‘ငါ ဘေးကင်းစွာပြန်လာသည့်အချိန်ထိ ဤသူကို ထောင်ချထား၍ သူ့အား မသေရုံတမည်သာ မုန့်နှင့်ရေကို ပေးလော့’ဟူ၍ ရှင်ဘုရင်အမိန့်ပေးကြောင်းပြောကြားလော့”ဟု မိန့်ဆို၏။
၂ ကော 6:5 - မြန်မာ့စံမီသမ္မာကျမ်း ရိုက်နှက်ခံရခြင်း၌ဖြစ်စေ၊ အကျဉ်းချခံရခြင်း၌ဖြစ်စေ၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း၌ဖြစ်စေ၊ ကြိုးပမ်းအားထုတ်ခြင်း၌ဖြစ်စေ၊ အိပ်ရေးပျက်ခြင်း၌ဖြစ်စေ၊ အစာပြတ်လပ်ခြင်း၌ဖြစ်စေ၊ Common Language Bible ငါတို့သည်အရိုက်ခံခဲ့ရ၏။ ထောင်ကျခဲ့ ကြ၏။ လူတို့ရုန်းရင်းဆန်ခတ်ပြုလုပ်ခြင်း တို့ကိုခံကြရ၏။ ငါတို့မှာအလုပ်မှနား ခွင့်မရှိ။ အိပ်ရသည်စားရသည်ဟူ၍ပင်မရှိ။- Judson Bible အရိုက်အပုတ်ခံခြင်း၊ ထောင်ထဲ၌နေခြင်း၊ သူတစ်ပါး ရုန်းရင်းခတ်ပြုခြင်း၊ အမှုကိုလုပ်ဆောင်ခြင်း၊ မအိပ်ဘဲစောင့်နေခြင်း၊ မွတ်သိပ်ခြင်းကို အလွန်သည်းခံလျက်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ရိုက်နှက်ခံရခြင်း၊ ထောင်ကျခြင်း၊ ရုန်းရင်းဆန်ခတ်ပြုလုပ်ခံရခြင်း၊ အလုပ်ပင်ပန်းခြင်း၊ အိပ်ရေးပျက်ခြင်း၊ အစာပြတ်လပ်ခြင်းတို့ကို သည်းခံကြ၏။ |
‘ငါ ဘေးကင်းစွာပြန်လာသည့်အချိန်ထိ ဤသူကို ထောင်ချထား၍ သူ့အား မသေရုံတမည်သာ မုန့်နှင့်ရေကို ပေးလော့’ဟူ၍ ရှင်ဘုရင်အမိန့်ပေးကြောင်းပြောကြားလော့”ဟု မိန့်ဆို၏။
ထိုသို့ဆင့်ဆိုသောကြောင့် အာသမင်းကြီးသည် စိတ်အာရုံရသူကို အမျက်ထွက်လေ၏။ အမျက်ပြင်းစွာထွက်၍ သူ့ကို ထောင်ထဲ၌ထည့်ထားလေ၏။ ပြည်သားအချို့တို့ကိုလည်း ထိုအချိန်မှစ၍ အာသမင်းကြီးသည် ညှဉ်းဆဲလေ၏။
သူသည် ငါတို့ကျူးလွန်သောအပြစ်များအတွက် ထိုးဖောက်ခြင်းခံရ၏။ ငါတို့၏ဒုစရိုက်များအတွက် ချိုးဖဲ့ခြေမွှခြင်းခံရ၏။ ငါတို့အတွက် ငြိမ်းချမ်းခြင်းကိုဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်ကျရောက်၍ သူခံရသောဒဏ်ရာဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်ကင်းလျက်ရှိကြ၏။
ထောင်ဝင်းထဲ၌ ယေရမိချုပ်နှောင်ထားခြင်းခံနေရစဉ် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူ့ထံသို့ ဒုတိယအကြိမ်ရောက်လာ၍
ထို့ကြောင့် သူတို့သည် ယေရမိကိုခေါ်သွား၍ ထောင်ဝင်းအတွင်းရှိ ဘုရင့်သားတော်မာလခိယ၏ရေတွင်းထဲသို့ ကြိုးဖြင့်လျှောချကြ၏။ ရေတွင်းထဲတွင် ရေမရှိ၊ ရွှံ့သာရှိသဖြင့် ယေရမိသည် ရွှံ့ထဲနစ်လေ၏။
