၂ ရာ 19:27 - မြန်မာ့စံမီသမ္မာကျမ်း27 ထို့ပြင် အကျွန်ုပ်၏သခင် အရှင်မင်းကြီးထံ ကျွန်တော်မျိုးကို ကုန်းချောခဲ့ပါသေး၏။ အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ အရှင်သည် ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့ဖြစ်ပါသည်။ အရှင်အလိုရှိသည့်အတိုင်း ပြုတော်မူပါ။ အခန်းကိုကြည့်ပါ။Common Language Bible27 သူသည်အကျွန်ုပ်အကြောင်းကိုလည်းမင်း ကြီးအားလိမ်လည်လျှောက်ထားပါ၏။ သို့ ရာတွင်အရှင်သည်ထာဝရဘုရား၏ကောင်း ကင်တမန်ကဲ့သို့ဖြစ်သဖြင့် မိမိမှန်ကန် သည်ဟုအရှင်ထင်မြင်တော်မူသည့်အတိုင်း ပြုတော်မူပါ၏။- အခန်းကိုကြည့်ပါ။Garrad Bible27 ဘု ရင် မင်း မြတ် အ ထံ တော်၌ လည်း ကျွန် တော် မျိုး ကို ကုန်း ချော ပါ ပြီ။ အ ရှင် မင်း မြတ် သည် ဘု ရား သ ခင့် စေ တ မန် တော် ကဲ့ သို့ ဖြစ် ပါ၍ သ ဘော တော် မြတ် ရာ စီ ရင် တော် မူ ပါ။ အခန်းကိုကြည့်ပါ။Judson Bible27 အရှင်မင်းကြီးထံတော်၌ ကိုယ်တော်ကျွန်ကို ကုန်းတိုက်ပါပြီ။ သို့ရာတွင် အရှင်မင်းကြီးသည် ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့ ဖြစ်တော်မူ၏။ စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါ။ အခန်းကိုကြည့်ပါ။ |
အရှင့်ကျွန်မက ‘ငါ့သခင် အရှင်မင်းကြီးသည် အကောင်းအဆိုးကိုခွဲခြားသိမြင်သော ဘုရားသခင်၏ကောင်းကင်တမန်နှင့်တူသောကြောင့် ငါ့သခင် အရှင်မင်းကြီးမိန့်သောစကားသည် စိတ်သက်သာရာရစေလိမ့်မည်’ဟု တွေးမိပါ၏။ အရှင်၏ဘုရားသခင် ထာဝရဘုရားသည် အရှင်နှင့်အတူရှိတော်မူပါစေသော”ဟု လျှောက်တင်လေ၏။