခင်၏ကောင်း ကင်တမန်ကဲ့သို့ ကောင်းမကောင်းကိုပိုင်းခြား သိမြင်တော်မူပါ၏။ သို့ဖြစ်၍ကျွန်တော်မ သည်အရှင်၏ကတိတော်အတိုင်း အသက် ချမ်းသာရာရလိမ့်မည်ဟုတစ်ကိုယ်တည်း ပြောဆိုနေမိပါ၏။ အရှင်၏ဘုရားသခင် ထာဝရဘုရားသည်အရှင်နှင့်အတူရှိ တော်မူပါစေသော'' ဟုလျှောက်၏။ Garrad Bible ကျွန် တော် မျိုး မ က လည်း၊ အ ရှင် မင်း မြတ် သည် အ ကောင်း အ ဆိုး ကို ပိုင်း ခြား ခွင့် ရ သော၊ ဘု ရား သ ခင့် စေ တ မန် တော် သ ဖွယ် ဖြစ် ပါ ၍ အ ရှင် မင်း မြတ်၏ အ မိန့် တော် ကြောင့် ချမ်း သာ ရ လိမ့် မည် ဟူ၍ အောက် မေ့ ပါ၏။ ကိုယ် တော်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ကိုယ် တော် နှင့် အ တူ ရှိ တော် မူ ပါ စေ သော ဟု တင် လျှောက် လေ ၏။ Judson Bible ကိုယ်တော် ကျွန်မကလည်း၊ ငါ့သခင်အရှင်မင်းကြီး၏ အမိန့်တော်ကြောင့် ချမ်းသာရမည်။ ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့ ငါ့သခင်အရှင်မင်းကြီးသည် ကောင်းမကောင်းကို ပိုင်းခြား၍ သိတော်မူ၏ဟု အောက်မေ့ပါ၏။ ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရားသည် ကိုယ်တော်နှင့်အတူ ရှိတော်မူလိမ့်မည်ဟု လျှောက်လေ၏။ |
ထိုအခါ ရှင်ဘုရင်က ထိုအမျိုးသမီးအား “ယခု ငါမေးမည့်မေးခွန်းများကို မထိမ်ဝှက်ဘဲဖြေပါ”ဟု မိန့်ဆိုလျှင် ထိုအမျိုးသမီးက “အရှင်မင်းကြီး အမိန့်ရှိတော်မူပါ”ဟု ပြန်လျှောက်၏။
အရှင့်အမှုထမ်းယွာဘက ဤသို့ပြုရခြင်းမှာ အခြေအနေကို ပြောင်းလဲစေလို၍ဖြစ်ပါ၏။ အကျွန်ုပ်၏သခင်သည် ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့ ဉာဏ်ပညာနှင့်ပြည့်စုံသူဖြစ်ပြီး မြေကြီးပေါ်ရှိအမှုခပ်သိမ်းကို သိနိုင်သူဖြစ်ပါ၏”ဟု ပြန်လည်လျှောက်တင်၏။
ထို့ပြင် အကျွန်ုပ်၏သခင် အရှင်မင်းကြီးထံ ကျွန်တော်မျိုးကို ကုန်းချောခဲ့ပါသေး၏။ အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ အရှင်သည် ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့ဖြစ်ပါသည်။ အရှင်အလိုရှိသည့်အတိုင်း ပြုတော်မူပါ။
အကျွန်ုပ်ဖခင်၏အိမ်သူအိမ်သားတို့သည် အကျွန်ုပ်သခင်အရှင်မင်းကြီးရှေ့၌ ဘာမျှမဟုတ်၊ သေလူများသာ ဖြစ်ပါသော်လည်း ကျွန်တော်မျိုးကို အရှင့်စားပွဲ၌ စားရသောသူတို့နှင့်အတူ နေရာပေးခဲ့ပါ၏။ သို့ဖြစ်၍ အကျွန်ုပ်သည် အရှင်မင်းကြီးထံ အဘယ်အရာတောင်းဆိုခွင့်ရှိဦးမည်နည်း”ဟု လျှောက်တင်လေ၏။
အစ္စရေးလူမျိုးအပေါင်းတို့သည် ထိုသို့ရှင်ဘုရင်စီရင်လိုက်သောအမှုကို ကြားသိရသောအခါ ရှင်ဘုရင်၏နှလုံးသားထဲတွင် ဘုရားသခင်၏ဉာဏ်ပညာတည်နေသောကြောင့်သာ ဤသို့စီရင်နိုင်ကြောင်းကို သိကြသောကြောင့် ရှင်ဘုရင်ကို ကြောက်ရွံ့ရိုသေကြလေ၏။
ဤများပြားလှသောကိုယ်တော်၏လူမျိုးတော်ကို မည်သူအုပ်ချုပ်နိုင်ပါမည်နည်း။ ထို့ကြောင့် ကိုယ်တော့်အစေအပါးအား ကိုယ်တော်၏လူမျိုးတော်ကို စီရင်အုပ်ချုပ်နိုင်ရန်နှင့် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ရန်အတွက် သိနားလည်နိုင်သောနှလုံးသားကို ပေးတော်မူပါ”ဟု တောင်းလျှောက်၏။
ငါ့လျှာ၌ မတရားမှုရှိသလော။ ငါ့ခံတွင်းသည် ပျက်စီးခြင်းကို မသိဘဲနေလိမ့်မည်လော။
ငွေကိုမိုက်ဖြင့်လည်းကောင်း၊ ရွှေကိုမီးပြင်းဖိုဖြင့်လည်းကောင်း စစ်ရ၏။ လူကိုကား သူခံရသောချီးမွမ်းစကားဖြင့် စစ်ရ၏။
မိမိ၏အိမ်နီးချင်းကိုမြှောက်ပင့်ပြောဆိုသောသူသည် မိမိခြေလှမ်းမည့်နေရာတွင် ပိုက်ကွန်ဖြန့်ထားသောသူဖြစ်၏။
မာသောအစာမူကား အကောင်းအဆိုးကိုပိုင်းခြား၍သိရှိနိုင်သောထိုးထွင်းဉာဏ်ကို အတွေ့အကြုံအားဖြင့်လေ့ကျင့်ထားသည့်စုံလင်ရင့်ကျက်သောသူများအတွက်ဖြစ်၏။
မောရှေ၏စကားကို အရာရာ၌နားထောင်သကဲ့သို့ သင်၏စကားကို အကျွန်ုပ်တို့ နားထောင်ပါမည်။ ဘုရားသခင်ထာဝရဘုရားသည် မောရှေနှင့်အတူ ရှိသကဲ့သို့ သင်နှင့်အတူ ရှိပါစေ။
အာခိတ်မင်းကြီးက ဒါဝိဒ်အား “သင်သည် ငါ့အဖို့ ဘုရားသခင်၏ကောင်းကင်တမန်တစ်ပါးကဲ့သို့ နှစ်သက်ဖွယ်ဖြစ်သည်ကို ငါသိ၏။ သို့သော် ဖိလိတ္တိတပ်မှူးတို့က ‘သူသည် ငါတို့နှင့်အတူ စစ်တိုက်မလိုက်ရ’ဟု ပြောကြပြီ။