“အချင်းလူသား၊ ငါသည် သင့်ကို အစ္စရေးလူမျိုးတို့ကိုစောင့်ကြည့်သော ကင်းစောင့်အဖြစ် ခန့်ထားပြီ။ ငါပြောသောစကားကိုကြားတိုင်း သူတို့ကို ပြန်ပြောရမည်။
အကြောင်းမူကား ဟေရုဒ်သည် မိမိအစ်ကို ဖိလိပ္ပု၏ဇနီး ဟေရောဒိကိစ္စကြောင့် ယောဟန်ကို ဖမ်းဆီးချုပ်နှောင်၍ ထောင်ထဲ၌ချထားခဲ့၏။
ယေရှုကလည်း“သတို့သား၏ဆွေမျိုးမိတ်သင်္ဂဟများသည် သတို့သားနှင့်အတူရှိနေသရွေ့ ဝမ်းနည်းကြေကွဲနိုင်ကြမည်လော။ သို့သော် သတို့သားကို သူတို့ထံမှ ခေါ်ဆောင်သွားမည့်နေ့ရက်များ ရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
ထိုအခါ သူတို့သည် အစာရှောင်၍ ဆုတောင်းကြကာ ထိုသူနှစ်ဦးတို့အပေါ် လက်တင်ပြီးနောက် သူတို့ကိုစေလွှတ်လိုက်ကြ၏။
ထိုအခါ အန္တိအုတ်မြို့နှင့်ဣကောနိမြို့တို့မှ ဂျူးလူမျိုးတို့သည် ရောက်လာကြပြီး လူထုပရိသတ်များကိုစည်းရုံးကာ ပေါလုကိုခဲနှင့်ပေါက်၍ သူသေပြီဟုထင်မှတ်လျက် မြို့ပြင်သို့ဆွဲထုတ်ကြ၏။
အသင်းတော်တိုင်းတွင်လည်း သူတို့အတွက် အသင်းတော်အကြီးအကဲများကိုခန့်ထား၍ အစာရှောင်လျက် ဆုတောင်းကြကာ သူတို့ယုံကြည်သောသခင်ဘုရားထံသို့ သူတို့ကိုအပ်နှံကြ၏။
သို့ရာတွင် ဂျူးလူမျိုးတို့သည် မနာလိုကြသောကြောင့် လူဆိုးအချို့ကို ဈေးအရပ်မှ ခေါ်ယူစုဝေးစေပြီးလျှင် မြို့ကိုရုတ်ရုတ်သဲသဲဖြစ်စေကာ ယာသုန်၏အိမ်ကိုဝိုင်း၍ ပေါလုနှင့်သိလတို့ကို လူစုလူဝေးရှေ့သို့ ထုတ်ဆောင်ရန် ရှာဖွေကြ၏။
ထို့ကြောင့် ငါသည် သင်တို့တစ်ဦးစီကို သုံးနှစ်ပတ်လုံး နေ့ညမပြတ် မျက်ရည်ဖြင့် သတိပေးဆုံးမခဲ့သည်ကို အောက်မေ့လျက် သတိဝီရိယရှိကြလော့။
သဘောထားကွဲလွဲမှုပြင်းထန်လာ၍ သူတို့သည် ပေါလုအား အပိုင်းပိုင်းဆွဲဖြတ်ကြမည်ကို တပ်မှူးကြီးသည် စိုးရိမ်သဖြင့် စစ်သားများအား ဆင်းသွား၍ ပေါလုကို သူတို့ထံမှ အတင်းခေါ်ဆောင်လာပြီး စခန်းထဲသို့ခေါ်သွားရန် အမိန့်ပေးလေ၏။
“သင့်ကိုစွပ်စွဲသောသူများရောက်လာကြသောအခါ သင့်အမှုကို ငါကြားနာမည်”ဟု ဆိုလျက် ပေါလုကို ဟေရုဒ်မင်း၏ရုံးတော်တွင် စောင့်ကြပ်ထားရန် အမိန့်ပေးလေ၏။
နှစ်နှစ်ကြာပြီးနောက် ပေါကိဖေတ္တုမင်းသည် ဖေလဇ်မင်း၏အရိုက်အရာကို ဆက်ခံလေ၏။ ဖေလဇ်မင်းသည် ဂျူးလူမျိုးတို့အား ကျေးဇူးပြုလို၍ ပေါလုကိုအကျဉ်းချထားရစ်ခဲ့လေ၏။
