Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 4:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ငါ​တို့​သည် ယခု​အချိန်​တိုင်အောင် ဆာလောင်​မွတ်သိပ်​လျက်၊ အဝတ်မဲ့​လျက်၊ ထိုးနှက်​ခြင်း​ခံရ​လျက်၊ အိမ်ရာမဲ့​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ယ​ခု​အ​ချိန်​အ​ထိ​ငါ​တို့​သည်​အ​စာ​ရေ စာ​ငတ်​မွတ်​လျက်​ရှိ​ကြ​၏။ အ​ဝတ်​အ​စား နွမ်း​ပါး​ကြ​၏။ ရိုက်​ပုတ်​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ကြ​ရ​၏။ အိမ်​ခြေ​ရာ​ခြေ​မဲ့​လှည့်​လည် ကြ​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ငါ တို့ သည် ယ ခု အ ချိန် နာ ရီ တိုင် အောင် စား ရာ မဲ့၊ သောက် ရာ မဲ့၊ ဝတ် ရာ မဲ့၊ နေ ရာ မဲ့ ဖြစ် လျက် ရိုက် ပုတ် ခံ ရ သည့် ပြင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ယ​ခု​တိုင်​အောင် အ​စား​အ​သောက်​ငတ်​မွတ်​ခြင်း၊ အ​ဝတ်​နွမ်း​ပါး​ခြင်း၊ ရိုက်​ပုတ်​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​ကြ၏။ နေ​ရာ​မ​ကျ​သော​သူ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ယခု​အချိန်​တိုင်အောင် ကျွန်ုပ်တို့​သည် အစာရေစာ​ငတ်ပြတ်​လျက်​ရှိကြ၏။ ဝတ်စရာ မလုံလောက်ကြ။ ရိုက်ပုတ်​ထိုးနှက်ခြင်း​ကို ခံရကြ၏။ အိမ်ခြေရာခြေ​မဲ့ လှည့်လည်​သွားလာကြရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 4:11
13 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ကိုယ့်​ညီအစ်ကို​တို့​၏​အပေါင်ပစ္စည်း​ကို​ပင် အကြောင်းမဲ့​သိမ်းယူ​၍ သူ​တို့​၏​အဝတ်​ကို ချွတ်ယူ​ကာ အဝတ်မပါ​အချည်းစည်း ရှိ​စေ​၏​။


ယေရှု​က​လည်း“မြေခွေး​တို့​၌ တွင်း​ရှိ​ကြ​၏။ မိုး​ကောင်းကင်​ငှက်​တို့​၌​လည်း အသိုက်​ရှိ​ကြ​၏။ လူ့​သား​၌​မူကား ခေါင်း​ချ​စရာ​နေရာ​မ​ရှိ”​ဟု မိန့်​တော်မူ​၏။


ထိုအခါ အန္တိအုတ်​မြို့​နှင့်​ဣကောနိ​မြို့​တို့​မှ ဂျူး​လူမျိုး​တို့​သည် ရောက်လာ​ကြ​ပြီး လူထု​ပရိသတ်​များ​ကို​စည်းရုံး​ကာ ပေါလု​ကို​ခဲ​နှင့်​ပေါက်​၍ သူ​သေ​ပြီ​ဟု​ထင်မှတ်​လျက် မြို့​ပြင်​သို့​ဆွဲထုတ်​ကြ​၏။


သူ​တို့​ကို အချက်​ပေါင်း​များစွာ​ရိုက်နှက်​စေ​ပြီးလျှင် ထောင်​ထဲ၌​ထည့်​ထား​ကာ သူ​တို့​ကို သေချာ​စွာ​စောင့်ကြပ်​ထား​ရန် ထောင်မှူး​အား အမိန့်​ပေး​ကြ​၏။


ထိုအခါ ယဇ်ပုရောဟိတ်​မင်း​အာနနိ​သည် သူ့​အနီး​၌​ရပ်​နေ​သော​သူ​တို့​အား သူ​၏​နှုတ်​ကို​ရိုက်​ကြ​ရန် အမိန့်​ပေး​၏။


မည်သူ​သည် ငါ​တို့​ကို ခရစ်တော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​နှင့် ကွဲကွာ​စေ​မည်နည်း။ ဆင်းရဲ​ဒုက္ခ၊ နာကျင်​ခြင်း​ဝေဒနာ၊ ညှဉ်းဆဲ​ခြင်း၊ ငတ်မွတ်​ခေါင်းပါး​ခြင်း၊ အဝတ်​အချည်းစည်း​ရှိ​ခြင်း၊ ဘေး​အန္တရာယ်​နှင့် ဓား​ဘေး​စသည်တို့​လော။


ငါ​တို့​တွင် စား​သောက်​ရ​သော​အခွင့်​မ​ရှိ​သလော။


တစ်စုံတစ်ယောက်​သည် သင်​တို့​ကို ကျွန်​ပြု​သည်​ဖြစ်စေ၊ အခွင့်ကောင်း​ယူ​သည်​ဖြစ်စေ၊ လုယူ​သည်​ဖြစ်စေ၊ အထင်အမြင်သေး​သည်​ဖြစ်စေ၊ ပါး​ရိုက်​သည်​ဖြစ်စေ သင်​တို့​သည် သည်းခံ​ကြ​၏။


ငါ​တို့​သည် အဘက်ဘက်​မှ​နှိပ်စက်​ခြင်း​ခံရ​သော်လည်း ချေမှုန်း​ခြင်း​မ​ခံရ။ တွေးမရ​ဖြစ်​သော်လည်း မျှော်လင့်​ချက်​ကင်းမဲ့​သည်​ဟူ၍​မ​ရှိ။


နှိမ့်ချ​ခံရ​ခြင်း​ကို​ငါ​သိ​၍ ကြွယ်ဝ​ခြင်း​ကို​လည်း​ငါ​သိ​၏။ ဝပြော​သည်​ဖြစ်စေ၊ ဆာလောင်​သည်​ဖြစ်စေ၊ ကြွယ်ဝ​ပြည့်စုံ​သည်​ဖြစ်စေ၊ ဆင်းရဲ​နွမ်းပါး​သည်​ဖြစ်စေ အခြေအနေ​တိုင်း​နှင့်​အရာရာ​တိုင်း​၌ နေ​တတ်​သည့်​လျှို့ဝှက်​ချက်​ကို ငါ​သင်ယူ​ခဲ့​ပြီ။


အန္တိအုတ်​မြို့၊ ဣကောနိ​မြို့​နှင့် လုတ္တရ​မြို့​တို့​တွင် ငါ့​အပေါ်​ကျရောက်​ခဲ့​သည့် ညှဉ်းဆဲ​ခြင်း​နှင့်​ဒုက္ခ​ဝေဒနာ​တို့​၌​လည်းကောင်း ထက်ကြပ်မကွာ​ပါရှိ​ခဲ့​၏။ ထိုကဲ့သို့သော ညှဉ်းဆဲ​ခြင်း​များ​ကို ငါ​ခံရ​သော်လည်း သခင်​ဘုရား​သည် ထို​အရာ​အလုံးစုံ​တို့​မှ ငါ့​ကို​ကယ်နုတ်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