ယောရှု 1:17 - မြန်မာ့စံမီသမ္မာကျမ်း17 မောရှေ၏စကားကို အရာရာ၌နားထောင်သကဲ့သို့ သင်၏စကားကို အကျွန်ုပ်တို့ နားထောင်ပါမည်။ ဘုရားသခင်ထာဝရဘုရားသည် မောရှေနှင့်အတူ ရှိသကဲ့သို့ သင်နှင့်အတူ ရှိပါစေ။ အခန်းကိုကြည့်ပါ။Common Language Bible17 မောရှေ၏စကားကိုနားထောင်သကဲ့သို့ ကိုယ်တော်၏စကားကိုနားထောင်ပါမည်။ ထာဝရအရှင်ဘုရားသခင်သည်မောရှေ နှင့်အတူရှိသကဲ့သို့ ကိုယ်တော်နှင့်အတူ ရှိတော်မူပါစေသော။- အခန်းကိုကြည့်ပါ။Garrad Bible17 စေ လွှတ် ရာ သို့ သွား ပါ မည်။ အ ရာ ရာ၌ မော ရှေ၏ မိန့် ချက် ကို နား ထောင် ခဲ့ သည့် နည်း တူ ကိုယ် တော့် မိန့် ချက် ကို လည်း နား ထောင် ပါ မည်။ ကိုယ် တော် ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ မော ရှေ နှင့် အ တူ ရှိ သ ကဲ့ သို့၊ ကိုယ် တော် နှင့် အ တူ ရှိ တော် မူ ပါ စေ သော။ အခန်းကိုကြည့်ပါ။Judson Bible17 အရာရာတို့၌ မောရှေ၏စကားကိုနားထောင်သည်နည်းတူ ကိုယ်တော်စကားကိုလည်း နားထောင်ပါမည်။ သို့ဖြစ်၍ ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် မောရှေနှင့်အတူရှိသကဲ့သို့ ကိုယ်တော်နှင့်အတူ ရှိတော်မူပါစေသော။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ဒါဝိဒ်မင်းကြီးက သားတော်ရှောလမုန်အား “အားယူ၍ရဲရင့်စွာ လုပ်ဆောင်လော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ ငါကိုးကွယ်သောဘုရားသခင်၊ ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏။ ထာဝရဘုရား၏အိမ်တော် ဆောက်လုပ်ခြင်းအမှုအလုံးစုံကို ပြီးစီးသည့်တိုင်အောင် သင့်ကို စွန့်ပစ်တော်မူမည်မဟုတ်။ သင့်ကို ပစ်ပယ်တော်မူမည်မဟုတ်။
အရှင့်ကျွန်မက ‘ငါ့သခင် အရှင်မင်းကြီးသည် အကောင်းအဆိုးကိုခွဲခြားသိမြင်သော ဘုရားသခင်၏ကောင်းကင်တမန်နှင့်တူသောကြောင့် ငါ့သခင် အရှင်မင်းကြီးမိန့်သောစကားသည် စိတ်သက်သာရာရစေလိမ့်မည်’ဟု တွေးမိပါ၏။ အရှင်၏ဘုရားသခင် ထာဝရဘုရားသည် အရှင်နှင့်အတူရှိတော်မူပါစေသော”ဟု လျှောက်တင်လေ၏။