ဂျေရုဆလင်မြို့တွင် ထိုအတိုင်းပြုခဲ့ပါသည်။ အကျွန်ုပ်သည် ယဇ်ပုရောဟိတ်အကြီးအကဲများထံမှ အခွင့်အာဏာကိုရရှိလျက် များစွာသောသန့်ရှင်းသူတို့ကို ထောင်ထဲ၌ပိတ်လှောင်ထားကာ သူတို့အသတ်ခံရသည့်အခါလည်း ထောက်ခံခဲ့ပါသည်။
ပေါလုကလည်း “တိုတောင်းသောအချိန်အတွင်းဖြစ်စေ၊ ကြာရှည်သောအချိန်အတွင်းဖြစ်စေ အရှင်မင်းကြီးသာမက ယနေ့ အကျွန်ုပ်၏စကားကိုနားထောင်သူအပေါင်းတို့သည်လည်း ဤချည်နှောင်ခြင်းမှတစ်ပါး အကျွန်ုပ်ကဲ့သို့ဖြစ်လာကြရန် ဘုရားသခင်ထံ အကျွန်ုပ်ဆုတောင်းပါသည်”ဟု လျှောက်လေ၏။
ထို့နောက် ပေါလုသည် နှစ်နှစ်ပတ်လုံး မိမိငှားရမ်းထားသည့်အိမ်၌နေ၍ မိမိထံသို့လာသောသူအပေါင်းတို့ကို ကြိုဆိုလျက်
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ယခု ငါဖြစ်သည့်အတိုင်း ငါဖြစ်၏။ ငါ့အပေါ်သက်ရောက်သော ကိုယ်တော်၏ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်သည်သာမက ငါသည် သူတို့အားလုံးထက် သာ၍ကြိုးစားလုပ်ဆောင်ခဲ့၏။ ထိုသို့ဆိုသော် ငါကမဟုတ်ဘဲ ငါနှင့်အတူရှိသော ဘုရားသခင်၏ကျေးဇူးတော်ကသာ လုပ်ဆောင်တော်မူခြင်းဖြစ်၏။
ငါတို့သည် ယခုအချိန်တိုင်အောင် ဆာလောင်မွတ်သိပ်လျက်၊ အဝတ်မဲ့လျက်၊ ထိုးနှက်ခြင်းခံရလျက်၊ အိမ်ရာမဲ့လျက်၊
သင်တို့သည် ဆုတောင်းခြင်းအတွက် အပြည့်အဝဆက်ကပ်နိုင်မည့်အကြောင်း ခေတ္တခဏခွဲခွာပြီးနောက် ပြန်၍ပေါင်းသင်းနေထိုင်ရန် နှစ်ဦးသဘောတူညီချက်ဖြင့်မဟုတ်လျှင် အချင်းချင်း၏ခံစားခွင့်ကို မပေးဘဲမနေကြနှင့်။ သို့မဟုတ်လျှင် စာတန်သည် သင်တို့၏ မိမိကိုယ်ကိုမချုပ်တည်းနိုင်မှုအပေါ် အခွင့်ကောင်းယူ၍ သင်တို့အား ဖြားယောင်းသွေးဆောင်လိမ့်မည်။
ကြိုးပမ်းအားထုတ်ခြင်းနှင့် ပင်ပန်းခက်ခဲခြင်း၊ မကြာခဏအိပ်ရေးပျက်ခြင်း၊ အစာငတ်ခြင်းနှင့် ရေငတ်ခြင်း၊ မကြာခဏ အစာပြတ်လပ်ခြင်း၊ ချမ်းအေးဒဏ်ခံရခြင်းနှင့် အဝတ်အချည်းစည်းနေရခြင်းတို့ကိုလည်း ကြုံတွေ့ခဲ့ရ၏။
ထိုအကြောင်းကြောင့် ငါပေါလုသည် သင်တို့လူမျိုးခြားများအတွက် ခရစ်တော်ယေရှုနှင့်ဆိုင်သောအကျဉ်းသားဖြစ်၏။
ထိုသူကို အချက်လေးဆယ်ထက် ပိုမရိုက်ရ။ ထို့ထက်ပိုရိုက်လျှင် သင့်အမျိုးသားချင်းသည် အရှက်ရလိမ့်မည်။
အကြောင်းမူကား ငါအချုပ်အနှောင်ခံရခြင်းသည် ခရစ်တော်အတွက်ဖြစ်ကြောင်း ဘုရင်ခံရုံးတော်တစ်ခုလုံးနှင့် အခြားသောသူအားလုံးတို့ရှေ့၌ ထင်ရှားလာ၍
