၂ ရာ 14:18 - မြန်မာ့စံမီသမ္မာကျမ်း18 ထိုအခါ ရှင်ဘုရင်က ထိုအမျိုးသမီးအား “ယခု ငါမေးမည့်မေးခွန်းများကို မထိမ်ဝှက်ဘဲဖြေပါ”ဟု မိန့်ဆိုလျှင် ထိုအမျိုးသမီးက “အရှင်မင်းကြီး အမိန့်ရှိတော်မူပါ”ဟု ပြန်လျှောက်၏။ အခန်းကိုကြည့်ပါ။Common Language Bible18 မင်းကြီးက``သင့်အားမေးခွန်းတစ်ခုကိုငါ မေးမည်။ သင်သည်မှန်သည့်အတိုင်းပွင့်လင်း စွာဖြေကြားရမည်'' ဟုဆိုသော်၊ အမျိုးသမီးက``အရှင်မင်းကြီးမေးလိုရာ မေးတော်မူပါ'' ဟုလျှောက်၏။ အခန်းကိုကြည့်ပါ။Garrad Bible18 ထို အ ခါ ဘု ရင် မင်း က၊ ငါ မေး မြန်း သည် ကို မ ထိန် ချန် ပါ နှင့် ဟု မိန့် ဆို သော် အ ရှင် မင်း မြတ် မေး မြန်း တော် မူ ပါ ဟု မိန်း မ သံ တော် ဦး တင် လျှင် အခန်းကိုကြည့်ပါ။Judson Bible18 ထိုအခါ ရှင်ဘုရင်က၊ ငါမေးမြန်းသည်အမှုကို မထိမ်မဝှက်ပါနှင့် ဟုအမိန့်ရှိသော်၊ မိန်းမက အရှင်မင်းကြီးအမိန့်ရှိတော်မူပါဟု လျှောက်လေ၏။ အခန်းကိုကြည့်ပါ။ |
အရှင့်ကျွန်မက ‘ငါ့သခင် အရှင်မင်းကြီးသည် အကောင်းအဆိုးကိုခွဲခြားသိမြင်သော ဘုရားသခင်၏ကောင်းကင်တမန်နှင့်တူသောကြောင့် ငါ့သခင် အရှင်မင်းကြီးမိန့်သောစကားသည် စိတ်သက်သာရာရစေလိမ့်မည်’ဟု တွေးမိပါ၏။ အရှင်၏ဘုရားသခင် ထာဝရဘုရားသည် အရှင်နှင့်အတူရှိတော်မူပါစေသော”ဟု လျှောက်တင်လေ၏။
ရှင်ဘုရင်က “ဤအရာအလုံးစုံကား ယွာဘ၏လက်ချက်မဟုတ်လော”ဟု မေးတော်မူလျှင် ထိုအမျိုးသမီးက “အကျွန်ုပ်၏သခင် အရှင်မင်းကြီး အသက်ရှင်တော်မူသည်နှင့်အညီ အရှင်မင်းကြီးမိန့်တော်မူသောစကားသည် လက်ဝဲလက်ယာတိမ်းစောင်းခြင်းမရှိ မှန်ကန်ပါ၏။ စင်စစ် အရှင့်အမှုထမ်းယွာဘက အရှင့်ကျွန်မအား ဤစကားအလုံးစုံကိုပြောကြားရန် သင်ပေးပါ၏။