ညီအစ်ကိုတို့၊ ငါတို့၏ကြိုးပမ်းအားထုတ်မှုနှင့်ပင်ပန်းခက်ခဲမှုတို့ကို သင်တို့မှတ်မိကြ၏။ ငါတို့သည် သင်တို့ထဲမှ မည်သူ့အပေါ်၌မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နေ့ရောညပါအလုပ်လုပ်လျက် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို သင်တို့အား ဟောပြောကြ၏။
ထို့ကြောင့် ငါတို့သည် ထိုအကျိုးအတွက် အားထုတ်လုပ်ဆောင်၍ ကြိုးစားကြ၏။ အကြောင်းမူကား လူအပေါင်းတို့၏ကယ်တင်ရှင်၊ အထူးသဖြင့် ယုံကြည်သူတို့၏ကယ်တင်ရှင်ဖြစ်သော အသက်ရှင်တော်မူသည့်ဘုရားသခင်ကို ငါတို့မျှော်လင့်အားထားကြ၏။
ထို့ကြောင့် ငါတို့၏သခင်ဘုရားအကြောင်း သက်သေခံသည်ကိုလည်းကောင်း၊ ငါသည် ကိုယ်တော်အတွက် အကျဉ်းသားဖြစ်သည်ကိုလည်းကောင်း ရှက်ကြောက်ခြင်းမရှိဘဲ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ကောင်းမြတ်သောသတင်းအတွက် ငါနှင့်အတူဆင်းရဲဒုက္ခကိုခံလော့။
ငါသည် ဤကောင်းမြတ်သောသတင်းအတွက် ရာဇဝတ်သားပမာ ချည်နှောင်ခြင်းခံရသည့်တိုင်အောင် ဆင်းရဲဒုက္ခကိုခံရ၏။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်သည် ချည်နှောင်ခြင်းခံရသည်မဟုတ်။
သင်မူကား အရာရာ၌ သမ္မာသတိရှိလော့။ ဆင်းရဲဒုက္ခကိုခံ၍ ကောင်းမြတ်သောသတင်းဟောပြောသူပြုရမည့်အမှုကို ပြုလော့။ သင်၏အမှုတော်လုပ်ငန်းကို အပြည့်အဝဆောင်ရွက်လော့။
အချို့သောသူတို့မူကား ကဲ့ရဲ့ခြင်း၊ ကြိမ်ဒဏ်ပေးခြင်းတို့ကိုခံရသည်သာမက ထောင်ထဲ၌ချုပ်နှောင်ထားခြင်းကိုလည်းခံခဲ့ကြရ၏။
သင်တို့၏ခေါင်းဆောင်များသည် ဖြေရှင်းချက်ပေးရမည့်သူအဖြစ် သင်တို့၏စိတ်ဝိညာဉ်အတွက် နိုးနိုးကြားကြားရှိနေကြသည်ဖြစ်၍ သူတို့သည် ညည်းတွားခြင်းမရှိဘဲ ဝမ်းမြောက်စွာဖြင့် ထိုအမှုကိုဆောင်ရွက်နိုင်ရန် သူတို့စကားကိုနားထောင်လျက် ကျိုးနွံနာခံကြလော့။ သို့မဟုတ်လျှင် သင်တို့အတွက် အကျိုးရှိလိမ့်မည်မဟုတ်။
ငါတို့ညီတိမောသေသည် လွတ်လာပြီဖြစ်ကြောင်း သင်တို့အားသိစေလိုပါ၏။ သူသည် အမြန်ရောက်လာလျှင် ငါသည် သူနှင့်အတူ သင်တို့ကိုလာတွေ့မည်။
သင်ခံစားရတော့မည့် ဒုက္ခဝေဒနာများကို မကြောက်နှင့်။ ကြည့်ရှုလော့။ သင်သည် စမ်းသပ်စစ်ဆေးခြင်းကိုခံရမည့်အကြောင်း မာရ်နတ်သည် သင်တို့အထဲမှ အချို့တို့ကို ထောင်ထဲ၌ထည့်ထားတော့မည်။ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ အသေခံရသည့်တိုင်အောင် သစ္စာစောင့်လော့။ သို့ပြုလျှင် အသက်သရဖူကို သင့်အား ငါပေးမည်။